တူရကီမှာ ဂိုးသွင်းကြမ်းခဲ့တဲ့တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး အလက်ဇန္ဒားဆောလော့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ တူရကီသတင်း သတင်းရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆောလော့ဟာ ၂၀၁၉-၂၀၂၀ ရာသီ တူရကီအသင်းဖြစ်တဲ့ ထရက်ဇွန်စပေါ်ကို အငှားချထားခံရချိန်မှာ ပြိုင်ပွဲစုံမှာ ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ မကြာသေးမီက ဆောလော့ဟာ လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးအချိန်မှာ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားတဲ့ကိစ္စက ပျက်သွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ …

ဂါရတ်ဘေးက တော့တင်ဟမ်ကို ဆုဖလားတွေနဲ့ ခြွေးသိပ်ပေးလိမ့်မယ် – ခရော့

ရီးရဲမက်ဒရစ် အသင်းကနေ အသင်းဟောင်း စပါးအသင်းကို တရာသီ အငှားပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ဂါရတ်ဘေးဟာ အင်္ဂလန်မှာ အောင်မြင်မှု ကြီးမားပါတယ်ဆိုတဲ့ ယူနိုက်တက် ထက်တောင် ချန်ပီယံ လိဂ် ဆုဖလား အရေအတွက် ပိုမို ရယူထားနိုင်ပေမယ့် နိုင်ပွဲတွေ ဆာလောင် ပြင်းပြနေဆဲပဲလို့ အသင်းဖော်ဟောင်း ပီတာခရော့က ဆိုလိုက်ပါတယ်၊ ရီးရဲမက်ဒရစ် အသင်းမှာ နည်းပြ ဇီဒန်းနဲ့ ဘာအကြောင်းရယ်ကြောင့် မသိရပဲ …

သူတို့ရင်ဆိုင်ခဲ့ရတဲ့နောက်ခံလူတွေထဲကအခက်အခဲဆုံးသူတွေကိုပြောခဲ့တဲ့မက်ဆီနဲ့ရော်နယ်ဒို

မက်ဆီ နဲ့စီရော်နယ်ဒို တို့ကတော့ သူတို့ရဲ့ကစားသမားဘဝမှာ နာမည်ကျော် နောက်ခံလူတွေအများအပြားကို ကျော်ဖြတ်ပြီး ဂိုးတွေသွင်းယူကာ အောင်မြင်မှုတွေအများအပြားရယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူတို့(၂)ဦးအတွက် ရင်ဆိုင်ကျော်ဖြတ်ရတာခက်ခဲတဲ့ နောက်ခံလူတွေလည်းရှိခဲ့တာဖြစ်ပါတယ်။သူတို့(၂)ဦးဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ဆယ်စုနှစ်တစ်ခုလုံးကို လွှမ်းမိုးထားတဲ့သူတွေပါ။ မက်ဆီ နဲ့ စီရော်နယ်ဒို တို့ကတော့ သူတို့ရင်ဆိုင်ရအခက်အခဲဆုံးနောက်ခံလူတွေဟာ ဘယ်သူတွေလဲဆိုတာ ပြောပြခဲ့တာကို SPORT BIBLE က ဖော်ပြခဲ့ပါတယ်။မက်ဆီ ဟာ စပိန်လာလီဂါမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ရာမိုစ့်နဲ့ …

ရော်နယ်ဒိုကို ပွဲတိုင်းမသုံးဘူးလို့ ပီယာလို ထုတ်ဖော်ပြောဆို

ဂျူဗင်တပ်စ် အသင်းရဲ့ နည်းပြသစ် ပီယာလိုကတော့ သူ့အနေနဲ့ အဓိက တိုက်စစ်မှုး ခရစ်တီယာနို ရော်နယ်ဒို အပေါ် အလွန်အကျွံမှီခိုတာ မျိုး ပြုလုပ်မှာမဟုတ်ပဲ အသက်အရွယ်အရပေါ်တူဂီသားက အနားယူရမယ့်အချိန်တွေရှိလာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ပီယာလို နည်းပြအသစ် အဖြစ်ဘတာဝန်ယူချိန်ကစပြီး ရော်နယ်ဒို က ယူဗင်တပ်စ် အသင်းရဲ့ နည်းပြ၊ဘုတ်အဖွဲ့တွေနဲ့ ဆက်တိုက် ဆိုသလိုတွေ့ဆုံမှု့တွေရှိနေပြီး အသင်းရဲ့အလားလာ နဲ့ ရည်မှန်းချက်တွေအပေါ် စဉ်ဆက်မပြတ် …

ဆန်ချိုနဲ့ပတ်သက်ပြီး ကစားသမားဟောင်းတွေ ယူနိုက်တက်ကို စိတ်ပျက်နေ

ယူနိုက်တဒ် ရဲ့ နှေးကွေးလွန်းတဲ့ ညှိနှိုင်းမှု့နဲ့အတူ အပြောင်းရွှေ့ဈေးကွက်ထဲမှာ နောက်ကျကျနေတဲ့ အခြေအပေါ် စိတ်ပျက်နေပြ ဂျေဒန်ဆန်ချို အပြောင်းရွှေ့က သူ့အတွက်မျာစွာ စိတ်သောကဖြစ်စေတယ်လို့ နဗီးလ် က ဝန်ခံလိုက်ပါတယ်။ ယူနိုက်တဒ်က ဆန်ချို ကို တစ်နှစ်နီးပါးစောင့်ကြည့်ခဲ့ပြီး ကိုးလကြာတဲ့အထိ ခေါ်ယူနိုင်စွမ်း မရှိသေးသလို အခြား ပစ်မှတ်တွေကိုပြောင်းလဲ ပြင်ဆင်တာမျိုးလည်းမရှိတာကြောင့် လက်ရှိအခြေနေကိုခန့်မှန်းရခက်နေပြီး ခေါ်ယူမယ်ဆိုရင် ခပ်မြန်မြန်လေးအဆုံးသတ်သင့်ပြီလို့ နဗီးလ်က သတိပေးခဲ့တာလည်းဖြစ်ပါတယ်။ …

ဝါနာကို အိတ်ကပ်ထဲထည့်ထားနိုင်ခဲ့တဲ့ ဖေဘင်ဟိုကို မလေးစားဘဲမနေနိုင်ခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးကြယ်ပွင့်နောက်ခံကစားသမား ဗန်ဒိုက်က တနင်္ဂနွေနေ့မှာ ချယ်ဆီးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးနောက် ဖေဘင်ဟိုကို လီဗာပူးရဲ့ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားအဖြစ် ချီးကျူးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မာနေးသွင်းယူပေးခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အဖိုးတန်အနိုင် ၃ မှတ်ကို ရရှိခဲ့တာဖြစ်ပြီး ဂျိုးဂိုးမက်ဇ်နဲ့ ဂျိုဝယ်မာတစ်တို့ ဒဏ်ရာရရှိနေတာကြောင့် ဖေဘင်ဟိုက ဗန်ဒိုက်နဲ့အတူ ဗဟိုခံစစ်မှာ ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးရဲ့ကွင်းလယ်အသက်သွေးကြောအဖြစ် အဓိကအခန်းကဏ္ဍကနေ …

စူပါဆန်းဒေး ပွဲကြီးပွဲကောင်း ရလဒ်များနဲ့ နောက်ဆုံး သတင်းများ

၁။ယမန်နေ့ညပိုင်းက ကစားခဲ့သော ဆောက်သင်တမ် အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာ ဟယ်ရီကိန်းနဲ့ ဆွန်ယောင်မင်တို့ ခြေစွမ်းပြပြီး ၅-၂ ဂိုးနဲ့ စပါးအသင်းက ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ စပါးအသင်းအတွက် ဆွန်ယောင်မင် တဦးထဲက လေးဂိုးသွင်းပေးခဲ့ပြီး ဟယ်ရီကိန်းက လေးဂိုးဖန်တီး တဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂။ ယခုတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်ဖြစ်တဲ့ ချဲဆီးအသင်းနဲ့ လီပါပူးအသင်းတို့ ပွဲစဉ်မှာတော့ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ၄၅ …

