ဖတ်မရသူတေအောက်အထိဆွဲကြည့်ပါ Soul land နိုဗယ် 2 အပိုင်း 34 ပထမပိုင်း
အပိုင်း ၃၄ ပထမပိုင်း ဆရာဝမ်ရိက.. အားလုံးနားထောင်ပေးကြပါ အခုချိန်ကစပြီး ဟော်ယုဟောက်ကိုအတန်းခေါင်းဆောင်အဖြစ်ခန့်အပ်မယ့်စာရင်းထဲထည့်ထားတယ်ကန့်ကွက်မယ့်သူရှိလား..ထိုအချိန်မှာခါးခါးသီးသီးထကန့်ကွက်လာသူတေကတော့ ဟန်ချူထင် ကျော့စီချန်နဲ့ဝူဖုန်တို့ပါဘဲ ။ဆရာဝမ်ရိက ယုဟောက် ဝမ်တုံ ရှောင်ရှောင်တို့ကဖလားရထားတာလေ သူ့နေရာနဲ့သူအားသာတဲ့နေရာတေရှိတယ်လေ ဆရာအခုရေးထားတဲ့နာမည်စာရင်းကစစ်ဆေးပွဲရလဒ်နဲ့ လူတစ်ယောက်ချင်းစီရဲ့အစွမ်းအစကို စဥ်းစားပြီးမှ လုပ်ပေးထားတာ ဘာဖြစ်လို့လည်း ဝူဖုန်က …သူ့လိုမျိုးဝိဥာဏ်ကွင်း ၁ ကွင်းထဲနဲ့လူကို အတန်းခေါင်းဆောင်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ နာခံဖို့မဖြစ်နိုင်ပါဘူး အရည်အချင်းရှိရင်တော့ ကျွန်မကိုနိုင်အောင်ချမှ ကျွန်မကတော့နာခံနိုင်မယ်။
ယုဟောက်ဒေါသထွက်သွားပြီး လာပြီးတော့ကြွမနေနဲ့ ငါမင်းနဲ့ချမယ် လာခဲ့စမ်း ဝိဥာဏ်တိုက်ခိုက်ရေးကွင်းထဲသွားမယ် ဆရာဝမ်ကမနေသာတော့ဘဲ တော်ကြတော့ ကန့်ကွက်မှုရှိနေမှတော့ လက်ထောင်ပြီး မဲခွဲဆုံးဖြတ်ကြမယ်။ ကဲယုဟောက် အတန်းခေါင်းဆောင်ရွေးချယ်မဲ့အထဲမှာပါတာကို သဘောမတူတဲ့သူများ ကျေးဇူးပြုပြီး လက်ထောင်ကြပါ ဆရာဝမ်ပြောလိုက်တယ်။ထိုအခါမှာတော့ ဝမ်တုံနှင့်ရှောင်ရှောင်မှလွဲ၍ ကျန်ကျောင်းသားများအကုန်လက်ထောင်ကြတယ်။ ယုဟောက်မျက်နှာညှိုးပြီး ခေါင်းငုံ့သွားတယ်။ဆရာဝမ်ရိစိတ်ထဲမှာတော့ . ဒါကဘယ်လိုဖြစ်ကြတာလည်း တကယ်လက်မခံနိုင်ကြတာလား ? ဆရာဝမ်ရိက ကဲယုဟောက် မင်းပြောမင်းဘာလုပ်မလည်း ယုဟောက်က ဆရာခဏလေး ကျတော့ကိုရွေးချယ်မယ့်အထဲကမပယ်ထုတ်ခင် ကျတော်ပြောချင်တာကတော့ ကျတော်ဝူဖုန်းရဲ့ စိန်ခေါ်တာကိုသဘောတူလက်ခံပါတယ်။ အကယ်၍ ကျတော်နိုင်ခဲ့ရင်တော့ ကျေးဇူးပြုပြီး ပြန်ရွေးပေးကြပါ။
ယုဟောက်ပြောရင်းဒေါသထွက်လာကာမျက်လုံးမှအခိုးအငွေ့များပါထွက်လာတယ်။ စိတ်ထဲမှာလည်း အကယ်၍ ဒီနေ့ငါနောက်ဆုတ်ခဲ့ရင် နောက်ဆိုအတန်းထဲမှာတသက်လုံး ခေါင်းဖော်နိုင်တော့မှာမဟုတ်ဖူး ငါစိတ်ကိုပါထိခိုက်လာလိမ့်မယ်။ကဲအာ့ဆိုလည်း တိုက်လိုက်ရေးကွင်းကိုသွားကြတာပေါ့ သိပ်မကြာခင် တိုက်ခိုက်ရေးကွင်းရောက်တော့ ယုဟောက်က ကျတော်အဆင်သင့်ဖြစ်ပြီ စရအောင် ကျောင်းသားတေက ဒီကောင်ရူးနေပြီလား ဆယ်နှစ်ကွင်းတစ်ကွင်းထဲရှိတာ ဘာလုပ်နိုင်မှာလည်း ဘယ်လိုစဥ်းစားစဥ်းစား သူကဘယ်လိုချနိုင်မှာလည်း ? ထိုအချိန် တိုက်ဟူဘင်က ပြောလို့မရဘူးနော် မေ့မသွားနဲ့အုန်း ပြိုင်ပွဲတုန်းက ငါတို့ယုဟောက်တို့အဖွဲ့ကိုရှုံးသွားတာနော် သူ့ရဲ့ ဆယ်နှစ်သက်တမ်းကွင်းကသာမန်တော့မဟုတ်လောက်ဘူး မယုံရင်စောင့်ကြည့်နေလိုက် လို့ပြောလိုက်တယ်။
ဆရာဝမ်ရိက ကဲ အတန်းသားအချင်းချင်းဖလှယ်တာဘဲ အဆုံးသတ်ထိပြီဆိုတာနဲ့ရပ်ရမယ်။ပြိုင်ဖက်ကိုဒုက္ခိတဖြစ်အောင်မလုပ်ရဘူး အိုခေနော် ။ ကဲနှစ်ဖက်စလုံးနောက်ဆုတ်မယ်။ထိုအချိန် ဝမ်တုံစိတ်ထဲမှာတော့ ဟော်ယုဟောက် မင်းကိုငါယုံကြည်တယ်။နိုင်ကိုနိုင်ရမယ်။ ဆရာဝမ်ရိကကဲပြိုင်ပွဲကိုစမယ် ဟုကြေငြာလိုက်တယ် ဆက်ရန်မျှော်
zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*