ဖတ်မရသူတေအောက်အထိဆွဲကြည့်ပါ Soul land နိုဗယ် 2 အပိုင်း 32 ပထမပိုင်း
အပိုင်း ၃၂ ပထမပိုင်းအသင်းထဲမှာ..ယွီဟောက်ရဲ့ အရေးပါပုံကို..ရှောင်နဲ့ ဂမ်တုံတို့ပဲသိတယ်။ ဆရာမကျော့က စင်မြင့်ပေါ်ကနေ ဆင်းလာတယ်။ အမြဲတမ်း..စည်းကမ်းတင်းကြပ်နေတဲ့ဆရာမက ပျော်ရွှင်ပီတိ ဖြစ်ပြီး..ယွီဟောက်တို့ဆီပြေးလာကာ..၃ ယောက်လုံးကို ဖက်လိုက်တယ်။ တိုက်ဟူဘင်တို့..ဆရာမလဲ သူတို့ဆီကို..နှစ်သိမ့်ဖို့ရောက်လာတယ်။ တိုက်ဟူဘင် မျက်နှာ အမူအရာက မပြောင်းပဲ..လက်သီးဆုပ်လိုက်ကာ.. နောက်တစ်ခါ..ငါ မရှုံးစေရဘူး..”။ ချန်ပီယံ အသင်းကို တစ်ကျောင်းလုံးကို ပြန့်သွားတယ်။ ဒီညနေတော့..ယုဟောက်က ငါးကင်မရောင်းဖြစ်ပေ။ ဒါပေမယ့်.. ကျောင်းအပြင်ဘက်ကို ထွက်ပြီး..ထန်ရာ၊ပိုင်ပိုင်၊ဝမ်တုံ၊ရှောင်ရှောင်တို့ပတွက် သူ ငါးကင်ပေးတယ်။ ထန်ရာနဲ့ ပိုင်ပိုင်တို့က… ပြိုင်ပွဲမှာ ဝိဥာဉ်ကွင်း ၃ ကွင်း ရှိတဲ့အသင်းကို ကြားကတည်းက..ယွီဟောက်တို့အသင်း..ချန်ပီယံ မဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့တယ်။
ထန်ရာက ” ဝမ်တုံ.. ငါတို့ရဲ့ ထန်ဂိုဏ်းကို..နင် ဂင်ချင်သေးလား?”။ ဝမ်တုံခေါင်းညှိတ်လိုက်ပြီး ” ဒါပေါ့..ကျတော် ဝင်ချင်တာပေါ့”။ ထန်ရာ ပြုံးလိုက်ပြီး ” နင်..ချန်ပီယံဖြစ်လာတေ့..ဒီထန်ဂိုဏ်းချုပ်ရဲ့ စကားကို တည်ပေးရမှာပေါ့၊ ငါကတိပေးထားတဲ့အတွက်..နင်ကို ဂိုဏ်းထဲပေးဝင်မယ်..ရှောင်ရှောင်..နင်ရော..ထန်ဂိုဏ်းထဲ ဝင်ဖို့ ဆန္ဒ ရှိလား?”။ ရှောင်ရှောင်က ” ထန်ဂိုဏ်း..?”။ ထန်ရာက ” ဟူတ်တယ်..ထန်ဂိုဏ်း..။ နင်ဝင်လာရင်..ငါတို့ရဲ့ ဂိုဏ်းက နင်ကို ဘာမှ ထွေထွေထူးထူးပေးစရာမရှိဘူး..ဒါပေမယ့်ငါတို့ရဲ့ ဂိုဏ်းငါးကိုတော့..တန်ဖိုးထားပြီး..ထန်ဂိုဏ်းရဲ့ လျှိုဝှက်ဝမ်းနည်းလမ်းတွေကို သင်ကြားပေးတယ်။ ရှောင်ရှောင်ပြုံးလိုက်ပြီး ” ကျွန်မလဲ ဝင်မယ်..အမရှောင်ရာ..ယွီဟောက်အသုံးပြုတဲ့ ခြေလျှောက်သိုက်းကွက်တွေကို သင်ချင်တယ် “။
