ပင်နယ်တီ လွဲခဲ့တဲ့ ရိုနယ်ဒို ကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ ဘိုနူချီ

sports

ယူဗင်တပ် အသင်း ခံစစ်မှုး လီယိုနာဒို ဘိုနူချီ ကတော့ ယမန်နေ့ ညက ပွဲ မှာ ပင်နယ်တီ လွဲချော် ခဲ့တဲ့ တိုက်စစ် မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဘက်ကနေ ကာကွယ် ပြောဆို ပေးသွားခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ အိမ်ကွင်း မှာ အေစီ မီလန် အသင်း နဲ့ ကိုပါ အီတလီယာ ဖလား ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ ကို ယှဉ်ပြိုင် ကစား ခဲ့တာ ဖြစ်ပြီး ဂိုး မရှိ သရေ ရလဒ် ထွက်ပေါ် ကာ ပထမ အကျော့ က ၁-၁ သရေ ပွဲကြောင့် အဝေးဂိုး စည်းမျဉ်း နဲ့ ဗိုလ်လုပွဲ ကို တက်ရောက် သွားနိုင် ခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ ပွဲချိန် အတွင်း မှာ ပင်နယ်တီ ရရှိ ခဲ့ပြီး တိုက်စစ်မှုး ရိုနယ်ဒို က ကန်သွင်း ခဲ့ ပေမယ့် တိုင်ထိ ထွက်ခဲ့ ပြီး ဦးဆောင် နိုင်မယ့် အခွင့် အရေး ကို လွဲချော် ခဲ့ရ ပါတယ် ။ ဒီပွဲ ဟာ ကပ်ရောဂါ ဘေးကြောင့် ၂ လ ကျော် လောက် ရပ်နား ထားရ အပြီး ပြန်လည် စတင်တဲ့ ပွဲ ဖြစ်ကာ ပရိသတ် မပါဘဲ ကစားခဲ့ ကြရပါတယ် ။

ပွဲချိန် ဒုတိယပိုင်း မှာ အေစီ မီလန် ဧရိယာ အတွင်း ရိုနယ်ဒို ဘောလုံး ရယူ ချိန် မှာ မီလန် ကစား သမား တစ်ဦး ရဲ့ လက်နဲ့ ထိမိ ခဲ့တာ ကို VAR ဆုံးဖြတ်ချက် နဲ့ ပင်နယ်တီ သတ်မှတ် ပေးခဲ့တာ ပဲ ဖြစ်ပါတယ် ။ အဆိုပါ ပင်နယ်တီ ကို ရိုနယ်ဒို ကန်သွင်းခဲ့ ပေမယ့် ဂိုးသမားရဲ့ ညာဘက် ဂိုးတိုင်ခြေ ကို ထိမှန်ပြီး ပြန်ထွက် သွားခဲ့ ရပါတယ် ။

ယူဗင်တပ် ဟာ အဆိုပါ ပင်နယ်တီ အပါ အဝင် ဂိုးသွင်းခွင့် ကောင်း အချို့ ကို ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ ပေမယ့် ပထမ အကျော့ က အဝေးဂိုး ရလဒ် ကြောင့် ဗိုလ်လုပွဲ ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။ ယူဗင်တပ် ခံစစ်မှုး ဘိုနူချီ ကတော့ ရိုနယ်ဒို ဘက်ကနေ ကာကွယ် ပြောဆို ပေးခဲ့ပြီး တိုက်စစ်မှုးကြီး အတွက် ကံ မကောင်းခဲ့ဘူး လို့ ဆိုသွား ခဲ့ ပါတယ် ။

“ကမ္ဘာကျော် တွေလည်း ပင်နယ်တီ လွဲတတ် တာပါပဲ ။ ရိုနယ်ဒို ဟာ ကျွန်တော်တို့ အတွက် အမြဲတမ်း အရေးပါ နေတဲ့ ကစား သမားပါ ။ သူက ပြိုင်ဘက်တွေ အတွက် ဖိအား အကြီးကြီး ဖြစ်စေ တတ်ပြီး အမှားတွေ လုပ်စေ တတ်ပါတယ်”

“ဒီနေ့ ကတော့ သူ့အတွက် ကံမကောင်း ဘူးလို့ ပြောရမှာပါ ။ ဒွန်နာ ရမ်မာ ( အေစီဂိုး သမား ) ကလည်း အရမ်း ကောင်းခဲ့ ပါတယ် ။ အကြာကြီး နားထားပြီး မှ ပြန်ကစား ကြတာမို့ လူတိုင်း ပုံစံ မမိ ကြသေးပါဘူး ။ မကြာခင် မှာ ခြေစွမ်း ကောင်းတဲ့ ယူဗင်တပ် နဲ့ ရိုနယ်ဒို တို့ကို ပြန်မြင် ရမယ်လို့ ယုံကြည် ပါတယ်” လို့ ဘိုနူချီ က ပွဲ အပြီးမှာ Rai Sport ကို ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် နည်းပြကြီး ဆာရီ ကလည်း ရိုနယ်ဒို ဟာ ပင်နယ်တီ လွဲချော်လေ့ ရှိတဲ့ ကစား သမား မျိုး မဟုတ်ကြောင်း နဲ့ ဒီ ကိစ္စ အပေါ် ဘယ်လို စိတ်စနိုး စနှောင့် ဖြစ်မှု မှမရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ ဗိုလ်လုပွဲ မှာ နာပိုလီ – အင်တာ မီလန် ပွဲစဉ် က အနိုင် ရရှိ လာမယ့် အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ် ပါတယ် ။

ရိုနယ်ဒို ကတော့ စီးရီးအေ ပထမ နှစ် တုန်းက လွဲချော် ခဲ့ရတဲ့ ကိုပါ အီတလီယာ ဖလား ကို ရယူ ဖို့ အတွက် ဗိုလ်လုပွဲ ကို တက်ရောက် သွားနိုင်ခဲ့ ပါပြီ ။ အကယ်၍ ဒီ ပြိုင်ပွဲမှာသာ ဗိုလ်စွဲခဲ့ ပါက ပေါ်တူဂီ သားကြီးဟာ အင်္ဂလန် ၊ စပိန် နဲ့ အီတလီ လိဂ် ၃ ခု မှာ အမှတ်ပေး ဖလား နဲ့ ရှုံးထွက် ဖလားတွေကို ရယူနိုင်တဲ့ သူ အဖြစ် မှတ်တမ်း တင်ရှိ နိုင်မှာပဲ ဖြစ် ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *