COVID-19 ကပ်ရောဂါ Stay Home ကာလ ဆွမ်းဆန်ခံမထွက်နိုင်ကြသည့် သီလရှင်များသို့သီတဂူဆရာတော်ကြီးမှထောက်ပံ့လှူဒါန်းခြင်း”

knowledge

သီတဂူဆရာတော်ကြီးသည် ၈-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်း ၁၀ ပါးအထက်သီတင်းသုံးနေထိုင်ကြသည့် သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းရှိ သီလရှင် ၁၆၁၇၇ ပါး တို့အတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းပါသည်။

ရန်ကုန်တိုင်းသာသနာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနများ၏ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် သီလရှင်အပါးအရေအတွက် ကောက်ခံရယူကာ ဆန်-၁၆,၁၇၇ အိတ်၊ ဆီ-၁၆,၁၇၇ပိသာတို့ကိုလှူဒါန်းသည့်အခမ်းအနား (စတိ) ဆောင်ရွက်သောအားဖြင့် ၈-၆-၂၀၂၀ ရက်နေ့ နေ့ခင်း ၁:၀၀ နာရီအချိန်မှစတင်၍ ရန်ကုန်မြို့၊ သီတဂူသာသနာပြုဗိမာန်တွင်

-တောင်ဒဂုံ

-မြောက်ဒဂုံ

-အရှေ့ဒဂုံ

-တောင်ဥက္ကလာ

-မြောက်ဥက္ကလာ

-သာကေတ

၆ မြို့နယ်မှ ၄၆ ကျောင်းမှ သီလရှင် ၂၇၂၈ ပါးတို့အတွက် စတင်လှူဒါန်းပါသည်။

မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်သည်။

ကျန်သည့် ၂၄ မြို့နယ်မှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန် စံနစ်တကျစီစဉ် ဆောင်ရွက်ထားပါသည်။

သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

.

Compassions into Action!!

.

#သီတဂူ #sitagu #ဆန်အလှူတော်

#ရန်ကုန်တိုင်း #ကရုဏာအလှူတော်

#ရန်ကုန် #သီလရှင် #ကိုဗစ်

=======================

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီတဂူသာသနာပြုအဖွဲ့

=======================

Posted by သီတဂူသတင်း

Photo – သီတဂူကျော်ဆန်းဝင်း

Leave a Reply

Your email address will not be published. Required fields are marked *