ကီပါ့အပေါ် စိတ်မကောင်းဖြစ်နေတဲ့ လီပါပူလ်းဂန္ဓဝင် ကာရေဂါ

တနင်္ဂနွေညက ချလ်ဆီးတို့၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးလက်ဆောင်ပေးခဲ့တဲ့ ချဲဆီးအသင်းရဲ့ ဦးစားပေး ဂိုးသမား ကီပါကို စာနာမိတယ်လို့ လီပါပူလ်း နောက်ခံလူဟောင်းကြီး ကာရေဂါက ပြောဆိုခဲ့ပါတယ်။ ဆာဂျီယိုမာနေးရဲ့ ရုန်းအားတွေကြောင့် ကြိုးကြာနီတို့အနေနဲ့ တစ်ပွဲလုံးစိုးမိုးထားနိူင်ခဲ့ပြီး ချဲဆီးအသင်းကို သက်သောင့်သက်သာ အနိူင်ရခဲ့တာပါ။မာနေးအနေနဲ့ ဒုတိယဂိုးအတွက် ကီပါကို မနားတမ်း ဖိအားပေးပြီး ကီပါရဲ့ရှင်းထုတ်ပုံမသေသပ်မှုကနဆင့် လျှင်မြန်မှုနဲ့ ဂိုးသွင်းယူပါတယ်။ ချဲဆီးအသင်းအနေနဲ့ ရန်းနက်စ်ဂိုးသမားမန်ဒီကို …

ဖားမကောက်ခင် အိတ်ပေါက်ကို အရင်ဖာရမယ့်မန်ယူ

မနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ခရစ်စတယ်ပဲလေစ့်နဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ သုံးဂိုးတစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ အရှက်တစ်ကွဲ ရှုံးနိမ့်ခဲ့တယ်။ ဒီလိုရှုံးနိမ့်ခဲ့တဲ့အပေါ် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီလ်းက အပြင်းအထန် ပေါက်ကွဲခဲ့ပြီး ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတာတွေရပ်ပြီး ဗဟိုနောက်ခံလူတစ်ယောက် အမြန်ဆုံးခေါ်ဖို့ သတိပေးပြောကြားခဲ့ပါတယ်။ မကိဂွိုင်းယားနဲ့ လင်ဒီလော့ ဗဟိုခံစစ်အတွဲဟာ ပုံစံကောင်းတွေ ပျောက်နေပြီး ဒီအတိုင်းဆက်သွားရင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ …

တီယာဂိုဟာ အောင်မြင်မှုတွေကို ဆက်ထိန်းနိုင်ဖို့ မှန်ကန်တဲ့ ခေါ်ယူမှုပါ” – ကလော့ပ်

လီဗာပူးလ် ကစားသမားသစ် တီယာဂို အယ်ကန်တာရာဟာ ပေါင် ၂၅သန်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းကနေ လီဗာပူးလ်အသင်းကို တရားဝင် ပြောင်းရွှေ့ပြီးတဲ့နောက် အသင်းအတွက် ဆုဖလားတွေ ယူဆောင်ပေးဖို့ အာသီသပြင်းပြလျက်ရှိပါတယ်။ ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်တိတိ ရရှိထားတဲ့ တီယာဂိုဟာ ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးလ်ကို ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ပြောင်းရွှေ့သွားခဲ့ပါပြီ။ သူကတော့ လီဗာပူးလ်အသင်းကို ပြောင်းရတဲ့ခံစားချက်က ကိုယ့်မိသားစုလိုပဲ နွေးထွေးမှုတွေပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ …