ဟားဗက်ဇ်၊ ဗန်ဒီဘိခ်နဲ့ ဂါဘရီရယ်တို့အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေကခေါ်ယူထားတဲ့ အဓိက,ကစားသမားတွေရဲ့ အဆင့်သတ်မှတ်ချက်များ

ပြီးခဲ့တဲ့တပတ်မှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေရဲ့ ကစားသမားခေါ်ယူမှုများစွာရှိခဲ့ပြီး၊ အဲဒီထဲက ကစားသမားအပြောင်းအရွှေ့တချို့ဟာ သက်ဆိုင်ရာအသင်းတွေအတွက် အဓိကကျတဲ့ခေါ်ယူမှုတွေအဖြစ် တွေ့ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ သူတို့ရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဒွန်နီဗန်ဒီဘိခ်လို ပါရမီရှင်လူငယ်ကစားသမားလေးကို ခေါ်ယူနိုင်ခဲ့သလို၊ အာဆင်နယ်အသင်းဟာလည်း ကာလရှည်ပစ်မှတ်ထားနေတဲ့ လိုင်လီကစားသမား ဂါဘရီရယ်မန်ဂါလာကို နောက်ဆုံးမှာတော့ အရခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားခေါ်ယူမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ချဲလ်ဆီးအသင်းဟာလည်း သောကြာနေ့ညက လေဗာကူဆင်ကွင်းလယ်လူ ကိုင်ဟားဗက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင် ၇၂သန်းနဲ့ …

ရော်နယ်ဒို၊ဆွာရက်ဇ် တိုက်စစ် အတွဲကို မျှော်နေတဲ့သူတွေ ဘယ်လောက်ရှိနေမလဲ

ကာတာလန်အသင်းမှာ ၆ရာသီဖြတ်သန်းပြီးခဲ့တဲ့နောက်မှာတော့ လူးဝစ်ဆွာကက်ဇ်တယောက် အသင်းအတွက် ၂၈၃ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၉၈ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသင်းအတွက် ကောင်းမွန်လှတဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့ပေမယ့် အသစ်ရောက်ရှိလာတဲ့ နည်းပြ ရော်နယ်ကိုမင်းရဲ့ ဘာစီလိုနာခေတ်ပြောင်းတော်လှန်ရေးမှာ ဆွာရက်ဇ်အတွက် နေရာမရှိတော့ပါဘူးလို့ အတိအလင်းပြောကြားခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် အဆိုပါ ဥရုဂွေးသားဟာ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပါတယ်။ အကယ်၍ ဂျူဗင်တပ်အသင်းကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် လုပ်ခလစာလည်း ယခုထက်ပိုရဖို့ …

ရော်နယ်ဒိုနဲ့ ခေါင်းဆောင်မှု အနုပညာ

ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ ဒီဘက်နှစ်အပိုင်းအခြားအတွင်းမှာ ဦးဆောင်မှုစွမ်းရည်နဲ့ပတ်သက်ပြီး အတော်ဆုံးသူတဦးလို့ လူတိုင်းနည်းပါး လက်ခံထားကြမှာပါ။ မန်ချက်စတာယူနိုက်တက်ကို ရောက်ကာစကတော့ ဆံပင်လိမ်ကောက်ကောက်နဲ့ လူငယ်ခြေတက်ကလေး၊ အခုလို ၁ရနှစ်အကြာမှာတော့ ဒီလူငယ်လေးဟာ အရမ်းကိုရင့်ကျက်လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ဖြစ်ထားခဲ့ပါပြီ။ သူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ မီးရောင်အောက်မှာ ဆယ်စုနှစ်တခုစာမက အစွမ်းကုန်တောက်ပပြနိုင်ခဲ့ပြီးပါပြီ။ ဟိုး ၂၀၀၃ခုနှစ် သူ့အသက် ၁၈နှစ်အရွယ် အိုးထရက်ဖို့ဒ်ကွင်းကြီးထဲကို စတင်ခြေချကာစတုန်းက သူဟာ ကြွစောင်းစောင်းနိုင်တဲ့ …

မက်ဆီနဲ့ရော်နယ်ဒိုခေတ်လွန်မှာ ကမ္ဘာ့အကောင်ဆုံး ဖြစ်လာနိုင်တဲ့ ကစားသမာ (၇) ယောက်

ဘာစီလိုနာ တိုက်စစ်မှုး လီယွန်နယ်မက်ဆီနဲ့ ဂျူဗင်တပ် တိုက်စစ်မှုး ခရစ်စတီယာနို ရော်နယ်ဒိုတို့ဟာ ကမ္ဘာ့ဘောလုံး စင်မြင့်ထက်မှာ အကောင်းဆုံးတွေအဖြစ် ဆယ်စုနှစ်တစ်ခုကျော်အကြာ ရပ်တည်ထားနိုင် ခဲ့ကြပါတယ်။ နှစ်ယောက်စလုံးဟာ အောင်မြင်မှု အလီလီ ရရှိထားသလို စံချိန်မှတ်တမ်းကောင်းတွေကိုလည်း တစ်ခုပြီးတစ်ခု တင်ရှိထားနိုင် ခဲ့သူတွေပါ။ အခုအချိန်မှာတော့ ကစားသမားတိုင်း ကြုံတွေ့ရတဲ့ နေဝင်ချိန်ကို သူတို့နှစ်ယောက်လည်း ရောက်ရှိလို့ နေပါပြီ။ မက်ဆီနဲ့ ရော်နယ်ဒို …

ရော်နယ်ဒို ရဲ့နေရာကို အစားထိုးဖို့လိုလာတဲ့ တစ်နေ့ရောက်ရင် ပေါ်တူဂီအတွက် တကယ်ခက်ခဲမှာပါ ဘရူနိုဖာနန်ဒက်

စပို့တင်း လစ္စဘွန်း ကလပ်ကနေ မန်ချက်စတာယူနိုက်တက် ကို ပြောင်းရွေ့ပြီးကတည်းက ဘရူနိုဖာနန်ဒက် က ပရိတ်သတ်ရဲ့ အသည်းစွဲဖြစ်လာခဲ့တာပါ။ သည်အချက်က ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းရာမှာလည်း သူ့ရဲ့ဂုဏ်ကို မြင့်တက်စေခဲ့ပါတယ်။ ခရစ္စတီရာနို ရော်နယ်ဒိုအနေနဲ့ ဘယ်လောက်ကြာကြာ ခြေစွမ်းကို အဆင့်တစ်ခုမှာ ထိန်းထားနိူင်မလဲဆိုတဲ့ ပူပန်မှုတွေနောက်မှာတော့ ဘရူနိုရဲ့ ခြေစွမ်းတွေကြောင့် ရော်နယ်ဒိုခေတ်အလွန်မှာ လွယ်လွယ်ကူကူ အစားထိုးနိူင်လိမ့်မယ်လို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။ သိုသော်လည်း ဖာနန်ဒက်ကတော့ …

ရော်နယ်ဒိုမရှိတဲ့ ရီးရဲမက်ဒရစ်ရဲ့ အခြေနေကို ဘာစီလိုနာ ခံစားရလိမ့်မယ်-မိုဒရစ်

လက်ရှိလာလီဂါ ချန်ပီယံ ရီးရဲ မက်ဒရစ်ကတော့ အရှုပ်ထွေးတွေနဲ့ သပွတ်အူလည်နေတဲ့ ဘာစီလိုနာ အသင်းရဲ့ အခြေနေကို အခွင့်ကောင်း ယူဖို့ အသင့်ဖြစ်နေဟန် ရှိပါတယ်။ ဒီရာသီမှာ လူသစ် ခေါ်ယူ စုဆောင်းခြင်း မရှိသေးတာဟာ ဘာစီလိုနာ အသင်းရဲ့ ယိုင်နဲ့နေတဲ့ အခြေနေနဲ့ သက်ဆိုင်နေမလားဆိုတာ စဉ်းစားစရာပါ။ ဘာစီလိုနာ အသင်းရဲ့ ပြယုတ် တခုဖြစ်တဲ့ မက်ဆီတယောက် ထွက်ခွာဖို့ …