ထန်ရာခေါင်းညှိတ်လိုက်ပြီး ” ကိစ္စမရှိဘူး.. ငါတို့ ပြန်တဲ့အခါကျရင်..နင်တို့ ၂ ယောက်လုံးကို သင်ပေးမယ်၊ ဝမ်တုံနဲ့ ရှောင်ရှောင်တို့က ထန်ဂိုဏ်းကို ဒီလိုမျိုး..လွယ်လွယ်နဲ့..ဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အခု ယွီဟောက်က..အားနည်းနေပေမယ့်..သူ့ရဲ့ တည်ငြိမ်မှုက..ဝမ်တုံထက်သာတယ်။ အနာဂတ်မှာ..ယွီဟောက်က ဝမ်တုံကို လိုက်လာနိုင်မယ်လို့ သူမယုံကြည်နေတယ်။ ဒါကြောင့်..သူတို့နဲ့ တစ်ဖွဲ့နေတာက သူမအတွက် တက်လမ်းရှိတယ်လို့ သူမဆုံးဖြတ်ခဲ့တယ်။ ယွီဟောက်ရဲ့ ဝိဥာဉ်ဝေမျှခြင်းကို သူမ သိခဲ့ပြီးပြီ၊ တက်ယလို့ သူတို့ ၃ယောက်သာ အတွင်းစည်း တပည့်ဖြစ်သွားရင်..ရှီလာခေ့ကျောင်းမှာ ၁၀ နှစ်လောက် အတူတူနေရပြီး။ ဒီလိုမျိုးဆို..သူတို့ ကျောင်းပြီး..ဘွဲ့ရလို့..ကျောင်းကနေ ထွက်သွားတဲ့အခါကျရင်.. သန်မာတဲ့ ဝိဥာဉ်မာစတားအဖွဲ့တွေ ဖြစ်လာကြလိမ့်မယ်။အခု ထန်ဂိုဏ်းမှာ လူ ၅ ယောက်ဖြစ်လာပြီး။
ပိုင်ပိုင်က ” အခု မင်းတို့တွေ..ပထမစစ်ဆေးမှုကို အောင်သွားတဲ့အတွက်..မတူညီတဲ့ အတန်းတွေမှာ နေကြရတော့မယ်။ဒါပေမယ့်..တိုက်ခိုက်ရေးနဲ့ ထိန်းချုပ်တဲ့ဝိဥာဉ်မာစတားတွေက တစ်မိသားစုတွေ ဖြစ်တဲ့အတွက်..ဒါကြောင့် မင်းတို့တွေ တစ်ခန်းထဲမှာပဲ နေရလိမ့်မယ်။ ဒီဟာကိုတော့ယွီဟောက်ကို မပြောတော့ဘူး၊ ငါတို့ထန်ဂိုဏ်းက လက်နက်ပုန်းကြောင့်..ကျော်ကြားတယ်ဆိုတာ မင်းတို့ သိကြမှာပါ၊ဒါ ပေမယ့်..ဝိဥာဉ်လက်နက်ပေါ်ပေါက်လာမှုကြောင့်..လက်နက်ပုန်းတွေ ပျောက်ကွယ်လူနီးပါး ဖြစ်သွားတယ်။ဒါ ကြောင့်..ငါတို့ရဲ့ ထန်ဂိုဏ်းက ကျဆင်းလာတယ်။ အခု ငါတို့ လုပ်ရမယ့်..လက်နက်ပုန်းက အရင်ကလိုမျိုး ပြန်လုပ်လို့ မဖြစ်တော့ဘူး။ ဂိုဏ်းပြန်တိုးတက်လာဖို့က..လက်နက်ပုန်းတွေကို ဝိဥာဉ်လက်နက်နဲ့ ပေါင်းစပ်ရမယ်၊ ဝိဥာဉ်လက်နက်ကို မင်းတို့ ဘယလိုထင်လဲ? မင်းတို့..ပထမနှစ် ကျောင်းသားဖြစ်ဘာပြီးဆိုတော့..သူတို့ကို သင်ယူသင့်တယ်”။
