နေမာ အမ်ဘာပေး နဲ့ တူချယ်ဘာတွေ မှားခဲ့လဲ?

မန်ယူနိုက်တဒ် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ကွင်းလယ်က ဗာရက်တီ နဲ့ တိုက်စစ်မှုးအိုင်ကာဒီ မပါဝင်တာကို အကြောင်းပြနိုင်ပေမယ့် တူချယ်အတွက်တော့ နေမာ နဲ့ အမ်ဘာပေး တို့ပါနေတဲ့ အနေထားမှာ အကြောင်းပြချက်ပေးဖို့ လုံလောက်တဲ့အနေထားမှာ မရှိပါဘူး။ ပီအက်စ်ဂျီ ပိုင်ရှင်ကသာ စိတ်ဆတ်သူဆိုရင် အထုတ်ခံလိုက်ရနိုင်သလို ထုချေလွှာရေးတင်ရဖွယ်အထိ ဖြစ်သွားနိုင်ပါတယ်။ ရှုံးပွဲရဲ့အားနည်းချက်ကတော့ ပွဲကြိုအစီစဉ် ဖြစ်ပြီး ပွဲတွင်း စီမံကွပ်ကဲမှု့ …

ဘိုင်ယန်ကို ဘာကာနဲ့ ဂိုးပြတ်ရှုံးပြီးမကြာခင် အေတီကိုနဲ့ပါ ထပ်ရှုံးခဲ့ပြန်တဲ့ ဆွာရက်ဇ်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဒုတိယနေ့ရဲ့ ပွဲစဉ်တွေမှာတော့ ဘိုင်ယန်မြူးနစ်က အက်သလက်တီကိုမက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိိခဲ့တာဖြစ်ပြီး ဘိုင်ယန်က အုပ်စုတွင်းမှာ အဓိကပြိုင်ဘက်ဖြစ်နေတဲ့ အေတီကိုကို အခုကတည်းက ပြတ်ပြတ်သားသားချေမှုန်းထားခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းမှာ နာဘရီမပါဝင်ခဲ့ပေမယ့် ကျန်ကစားသမားတွေ အစုံအလင်ပါဝင်ခဲ့့ပြိးတော့ အိမ်ကွင်းမှာ ဂိုးမြူးခဲ့တာပါ။ ကိုးမန်းက အဖွင့်ဂိုးနဲ့ အပိတ်ဂိုးသွင်းယူခဲ့ပြီး တိုလစ်ဆို နဲ့ ဂေါ်ရက်ဇ်ကာတို့က တစ်ဂိုးစီသွင်းယူခဲ့ကြကာ အေတီကိုအနေနဲ့ …

ဆက်တိုက်ရှုံးပွဲတွေနဲ့ မဟာအရှက်တွေဗြန်းဗြန်းကွဲခဲ့ရတဲ့ ချန်ပီယံလိဂ်ဘုရင်ကြီး

အိမ်ကွင်းမှာပဲ ရှက်တာဒိုးနတ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သုံးပွဲဆက်တိုက်အရေးနိမ့်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ၁၅ နှစ်အတွင်းမှာ ပထမပိုင်းကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တာလည်းက အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလို့ သိရပါတယ်။လာလီဂါချန်ပီယံဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ကာဒစ်နဲ့ လာလီဂါပွဲကိုလည်း အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ရပါတယ်။ ရှက်တာဒိုးနတ်ကိုလည်း ပထမပိုင်းမှာ ၃ ဂိုးအထိ ပေးခဲ့ရပြီး …

လှူပြီးရင်းလှူနေတဲ့ နေမ၀င်အလှူရှင် ခေတ်သစ်အနာထပိဏ်သူဌေးကြီး ဦးဇော်ဇော်

လှူပြီးရင်းလှူနေတဲ့ နေမ၀င်အလှူရှင် ခေတ်သစ်အနာထပိဏ်သူဌေးကြီး ဦးဇော်ဇော် ဧရာဝတီဖောင်ဒေးရှင်းနှင့် Max myanmarမိသားစုမှကိုဗစ် ကာကွယ်ကုသ ထိန်းချုပ်ရေးတို့အတွက် အမေရိကန်ဒေါ်လာ ၂သန်း ထပ်မံလှူဒါန်းလိုက်ပြန်ပါပြီ။ သူတော်ကောင်း အစိုးရနှင့် သူတော်ကောင်း သူဌေးတို့ ကြံတိုင်း အောင်၍ ဆောင်တိုင်း မြောက်ကြပါစေ။ကိုဗစ်ကပ်ဆိုးကြီးကိုအမြန်ဆုံး တိုက်ထုတ်နိုင်ပါစေ။via…ဧရာဝတီဖောင်ဒေးရှင်း

ပေါ့ဂ်ဘာသွင်းပေးထားတဲ့ ဆိုက်ကိုကြောင့် ရက်ရှ်ဖို့ဒ်ကို ကြောက်ရွံ့နေတဲ့ ဘတ်ပီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီဟာ ထူးခြားတဲ့မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး ပေါ့ဂ်ဘာက အဆက်အပြတ် စိတ်အားထက်သန်စွာ ချီးမွမ်းခန်းဖွင့်ခဲ့တဲ့အတွက် ရက်ရှ်ဖို့ဒ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို စိုးရိမ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ပီအက်စ်ဂျီအသင်းအိမ်ကွင်းမှာ ၎င်းတို့ရဲ့ ထင်ရှားကျော်ကြားတဲ့ ၁၆ သင်းရှုံးထွက်နိုင်ပွဲပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်လာရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က ပီအက်စ်ဂျီအသင်းကို ၃-၁ နဲ့ အနိုင်ရရှိစေမယ့် ပင်နယ်တီပြစ်ဒဏ်ဘောကနေတဆင့် ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပထမအကျော့က အိုးထရက်ဖို့ဒ်မှာ …

ဂျူဗီမှာ အဆင်မပြေဖြစ်နေတဲ့ ဒိုင်ဘာလာကို ယူနိုက်တက် စောင့်ကြည့်နေ

ယူဗင်းတပ်စ် အသင်းနဲ့ပေါ်လိုဒိုင်ဘာလား ကြားမှာ သဘောထားကွဲလွဲမှု့တွေရှိလာပြီး အီတလီကလပ်ဖက်က သူတို့ရဲ့နံပတ်(၁၀) ကို ရောင်းချဖို့စီစဉ်နေတယ်လို့အီတလီကသတင်း‌တွေက ဆိုပါတယ်။ ဒိုင်ဘာလားကို လက်ရှိမှာ ချဲလ်ဆီး အသင်းက ချိတ်ဆက်နေတယ်လို့ သတင်းထွက်ပေမယ့် ဒီရာသီမှာ တိုက်စစ်တစ်ခုတည်းကိုသန်းဘ(၂၀၀) သုံးထားတဲ့ လမ်းပတ်အနေနဲ့ နောက်တစ်ရာသီမှာလည်းတိုက်စစ်ကိုပဲ ယူရိုသန်း ရာချီသုံးဖို့က ပြသနာရှိနိုင်သလို ချဲလ်ဆီးရဲ့ အဓိကခေါ်ယူမှု့က ဒီကလန်ရိုက်စ်နဲ့ ခံစစ် ပိုင်းအတွက် သာ ဖြစ်ဖို့များနေလို့ …

