ဖတ်မရသူတေအောက်အထိဆွဲကြည့်ပါ Soul land နိုဗယ် 2 အပိုင်း 32 ဇာတ်သိမ်းပိုင်း
အပိုင်း ၃၂ ဇာတ်သိမ်းဒူဝေလန်က ” ချန်ပီယံအသင်းကိုတော့ ငါတို့ဘနောက်ထပ် ဆုလာဒ်တွေပေးအုံးမှာပါ..ဒါပေမယ့်..ဒီဆုကိုတော့ ကျောင်းက လွွိဝွကထြားတယြ။ နောက်မှ..မင်းတို့ ၃ယောက် လာယူပါ.. ဟုတ်ပြီး.. မင်းတို့နေရာပြန်သွားကြ”။ဒူဝေလန်က ဆက်ပြီးတော့ ” ဒီနှစ် ကျောင်းသားတွေရဲ့ စွမ်းရည်က..တစ်ခြားနှစ်တွေထက်ကို သာတယ်။ ဒါကြောင့် ပိုကြိုးစားကြပါ။ နောက်ပြီး..ဒီ ပြိုင်ပွဲမှာပေါ်လာတဲ့ ပါရမီရှင် ကျောင်းသားတွေကို ငါတို့က အတွင်းစည်းတပည့်အဖြစ်သတ်မှတ်လိုက်တယ်။..သတ်မှတ်လိုက်တဲ့ကျောင်းငါးတွေရဲ့နာမည်ကို ပြောပြတော့မယ်..ကွင်းပြင်ကလူတွေ အတွင်းစည်း တပည့်တွေကိုတော့.ထိပ်ဆုံး အသင်း ၃ သင်းထဲမှာပဲ ရွေးတာ အတွင်းစည်းတပည့်ဖြစ်သွားရင်..ကျောင်းက ထောက်ပံ့ပေးမှာကို အားလုံးသိကြတယ်။
ဒူဝေလန်..သူယူလာတဲ့ စာအုပ်စာရင်းကို ဖွင့်လိုက်ပြီး..ဒီ နှစ် ပြိုင်ပွဲကနေ..ကျောင်းက အတွင်းစည်း တပည့်အဖြစ် ရွေးချယ်လိုက်တဲ့ သူတွေကတော့… ဝမ္တုံ ၊ရှောင်ရှောင်၊ တိုက်ဟူဘင် ၊ကျူလု့ ၊ကျော့စီချန်၊ကောကျင်ရွှန်၊လန်စုစု၊ လန်လု့လု့၊ နင်းထင်နဲ့..ဝူးဖုန်တို့ပဲ ဖြစ်ပါတယ်”။ ဝမ်တုံနဲ့ ရှောင်ရှောင်တို့က သူတို့ရဲ့နာမည်ကို ခေါ်လိုက်တော့ စိတ်လှုပ်ရှားသွားတယ်။ဒါပေမယ့်.. ယွီဟောက်ကို ကျော်ပြီး..တိုက်ဟူဘင်ကို ခေါ်လိုက်တော့..ဘာ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? ယွီဟောက်က သူတို့အသင်းရဲ့ခေါင်းဆောင်လေ။ ဒူဝေလန်..နောက်ထပ် လူနာမည်တွေကို ခေါ်နေချိန်မှာ..ယွီဟောက်နာမည်ပါမယ် ထင်ပြီး..စောင့်နေခဲ့ပေမယ့်.. သူတို့ရဲ့မျှော်လင့်ချက်က ဖြစ်မလာခဲ့ဘူး။ ယွီဟောက်တော့ အံ့သြနေပြီး..မျက်နှာ ဖျော့လာတယ်။ သူ ဒီရှီလာခေ့မှာ ဝင်လာကတည်းက သူများထက်..ပတ်တကုတ်ကြိုးစားပြီး..မောပန်းလာခဲ့တယ် ။
သူများတွေ အိပ်နေချိန်မှာ..သူကျင့်ကြံနေခဲ့တယ်။..ပြိုင်ပွဲမှာလဲ..သူ့ရဲ့ အသင်းသားနဲ့ အတူတူ အစွမ်းကုန် ကြိုးစားခဲ့လို့..အဆင့်တက်ပြီး ခ်န္ပီယံ ဖြစ်လာတယ်။ ဒါပေမယ့်.. ဘာကြောင့်..သူက အတွင်းစာ်းတပည့်အဖြစ်..မရွေးခံရတာလဲ?..ဘာကြောင့်လဲ?..ဘာကြောင့်လဲ?.။ ယုဟောက်ခံစားချက်က..မျက်နှာမှာ မပေါပေမယ့်..သူ့ရဲ့ နှလုံးသားထဲမှာ ထိန်းချုပ်မနိုင်တတ်ပဲ။ ဘာလို့.သူတို့ကျွန်တော့ကို ဒီလိုလုပ်ခဲ့တာလဲ? အခုမြ..ဆုပေးတဲ့ချိန်မှာ..ဒူဝေလန်က..ဘာကြောင့် ဝမ်တုံအသင်းလို့ ခေါ်လိုက်တာလဲဆိုတာကို သူနားလည်သဘောပေါက်သွားတယ်။ ဒါက အစကတည်းက စီစဉ်ထားခဲ့တာကို။ ယွီဟောက် စိတ္လြတ်သြားမွာ ဆိုးလို့..ဝမ္တုံက..ယွီဟောက်ရဲ့ လက္ကို ကိုင်လိုက်တယ်။..သူနဲ့ ရှောင်ရှောင်က အတွင်းစည်းတပည့်အဖြစ် အရွေးခံရပြီး..ဘာလို့ ယွီဟောက်က ရွေးချယ်မခံရတာလဲ?