ဝမ်တုံနဲ့ ရှောင်ရှောင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ရှောင်ရှောင်က ” ကျွန်မမှာ အမွှာသိုင်းဝိဥာဉ်ဖြစ်တဲ့အတွက်..ဝိဥာဉ်လက်နက်ကို လေ့လာရင်.. သိုင်းဝိဥာဉ်ကို ကျင့်ကြံဖို့ အချိန်မရတော့ဘူး။ဝိဥာဉ်မာစတားတွေက သူတို့ရဲ့ သိုင်းဝိဥာဉ်အပိုင်းကို အရင် ဦးစားပေးပြီးမှာ တစ်ခြားအရာကို လုပ်ရတယ် မဟူတ်လား? ဝမ်တုံခေါင်းညှိတ်လိုက်ပြီး ” ကျတော်လဲ ရှောင်ရှောင်ရဲ့ အမြင်ကို သဘောတူတယ်..ဝိဥာဉ်လက်နက်လုပ်ရတာက သိပ်မကြိုက်နှစ်သက်ဘူး”။ ထန်ရာရယ်လိုက်ပြီး ” ဒါက..သိုင်ဝိဥာဉ်ဌာနက လူတွေ ဒီလိုပဲ စဉ်းစားတယ်…ပိုင်ပိုင်နဲ့ ငါရောပဲ..တက်ာလို့..ဝိဥာဉ်လက်နက်ကို လေ့လာရင်..ပျင့်ကြံဖို့ အချိန်မရှိတော့ဘူး။ ထန်ဂိုဏ်းက နငတို့ကို အတင်းပေးမလေ့လာခိုင်းပါဘူး။ နောက်မှ..ဝိဥာဉ်လက်နက်ကို စိတ်ဝင်သားတဲ့သူတွေကို ဂိုဏ်းထဲခေါ်သွင်းရမယ်..” ။
သို့သော်လဲ ယွီဟောက်က ” ဆရာ ရှောင်ရာ..ကျွန်တော် ဝိဥာဉ်လက်နက် လေ့လာချင်တယ်..”။ ထန်ရာမျက်လုံးတောက်ပလာပြီး ” ယွီဟောက်..နင်က လေ့လာလျင်နေတာလား?ယွီဟောက်ခေါင်းညှိန်လိုက်တယ်” ဝိဥာဉ်လက်နက်တွေက..လက်နက်ပုန်နဲ့ ပေါင်းစပ်လိုက်ရင်..ကျွန်တော်ရဲ့ ထန်ဂိုဏ်းလက်နက်က ပိုပြီး ပြည့်စုံလာမယ်။ ကျတော် အရင်လေ့လာကြည့်မယ်..တကယ်..သူတို့ကို လေ့လာတဲ့အပိုင်းမှာ ပါရမီရှိရင်..သူတို့ကို မုချလေ့လာပြီး..ပါရမီမရှိရင်တော့..ကျတော်ရပ်လိုက်မယ်..”။ထနိရာက” ကောင်းတယ်..ကောင်းတယ်..၊ ဒီဝိဥာဉ်လက်နက်က နင်နဲ့ သင့်တော်တယ်။ နင်က စိတ်သိုင်းဝိဥာဉ်ဆိုတော့..ရန်သူတွေကို တိုက်လိုက်တာ အားနည်းတယ်၊ တကယ်လို့ နင်မှာသာ..ဝိဥာဉ်လက်နက်ရှိရင်..ပိုသန်မာလာလိမ့်မယ်” ။
ပိုင်ပိုင်က ” ညီလေး..ယုဟောက်..မင်းရဲ့ အချိန်ကိုတော့..သေချာစီမံခန့်ခွဲရမယ်၊ ဒီ ဝိဥာဉ်လက်နက်ထဲမှာပဲ အချိန်မဖြုန်းနေ နဲ့အုံး၊ ဝိဥာဉ်ကွင်းနဲ့ ဝိဥာဉ်အဆင့်တွေက ဝိဥာဉ်မာစတားတွေရဲ့ အခြေ ခံပဲ။ တစ်ချို့ အဆင့်မြင့်တဲ့ ဝိဥာဉ်လက်နက်တွေက ဝိဥာဉ်စွမ်းအားတွေ အများကြီးသုံးရတယ်”။” ဟူတ်ကဲ့..