ဘတ်ပီကိုအိတ်ကပ်ထဲထည့်ခဲ့တယ်လို့ ချီးကျူးခံနေရတဲ့ တွန်ဇီဘီ

ပီအက်စ်ဂျီကို အဝေးကွင်းမှာအနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခြေစွမ်းကတော့ တော်တော်လေးကိုအံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဂိုးပြတ်အရေးနိမ့်မယ်လို့တောင်မှ ထင်ကြေးပေးခံနေခဲ့ရပြီး တကယ်တမ်းကစားချိန်မှာတော့ ယူနိုက်တက်အသင်းဂိုးပေါက်ကို ပီအက်စ်ဂျီကစားသမားတွေ ဂိုးလုံးဝမသွင်းနိုင်ခဲ့ဘဲ ဒီဂီယာလက်စွမ်းပြခဲ့ကာ မာရှယ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့်သာ ဂိုးရသွားခဲ့ပါတယ်။ဘတ်ပီ၊ နေမာနဲ့ ဒီမာရီယာတို့က ပီအက်စ်ဂျီတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး အပိုင်ကန်သွင်းမှုတွေပြုလုပ်ခဲ့ပေမယ့် ဒီဂီယာက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘတ်ပီဟာ ယူနိုက်တက်နောက်ခံလူတွေဖြစ်တဲ့ တွန်ဇီဘီ နဲ့ ဘစ်စ်ကာတို့ရဲ့ နှစ်ယောက်ညှပ်ပိ်တ်ဆို့မှုတွေကို …

အဓိကကစားသမားမပါဘဲ ယူနိုက်တက်ကို ရင်ဆိုင်ရမှာ စိုးရိမ်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ အင်္ဂါနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်မီ မာကွင်ဟို့စ် အချိန်မီ ဒဏ်ရာကနေ ပြန်လည်သက်သာလာလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး သောကြာနေ့ညက နိုင်းမ်စ်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ မာကွင်ဟို့စ်ရဲ့ ပြန်လည်ကြံ့ခိုင်ရေးလုပ်ငန်းတွေဟာ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်နေခဲ့တာဖြစ်ပြီး လျင်လျင်မြန်မြန်နဲ့ ပြန်လည်သက်သာလာနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း …

ဂျူဗီရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးနဲ့ ပြသနာတက်ခဲ့တဲ့ ဒိုင်ဘာလာ

ယူဗင်းတပ်စ် အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်တဲ့ ပေါ်လိုဒိုင်ဘာလား က ယမန်နေ့ညက တစ်ဂိုးစီသရေကျခဲ့တဲ့ ဆီးရီအေ ပွဲစဉ်မှာ ပွဲထွက်ခွင့်မရသလို ပါဝင်ခွင့်မရခဲ့တာကြောင့် ဥမင်လျှောက်လမ်းမှာ အသင်းအမှု့ဆောင်ချုပ် ပါရာတာစီ ကို မေးခွန်းထုတ်ရာကအချင်းများခဲ့တယ်လို့ tutusport ကိုးကားပြီး Mailက ပြန်လည်ဖော်ပြခဲ့ပါတယ်။ ယူဗင်းတပ်စ်အတွက် ထိပ်သီးကစားသမားအဖြစ် ခြောက်ရာသီနီးပါး ရပ်တည်လာခဲ့ပေမယ့် ဒိုင်ဘာလားကိုနည်းပြ သစ် ပီယာလို ကတော့အကြိုက်မတွေ့လှပဲ …

ရော်နယ်ဒိုကို နာကျင်အောင်ဖျက်ထုတ်ခဲ့လို့ လူစာရင်းက ဖယ်ခံခဲ့ရဖူးတဲ့ ရီးရဲလ်ခံစစ်မှူး

ရီးရဲလ်မက်ဒရစ် အသင်းဟာ ရော်နယ်ဒိုရှိစဉ်က ပေါ်တူဂီစတားအပေါ် အလွန်အကျွံ ဂရုစိုက်ခဲ့သလို ဇီဒန်း ရဲ့ လွန်ကျူးတဲ့ ကာကွယ်ပေးမှု့ကအသင်းရဲ့ လူငယ်ကစားသမားအချို့ကိုပါ ထိခိုက်စေခဲ့တယ်လို့ မာကာ က ဖော်ပြလာပါတယ်။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်မှီ ပြုလုပ်တဲ့လေ့ကျင့်ခန်းမှာ လူငယ်ကစားသမားတွေကို ခေါ်ယူလေ့ကျင့်စေခဲ့ပြီး ထိုစဉ်က ဆယ်ကျော်သက်အရွယ် ခံစစ်မှုး ဟာနန်ဒို လည်းပါဝင်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ် ရဲ့ …