ထိုအချိန်မှာပဲ ဒူဝေလန်က ” တစ်ချို့ကျောင်းသားတွေက ပါရမီနိမ့်ပေမယ့်လဲ..စွမ်းဆောင်မှု သူလုပ်ဆောင်နိုင်ခဲ့တယ်။ ဒါကြောင့်..သူတို့ကို ဒီနှစ်ရဲ့ အတွင်းစည်းတပည့် တစ်နှစ်အဖြစ်..ယာယီ သတ်မှတ်ပေးလိုက်တယ်။ တကယ်လို့ ဒုတိယနှစ် စစ်ဆေးတဲ့စာမေးပွဲကို သူတို့အောင်နိုင်မှ သူတို့ကို.. တရားဝင် အတွင်းစည်းတပည့်အဖြစ် သတ်မှတ်ပေးမယ်။ ဒီကျောင်းသားတွေကတော့..” ဟူယွီဟောက်..၊ ချိုက်ရာ့ကျိ၊ ဟန်ချူထင်၊ လုန်ရှန်ယိ့၊နဲ့ နန်မန် ယွင်အာ တို့ပဲ ဖြစ်ပါတယ်..” အခုမြာပဲ..ယွီဟောက် နည်းနည်းစိတ်သက်သာရာရသွားတယ်။ ” ဟုတ်တယ်…ငါရဲ့ စွမ်းရည်တွေက..ချို့တဲ့နေတယ်။ ဒီအတွင်းစည်းတပည့်အဖြစ် ရွေးခံရတဲ့သူတွေ အကုန္လုံးက..ဝိဉာဉ် အဆင့် ၂၀ ရောက်ကုန်ပြီး၊ ငါပဲ မရောက်သေးတယ်။ နားကျင်မှုတစ်ခုဟာ ယွီဟောက်ရဲ့ နှလုံးသားထဲကို ရိုက်ခတ်သွားတယ် ။
“တကယ်လို့ ငါသာ ဝမ်တုံနဲ့ ပေါင်းစပ်သိုင်းဝိဉာဉ် မလုပ်နိုက်ခဲ့ရင်..ယာယီအတွင်းစည်းတပည့်တောင် ဖြစ်မှာ မဟူတ္ဘူး..၊ ဒီဟာကို ဘယ့်သူ့ကိုသွားပြီး အပြစ်တင်ရမှာလဲ? ငါမသန္မာလာကိုပဲ အပြစ်တင်ရမယ်..နောက်ပြီး..သူတို့ရဲ့မျက်လုံးထဲမှာ ငါရဲ့ ဝိဉာဉ်ကွင်းက..သက်တမ်း ၁၀ နှစ်ပဲရှိတယ်”။ ဝမ္တုံက ” ယွီဟောက်…မင်းအဆင်ပြေလား?”။ ယွီဟောက်ခေါင်းခါပြီး ပြုံးလိုက်ကာ ” ငါအဆင်ပြေပါတယ်၊..ငါပဲ အရည်ချင်းမမှီလို့..အတွင်းစည်း တပည့်အဖြစ် မရွေးခံရတာ၊ နောက်ပြီး..ငါအခုမြ ဝိဉာဉ် အဆင့် ၁၇ ပဲရှိသေးတယ်။ ဝမ္တုံက ” နို…မဟုတ္ဘူး.. မင်းဘယ်လောက်ထိ အေရးပါတာကို..သူတို့မသိတာ..”။ ရှောင်ရှောင်လဲ ခေါင်းညှိတ်ပြလိုက်တယ်။ ယွီဟောက်က ” ငါတကယ် အဆင်ပြေပါတယ်ကွာ.. ဒါရိုက္တာဒူ ပြောခဲ့တယ်လေ..ငါအခု ယာယီ အတွင်းစည်းတပည့်ဖြစ်နေတုန်းပဲ၊ နောက် ရာထူးတိုးအဆင့် စာမေးပွဲမှာ..ငါအောင်သွားလို့..ငါအတွင်းစည်းတပည့်ဖြစ်လာရင်..ဘယ်သူပြောနိုင်မှာလဲ?” ။
ထို့နောက်..ပထမနှစ်မှာ အခန်း ၄ ခန်း ခွဲလိုက်တယ်။အခန်း ၁က..တိုက်ခိုက်ရေးသမားနဲ့ ထိန်းချုပ်ဝိဉာဉ်မာစတားတွေအတွက်၊ အခန်း ၂ က ခုခံသမားနဲ့..အမြန်နှုန်းတိုက်ခိုက်သမားတွေအတွက်၊ အခန်း ၃ကေတာ့ အထောက်အပံ့သမားတွေ၊ အခန်း ၄ ကေတာ့..အစားစာ၊ကုသမှုနဲ့..တစ်ခြား..လက်နက်သိုင်းဝိဉာဉ်တွေအတွက်ပါ။ နှစ်အလိုက် ဒီလိုပဲ ခွဲထားတယ်။ ဒါကြောင့် အပြင်စည်းတပည့်တွေထဲမှာ..၅၀ ရာခိုင်နှုန်းလောက်ပဲ..ဘွဲ့ရကြတယ်။ ယွီဟောက်အတွက် ကံကောင်းတာကတော့..အခန်း တိုင်းမှာ ဆရာ ၂ ယောက်သင်ပေးတယ်။ အတန်း ၁မှာတော့..ဆရာမကျော့နဲ့ ဆရာဝမ်ရန်တို့ သင်တယ်။ ဝမ်ရန်ကတော့..တစ်ခြား အဆင့်မြင့်အတန်းတွေကို သင်ကြာူလို့ရပေမယ့်..ယွီဟောက်အတွက်..သူက ပထမနှစ် အခန်း ၁ ကို သင်ပေးဖို့ရွေးချယ်လိုက်တယ်။ ဒါကို ဆရာမေက်ာ့က သိုင်းဝိဉာဉ်ဌာန ဒါရိုက်တာ ဒူဝေလန်က ” ဟုတ်ပြီး.. ကျောင်းသားတွေ ကိုယ့်ရဲ့ ဆရာမေတြကို လိုက်သွားပြီး..စာသင်ခန်းထဲ သွားတော့..၊ ဝမ်တုံ..မင်းတို့ ၃ယောက် ဆုယူဖို့ ငါနဲ့လိုက်ခဲ့” ။
ဒူဝေလန်ရဲ့ ရုံခန်းက..အပေါ်ဆုံးထပ်မှုရှိနေတယ်။ ” လာ..ထိုင်ကြပါ..။ ယွီဟောက်..ဒီဟာကို မင်းအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် မထားပါနဲ့..တစ်ခြား..ထိပ်ဆုံး ၃ သင်းထဲမှာရှိတဲ့ ကျောင်းငါးတွေလဲ..မင်းလိုပဲ..အတွင်းစည်းတပည့်..မရွေးခံရဘူး။ မင်းနဲ့ ဝမ်တုံတို့ရဲ့ ပေါင်းစပ်သိုင်းဝိဉာဉ်က အရမ်းကောင်းတယ်လို့ပြောရပေမယ့်..မင်းရဲ့..ကိုယ်ပိုင်စွမး်ရည်ကိုတော့ မြှင့်တင်ဖို့ လိုသေးတယ်။ မင်းရဲ့ ဒုတိယ ဝိဉာဉ်ကွင်း ထည့်ဖို့ လိုအပ်လာတဲ့အခါကျရင်..ကျောင်းကို ပြောပါ..သူတို့..မင်းအတွက် သင့်တော်တဲ့ဝိဉာဉ်ကွင်းပေးလိမ့်မယ်။ ဒုတိယနှစ်ရောက်မှ..မင်းရဲ့ စွမ်းရည်ကို ကြည့်ပြီး..အတွင်းစည်းတပည့်ဖြစ်ဖို့ အရည်ချင်း မွီမမွီ ပြန်ပြီး သတ်မှတ်ပေးမယ်”။ ဝမ်တုံက ” ဒါရိုက်တာ ဒူ..အဲတာက ထင်သလိုမဟူတ်ဘူး…ဒါက…” ပြောနေချိန်မှာပဲ..ဒူဝေလန်က သူ့ကို စကားမရန်ရန် တားလိုက်တယ်။ ယွီဟောက်က ” ဒါရိုက်တာဒူ..အခုလိုပြောပြပေးတဲ့အတွက် ကျတော်ကျေးဇူးတင်ပါတယ်”။
ထို့နောက်ဒူဝေလန်က..သူ့ရဲ့ ဝိဉာဉ်သိုလှောင်အိတ်ကို ထုတ်လိုက်တယ်” မင်းတို့က..ဝိဉာဉ်ကွင်း ၃ ကွင်းရှိနေတဲ့ ၃ သင်းကို အနိုင်ယူပြီး..ခ်န္ပီယံ ဖြစ်သွားတဲ့အတွက်.. မင်းတို့အတွက် နောက် ထပ် ဆုတစ္ခုကို ပေးဖို့ ကျောင်းကို တောင်းဆိုလိုက်တယ်။ ဒါပေမယ့်.. ဒီဟာကိုတော့..မင်းတို့ ထဲက တစ်ယောက်ကိုပဲ ပေးလို့ရမယ်။ ဘယ်သူ့ကို ပေးရမလဲဆိုတာ.. ဆုံးဖြတ်ကြပါ။ ဒီဆုကေတာ့..ဒီ နှစ် ၃၀၀ အတွင်းမှာ ကျင်းပခဲ့တဲ့ စာမေးပွဲဆုတွေထဲမှာ..တန်ဖိုးကြီးဆုံးဆုပဲ.. ကြည့်လိုက်..၊ ထိုအိတ္ကို ဝမ်တုံဆီ ကမ်းပေးလိုက်တယ်။ ဝမ်တုံ အိတ္ကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်ချိန်မှာ..အဝါရောင်လင်းတန်တစ်ခုက..မြင့်တက်လာတယ်။..ဒါ..ဒါက..ဝိဉာဉ်ရိုး? ဝမ်တုံအံ့သြ သွားတယ်။ ဝိဉာဉ်ရိုးက..ဝိဉာဉ်ကွင်းထက်ကို အဆ ၁၀၀ ရောက် တန်ဖိုးကြီးတယ်။ ဝိဉာဉ်မာစတားတစ်ယောက်က..ဝိဉာဉ်ရိုး ၆ခု ထည့်လို့ရတယ်။ ဝိဉာဉ်ရိုးရှိရင်..သူတို့ကို နောက်တစ်ခု စွမး်ရည်ပေးတယ်။ တန်ဖိုးကြီးဆုံး ဝိဉာဉ်ရိုးကတော..တာဆို..ရင်ဘတ်ဝိဉာဉ်ရိုးပဲ။ ဒုတယေနရာကေတာ့..ဦးခေါင်းမှာ ထည့်တဲ့ဝိဉာဉ်ရိုးပါ။ ကျန်တဲ့ ၄ခုကေတာ့..နည်းနည်းဆီ တန်ဖိုးရှိကြတယ်။ ဒူဝေလန်ပြုံးလိုက်ပြီး..” မင်းတို့ မထင်ထားခဲ့ကြဘူး မဟုတ္လား? ဝိဉာဉ်ရိုးက အရမ်းတန်ဖို့ရှိတဲ့အတွက်..မင်းတို့ ထဲက တစ်ယောက်ကိုပဲ ပေးနိုင်တယ်။..ဘယ်သူ့ကို ပေးရမလဲဆိုတာ မင်းတို့ပြန်တဲ့အခါကြရင်..ဆုံးဖြတ်ကြ။ ဒါပေမယ့်..ဒီဝိဉာဉ်ရိုးကျောင်း..မင်းတို့ရဲ့ အပေါင်းအသင်းဆက်ဆံရေးကို မထိခိုက်စေနဲ့..။ ဒီငါရွေးပေးလိုက်တဲ့ ဝိဉာဉ်ရိုးက တိုက်ခိုက်ရေးသမားအတွက်ရော ထိန်းချုပ်ရေးသမားအတွက်ပါ အသုံးပြုလို့ရတယ်။ ဒီ ဘယ်ဘက်ဝိဉာဉ်ရိုးကို မိစၦာ ကျားသစ် တစ်ကောင်ကနေ ရရှိထားတယ်။ သူက အမြန်နှုန်းနဲ့ ခုခံတဲ့စွမ်းရည်ကိုပေးတယ်။ ဒါကြောင့်..သိုင်းဝိဉာဉ်အလိုက် သူပေးတဲ့ စွမ်းရည်က ကွဲပါးသွားတယ်။ ဒီ ဝိဉာဉ်ရိုးက..တန်ဖိုးကြီး တဲ့အတွက်..လျှိုဝှက်ထားရမယ် ဆိုတာ မင်းတို့ သိလောက်မှာပါ အပိုင်း ၃၃ မျှော်
zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*