မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိတဘွဲ့ တံဆိပ်တော်ရ စုစုပေါင်း ၁၄ ပါးရှိနေပြီ(ရှယ်ပြီးမျှဝေပေးကြပါအုန်း)

တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို နှစ်စဉ်ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသံဂါယနာတင်မဟာပါသဏ လှိုဏ်ဂူတော်ကြီးတွင် (၃၃)ရက်ကြာ ကျင်းပသည်။

ယခု(၆၉)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော် မူခဲ့သည့် သက်တော်(၄၇)နှစ် ဝါတော်(၂၇)ဝါရှိ အရှင်ဝီရိယာနန္ဒသည် တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့ကို (၁၄)ပါးမြောက်ခံယူရရှိတော်မှုခြင်းဖြစ်သည်။

(၆၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရတိပိဋကကောဝိဒ တစ်ပါး ပေါ်ထွန်းခဲ့ပြီးနောက် (၅)နှစ်အကြာတွင် တိပိဋက ကောဝိဒ သာသနာ့အာဇာနည်တစ်ပါး ထူးထူးခြားခြားပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ကို ယနေ့ထိဆရာတော်(၁၄)ပါး ခံယူရရှိတော်မူပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော်သက်ရှိ ထင်ရှား (၁၀)ပါးရှိကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*