ဗန်ဒိုက်ကို ပင်နယ်တီမကန်ခင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တဲ့ မာတီနက်ဇ်

ပြီးခဲ့တဲ့ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ဂန်းနားတို့ရဲ့ဂိုးပေါက်ကို အမြဲသတိရှိရှိ စောင့်ကြပ်ခဲ့တဲ့ မာတီနက်ဇ်ကတော့ ပင်နယ်တီမကန်ခင် လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ကို စိတ်ဆွပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ့နေ့ကပွဲမှာ အာဆင်နယ်တို့ဟာ လီဗာပူးကို ပင်နယ်တီမှာ ငါးဂိုးလေးဂိုးနဲ့ အနိုင်ရရှိပြီး ကွန်မြူနတီဒိုင်းကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဝင်ဘလေကွင်းကြီးထဲမှာ ပွဲချိန်မိနစ်ကိုးဆယ်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ခံယူဖို့ ဖြစ်လာပါတော့တယ်။ နှစ်ဖက်သောအသင်းခေါင်းဆောင်တွေ ဖြစ်တဲ့ အူဘာမီယံနဲ့ ဗန်ဒိုက်တို့ ဟာ ဘယ်အသင်းကပင်နယ်တီ …

ဒီလူစာရင်းနဲ့ မအောင်မြင်ရင် နည်းပြနေရာအတွက် ရင်လေးရမယ့်လမ်းပတ်

ချယ်ဆီးအသင်းကစားသမားဟောင်း ကတ်စ်ကာရီနိုက အသင်းပိုင်ရှင် အေဗရာမိုဗစ်ဟာပိုကောင်းတဲ့ အလားအလာတွေကို လိုချင်နေပြီး နောင်နှစ်မှာ လမ်းပတ်အနေနဲ့ သူ့အလိုအတိုင်းမစွမ်းဆောင်နိုင်ရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ သတိပေးသွားခဲ့ပါတယ်။ ယခုလက်ရှိချယ်လ်ဆီးနည်းပြ လမ်းပတ်က စတမ်းဖို့ဘရစ်မှာ သူရဲ့ ဒုတိယရာသီကို မကြာခင်မှာ စတင်ကိုင်တွယ် ရတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တိုနီကတ်စ်ကာရီနိုက “သူတို့ နောက်ရာသီမှာ ဆယ့်ခုနစ်ပွဲလောက်ရှုံးကြည့်ပါလား ။ နည်းပြနေရာမှာ နောက်တစ်ယောက်ဖြစ်ပြီလို့” ပြောကြားခဲ့ပါတယ်။ …

ဒဏ်ရာ ရသွားတဲ့ ရပ်ဖို့၊အခွင့်ကောင်း ရတဲ့ ဂရီရယ်လစ် နဲ့ အပြောင်းရွှေ့ သတင်းများ

၁။ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုတွေ အကောင်းဆုံး ပြုလုပ်ထားတဲ့ ချဲဆီး အသင်းဟာ အင်တာမီလန် အသင်းအလိုရှိနေတဲ့ ကန်တီ အတွက် ပေါင်သန်း ၈၀ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ၂။ အာဆင်နယ် အသင်းရဲ့ ရိုမေးနီးယား ကွင်းလယ်လူ မီခီတာယန်းတယောက် အသင်းနဲ့ စာချုပ် ၂ ဦးသဘောတူ ဖျက်သိမ်းပြီး ရိုးမားအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ပြောင်းရွှေ့ရောက်ရှိသွားပြီလို့ …

နောက်ထပ် ကစားသမား ၃ ယောက် ထပ်ခေါ်မယ့် ယူနိုက်တက် နဲ့ အပြောင်းရွှေ့ နောက်ဆုံးရ သတင်းများ