လာမယ့်ရာသီ အကောင်းဆုံး တိုက်စစ် ပိုင်ဆိုင်ထားတဲ့ အသင်းများ

ဥရောပပြိုင်ပွဲတွေ ပြန်လည်စတင်တော့မှာဖြစ်သလို မနှစ်ကရာသီ သက်ဆိုင်ရာ လိဂ်အသီးသီးမှာ ချန်ပီယံဖြစ်ခဲ့ကြတဲ့ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ ပီအက်ဂျီတို့အနေနဲ့ ဒီရာသီမှာလည်း ဗိုလ်ဝင်ခံနိုင် ကြမလားဆိုတာကတော့ စိတ်ဝင်စား စရာပါ။ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာကတော့ အခုလို ကိုရိုနာဗိုင်းရပ် ကာလမှာတောင် အပြောင်းအရွှေ့အမြောက် အမြား ဖြစ်ပေါ်နေခဲ့ပြီး မက်ဆီလို ကစားသမားတောင် မန်ချက်စတာစီးတီးကို ပြောင်းရွေ့ဖို့ အလားအလာတွေ ရှိနေပါတယ်။ …

‘ချစ်လှစွာသော ယူနိုက်တက်ပရိတ်သတ်များ’ အစချီတဲ့ ဗန်ဒါဆားရဲ့ အိတ်ဖွင့်ပေးစာ

အေဂျက်အသင်းရဲ့ ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ပထမဦးဆုံးသော လူခေါ်ယူမှုဖြစ်ခဲ့ပါပြီ။ အေဂျက်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀နဲ့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။ ဒီ ၂၃နှစ်သားရဲ့ ခြေစွမ်းကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားရတော့မှာဖြစ်တဲ့ ယူနိုက်တက်ပရိတ်သတ်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေလောက်ပါပြီ။ လာမယ့် စက်တင်ဘာလ ၁၉ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ခရစ်စ်တယ်ပဲလေ့စ်နဲ့ပွဲမှာ အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ပေါပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်နဲ့ …

ချဲလ်ဆီးဟာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ကျော်ဖြတ်ပြီး ချန်ပီယံဆု အရယူမယ် ဆိုတဲ့ ဝါနာ

ဂျာမနီလက်ရွေးစင် တိုက်စစ်မှုး တီမိုဝါနာကတော့ မနှစ်က ရာသီမကုန်ခင်မှာ ချဲလ်ဆီးအသင်းထံ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အသင်းနဲ့ ပူးပေါင်းနေပြီ ဖြစ်ပါတယ်။ တီမိုဝါနာက လမ်းပတ်နဲ့ ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားအတွက် အရှိန်မြှင့် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ တီမိုဝါနာဟာ ဂျာမနီကလပ် လစ်ဇစ်အသင်းကနေ ပေါင် ၅၃ သန်းနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွေ့ခဲ့တာပါ။ ဒီတိုက်စစ်မှုးဟာ …

ဘောလုံးသမားမဖြစ်ခဲ့ရင် အခုအချိန်ဘာလုပ်နေမလဲ ဆိုတဲ့မေးခွန်းကို အံသြဖွယ်ပြန်ဖြေလိုက်တဲ့ဟာလန်း

ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းကတော့ အခုအချိန်မှာ ဘောလုံးသမားတစ်ယောက် မဟုတ်ခဲ့ရင် သူဟာ ရက်ပ်ပါတစ်ယောက် ဒါမှမဟုတ် လယ်သမားတစ်ယောက်အဖြစ် လုပ်ကိုင်နေလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပရိတ်သတ်တစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာက မေးခွန်းကို လက်ခံခဲ့ပြီး သူ့ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါအပြင် ပြင်းပြတဲ့စိတ်ဆန္ဒကြောင့်လည်း ကမ္ဘာ့အဆင့်မီ ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့တာပါလို့လည်း ထပ်ပေါင်းပြောသွားခဲ့ပါသေးတယ်။ ၂၀၁၉-၂၀၂၀ရာသီ နှစ်ဝက်ကာလမှာ ရက်ဒ်ဘူးလ်ဆဲလ်ဘတ် အသင်းအတွက် နှစ်ဆယ့်နှစ်ပွဲကစားပြီး နှစ်ဆယ့်ရှစ်ဂိုး …