စီနီယာ ” ဆိုပြီး ယွီဟောက် ခေါင်းညှိတ်လိုက်တယ်။ အမှန်တော့..ယွီဟောက်က..ပုံသေ ဝိဥာဉ်လက်နက်တွေကို တွေ့ပြီးကတည်းက သူစိတ်ဝင်စားသွားတယ်။ လက်စားချေနိုင်ဖို့အတွက်..သူ့ကို အင်အားကြီးလာစေမယ့်အရာ အားလုံးကို သူ..သိမ်းယူမယ်။ ဝိဥာဉ်လက်နက်ကို အရင်မလေ့လာကြည့်ဘူးဆိုရင်..ဝိဥာဉ်လက်နက်ရဲ့..အသုံးဝင်ပုံကို ဘယ်လိုလုပ်ပြီး သိလာနိုင်မှာလဲ?။ထန်ရာက ” အဲဒီ ဝိဥာဉ်လက်နင် ဌာနမှာ..နင်တရားကျင့်ချင်ရင်တောင် တရားကျင့်လို့ရမှာ မဟူတ်ဘူး။ယု ဟောက်..နင်ဝိဥာဉ်လက်နက် အဖွဲ့အစည်းထဲကို မဝင်နိုင်ရင် နင်ရဲ့ ကျင့်စဉ်ကိုပဲ အာရုံစိုက်ရမယ်နော်..”။
ယွီဟောက်က ” ဆရာရှောင်ရာ..ဘာလို့ ကျတော်က ဝိဥာဉ်လက်နက်အဖွဲ့အစည်းထဲကို ဝင်လို့မရမှာလဲ?” ထန်ရာက ” ဒီ ပထမနှစ် စစ်ဆေးတဲ့ ပြိုင်ပွဲရဲ့ ဆုလာဒ်တွေက ဘာလဲ ဆိုတာ နင်သိလား?”။ ဆု အကြောင်းပြောတော့..ဝမ်တုံ ရှောင်ရှောင်တို့ မျက်လုံးတောက်ပလာတယ်။ ဝမ်တုံက ” ဆရာရှောင်ရာ..ကျတော်တို့ရဲ့ ဆုလာဒ်က ဘာဖြစ်မလဲ? ထန်ရာက ” နှစ်တိုင်း ပေးနေကျ ဆုကတော့ နည်းနည်းကွဲပြားတယ်။ တစ်ုခါးနှစ်တွေတော့ မသိဘူး၊ ဒါပေမယ်ြ..ဒီပထမနှစ်ထဲမှာ..ဝိဥာဉ် ၃ ကွင်းပါလာတဲ့ကျောင်းငါးတွေ တစ်ခါမှ မတွေ့ဖူးဘူး။ တစ်ခြားဆုတွေကို ငါမသိပေမယ့်..သေချာတဲ့ ဆုကတော့..နင်ကို အတွင်းစည်းတပည့်ဖြစ်ဖို့ အခွင့်ရေးပေးတယ်..”။ ” အတွင်းစည်းတပည့်..” ဒါကို..ဆရာမကျော့က သူတို့ကို ခဏခဏပြောနေတယ်။
ထန်ရာခေါင်းညှိတ်လိုက်ပြီး ” နင်တို့က ချန်ပီယံအသင်း ဖြစ်တဲ့အတွက်..သိုင်းဝိဥာဉ်ဌာနမှာ အတွင်းသည်းတပည့်ဖြစိလာဖို့က..ပြဿနာမဟုတ်ဘူး။ နင်တို့တွေ အတွင်းသည်းတပည့်ဖြစ်သွားတာနဲ့ ကျောင်းက..နင်တို့ကို အများကြီးထောက်ပံ့ပေးလိမ့်မယ်။ ဒါကြောင့်..သိုင်းဝိဥာဉ်ဌာနက လူတွေနင်တို့ကို..ဝိဥာဉ်လက်နက် ဌာနထဲကို ပေးမဝင်ခိုင်းကြတာ၊ နောက်ပြီး.. သိုင်းဝိဥာဉ်ဌာနက ဒီကျောင်းထဲမှာ..အရေးပါတဲ့ ဌာနတစ်ခုပဲ”။ နောက်တစ်နေ့ရောက်တော့…ကျောင်းကွက်လပ်တွင်..ဒါရိုက်တာ ဒူဝေလင်နဲ့ ဆရာမကျော့၊ ဆရာဝမ်ရန်တို့ရှိနေကြတယ်။ ကွင်းပြင်မှာတော့..စာမေးပွဲအောင်သွားတဲ့ကျောင်းသားတွေ မတ်တပ်ရပ်နေကြတယ်။ ဒူဝေလန်က” အခု ပြိုင်ပွဲက ပြီးဆုံးသွားတာကို အားလုံးသိနေကြမှာပါ၊ ငါအခု..အထိပ်ဆုံး ၃ သင်းကို ဆုပေးဖို့ပြောတော့မယ်။တတိယ နေရာကို ရသွားတဲ့အသင်းကတော့..ဟန်ချူထင် အသင်းပဲ ဖြစ်ပါတယ်။ ဟန်ချုထင်၊ လန်စုစုနဲ့..လန်လု့လု့တို့..ဆုလက်ခံရယူရန်..အရှေ့ကို ထွက်လာခဲ့ပါ..”။ ၃ ယောက်လုံး ထွက်သွားပြီး..ဆုလက်ခံယူကြကာ..ကျောင်းသားတွေ လက်ခုပ်သီးကေးကြတယ်။..” ဒုတိယ ဆုကတော့..တိုက်ဟူဘင် အသင်းပဲ ဖြစ်ပါတယ်..၊ တိုက်ဟူဘင်၊ ကျူလု့နဲ့ ချိုက်ရာ့ကျိတို့ အရှေ့ကို ထွက်လာခဲ့ပါ…”။ ကျောင်းသားတွေ နောက်ထပ် လက်ခုပ်သံပေးကြတယ်။ ” နောက်တစ်သင်းကတော့..ချန်ပီယံ အသင်းဖြစ်တဲ့..ဝမ်တုံအသင်း…၊ အဖွဲ့ဝင်..ဝမ်တုံ..ရှောင်ရှောင်နဲ့ ယွီဟောက်တို့ပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေ အားလုံး လက်ခုပ်သီးနေချိန်မှာ..ဒူဝေလန်ရဲ့..ကြေညာချက်ကြောင့်..ယွီဟောက်တို့ အသင်းသား ၃ယောက်လုံး အံ့ သြ သွားတယ်။ အတန်း ၁ မှာ ပေးထားတဲ့နာမည်က..ဟူယွီဟောက်ပသင်းပါ..ဘာလို့လဲဆိုတော့..ယွီဟောက်က ခေါင်းဆောင်ဖြစ်နေလို့ပဲ။ သူတို့ ၃ ယောက် ထွက်လာကြပေမယ့်..ဝမ်တုံနဲ့ ရှောင်ရှောင်တို့က ဖြည်းဖြည်းလျှောက်လိုက်ပြီး..ယွီဟောက်ကို အရှေ့ပေးလျှောက်စေတယ်။ ဒူဝေလန်က ” ..ဟုတ်ပြီး..ဒီ ထိပ်ဆုံး ၃ သင်းကိုတော့..ဆုလဒ်အနေဖြစ်..သူတို့ရဲ့ ဝိဥာဉ်ကွင်းလိုအပ်လာတဲ့အချိန်ကြရင်..ကျောင်းက သူတို့ကို ချီးမြှင့်ပေးမယ်..”။ ဒီဆုက အရမ်းတန်ဖို့ရှိတဲ့အတွက်..ကျောင်းငါးတွေ အားလုံးအံ့သြ သွားတယ်။ ဥပမာပြောရရင်..တက်ာလို့ ယွီဟောက်က..နှစ် ၇၀၀ သက်တမ်း ဝိဥာဉ်ကွင်းကို စုပ်ယူဖို့ ခံနိုင်ရည်ရှိရင်..ကျောင်းက သူ့ကို နှစ် ၇၀၀ သက်တမ်း..ရှိတဲ့ ဝိဥာဉ်သားရဲပေးမှာ ဖြစ်ပါတယ်.. ဇာတ်သိမ်းမျှော်
zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*