၁။ ပြီးခဲ့တဲ့ ရာသီ ဥရောပ ရွှေဖိနပ်ဆုရှင် အင်မိုဘီလီ တယောက် လာဇီယိုအသင်းနဲ့ ၂၀၂၅ ထိ စာချုပ်သက်တမ်း တိုးခဲ့တယ်လို့ သိရပြီး တရာသီ လစာ ပေါင် ၄ သန်း + ဘောနပ် ခံစားခွင့်တွေ ရရှိမယ်လို့ သိရပါတယ်။ ၂။ ဘာစီလိုနာ အသင်းကတော့ ပြုပြင်ပြောင်းလဲမှုတွေ စတင် လုပ်ဆောင်နေပါပြီ။ အသင်းရဲ့ …

ယူနိုက်တက် အတွက် အရေးပါဆုံး ကစားသမားက ဘရူနိုလား၊ မာရှယ်လား။

ယူနိုက်တက်တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ ၂၀၁၉-၂၀၂၀ ခုနှစ်ဘောလုံးရာသီမှာ အသင်းရဲ့တနှစ်တာအကောင်းဆုံး ကစားသမားဆုရဖို့အတွက် ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ထက်ပင် ပိုမိုထိုက်တန်ကြောင်း ဝက်စ်ဘရောင်းက ပြောလိုက်ပါတယ်။ သရဲနီတို့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အသင်းအတွက် အမှန်တကယ်အကျိုးရှိစေမယ့် ကစားသမားခေါ်ယူမှုတခုအဖြစ် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာချိန်မှစပြီး အင်္ဂလန်မြေမှာ အလျှင်အမြန်အသားကျခဲ့သလို နည်းပြအိုလီဂန်နာဆိုးလ်ရှားအတွက် မရှိမဖြစ်ကစားသမားတဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ယူနိုက်တက်အသင်းရဲ့ အသင်းလိုက်ကစားပုံ ပိုမိုကောင်းမွန်လာခဲ့သလို၊ …

ဗန်ဒီဘိခ်သာ ရောက်ရှိလာပါက မန်ချက်စတာယူနိုက်တက်ရဲ့ ဖြစ်နိုင်ဖွယ်ကစားကွက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်အသင်းမှ ဒွန်နီဗန်ဒီဘိခ်ကို ဒီနွေရာသီအပြောင်းအရွေ့မှာ သေချာပေါက်ရဖို့ ကြိုးစားနေပြီး ဒီကစားသမားနဲ့ ဆိုးရှားအသင်းရဲ့ကွင်းလယ်ကို အားဖြည့်တင်းဖို့ အလိုရှိနေပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးရှားကတော့ ရာသီပြီးဆုံးကတည်းက အခုအချိန်အထိ ကစားသမားတစ်ယောက်မှ မခေါ်ယူရသေးပါဘူး။ ဆန်ချို၊ ဂျက်ဂရီရယ်လစ်တို့အပါအဝင် ကစားသမားအမြောက်အများကို ချိတ်ဆက်ခဲ့ပေမဲ့ အကောင်အထည်မဖော်နိုင်ခဲ့တာပါ။ ဗန်ဒီဘိခ်ကိုတော့ ပြီးခဲ့တဲ့ကာလတွေမှာ ရီးရဲလ်မက်ဒရစ်အသင်းက ချိတ်ဆက်နေခဲ့ပြီး ဘာစီလိုနာ အသင်းကလည်း ဒီနယ်သာလန်သားကို စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့လည်း …

ပြိုင်ဘက်တွေထက် နှာတဖျားသာနေတဲ့ ဒီဘရိုင်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူပါ – ဇာဗီ

ဘာစီလိုနာရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားကြီး ဇာဗီကတော့ လက်ရှိအချိန်မှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ တခြားသောကွင်းလယ်ကစားသမားတွေထက် အဆင့်တဆင့်မြင့်နေတဲ့ ကစားသမားလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒီဘရိုင်းဟာ ၂၀၁၅ခုနှစ်မှာ ဝုဖ်ဘတ်အသင်းကနေ မန်စီးတီးအသင်းကို ပေါင် ၅၅သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာကတည်းကနေ လက်ရှိအချိန်ထိ အတည်ငြိမ်ဆုံးခြေစွမ်းကို ပြသထားနိုင်အောင် သူ့ကိုယ်သူအကောင်းဆုံးတည်ဆောက်ထားနိုင်တဲ့ ကွင်းလယ်လူပါ။ ဒီ ၂၉နှစ်သားဟာ မန်စီးတီးအသင်းအတွက် ၂၂၂ပွဲ ပါဝင်ကစားထားခဲ့ပြီး ၅၇ဂိုး သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှုပေါင်း …

၅ပွဲ၊၆ပွဲ ဆက်တိုက်နိုင်ပြီး တစ်ပွဲအမှတ်လျော့တဲ့ ပုံစံမျိုးနဲ့ သွားနိုင်ရင် ချန်ပီယံ ဖြစ်မယ်ဆိုတဲ့ မာတစ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်က ယူနိုက်တက်အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ကျရှုံးမှုအတွက် ဆင်ခြေတွေပေးနေမှာမဟုတ်ပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဖာဂူဆန်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၃ခုနှစ်နောက်ပိုင်း အမှတ်ပေးဖလားမရရှိခဲ့တာ ကြာပါပြီ။ ဒေးဗစ်မိုယက်၊ ဗန်ဂေါ၊ မော်ရင်ဟိုစတဲ့ နည်းပြတွေ ကြားကာလတစ်လျှောက် တာဝန်ယူ ကိုင်တွယ်ခဲ့ပေမဲ့လည်း အခုအချိန်ထိ ပရီးမီးယားလိဂ်မှာ တစ်ကျော့ပြန်ဗိုလ်ဝင်ခံဖို့ မနီးစပ်သေးပါဘူး။ ၂၀၁၈ခုနှစ်မှာ မော်ရင်ဟိုကိုထုတ်ပယ်ပြီး လက်ရှိနည်းပြဆိုးရှားကို ယူနိုက်တက်ရဲ့ …

ဆုဖလားတွေ ထပ်မံရရှိခဲ့ပေမဲ့ အာဆင်နယ်နဲ့ အနာဂတ် သေချာမှုတွေ မရှိသေးတဲ့ အူဘာမီယန်

မနေ့ညက ကစားခဲ့တဲ့ ကွန်မြူနတီ ဒိုင်းလုပွဲမှာ အာဆင်နယ် အသင်းဟာ လီဗာပူးလ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပြီး ဗိုလ်စွဲနိုင် ခဲ့ပါတယ်။ အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီယန်ဟာပွဲချိန်အတွင်း သွင်းဂိုး ၁ ဂိုး သွင်းယူပေး နိုင်ခဲ့တဲ့အပြင် အဆုံးအဖြတ် ပင်နယ်တီကိုလည်း သွင်းယူပေး နိုင်ခဲ့ပါတယ်။ အူဘာမီယန်ဟာ လက်ရှိအချိန်အထိ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မလုပ်ဆောင် …

ဆရာသမားဟောင်းဂွါဒီယိုလာရှိရာ မန်စီးတီးသို့ပြောင်းဖို့သေချာသွားတဲ့ မက်ဆီ

ပီအက်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရတာပါ။ လစ်ဘွန်မြို့မှာ ကျင်းပြုလုပ်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ၁ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် ပီအက်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမား နေမာဟာ ဝမ်းနည်းငိုကြွေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမား ကိုးမန်းဟာ အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၀မိနစ်မှာ ကင်မစ်ခ်ျရဲ့ ဖြတ်တင်ဘောကနေ လှလှပပသွင်းယူခဲ့တာပါ။ နေမာအနေနဲ့ ချေပဂိုးရနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာထင်ခဲ့ခြင်းမရှိခဲ့ဘဲ …