Soul landနိုဗယ် အပိုင်း 182 3D ကာတွန်းအပိုင်း 149 pageကို like shareလုပ်ပေးကြပါအုန်း

Soul Land နိုဗယ် အခန်း ၁၈၃ အကျဉ်းချုပ်
ထန်စန်းက တိုက်တန်နဲ့ဂန်ရှင်းသတ္တုမြို့ကိုသွားဖို့အတွက် နင်ရုန်ရုန်ရဲ့ အရိုးဘိုးဘိုး ဒီရှီလာခေ့ကျောင်းကို ခဏစောင့်ပေးရန် အကူအညီတောင်းလိုက်တယ်။ နင်ရုန်ရုန်လည်း အပြင်မထွက်ရတာကြာတော့ သူ့အဖေဆီသွားပြီး အကျိုးအကြောင်းပြောပြကာ နင်ဖန်ကျိဆီကနေ ရုန်ရုန်အတွက် ဝိဥာဉ်းဒဂါင်္ပြား ၅ သိန်းထပ်ပေါင်းပေးလိုက်တယ်။တစ်ပတ်ကြာပြီးနောက် ဂန်ရှင်း မြို့ကို သွားရန် လှည်း ၂ စီးက အဆင်သင့်ဖြစ်နေသည်။ တစ်စီးက တော့ ထန်စန်း၊ရှောင်ဝူနှင့်တိုက်တန်တို့ စီးသွားပြီး၊ နောက်တစ်စီးမှာတော့ ရုန်ရုန်၊အောစကာနဲ့ မာဟုန်ကျန်တို့ပဲဖစ်တယ်။ထန်ဂိုဏ်းထဲမှာတော့ ကြံ့အိုကြီးနဲ့ တစ်ခြားသူတွေကို နေရာချဖို့ ချန်ထားခဲ့လိုက်တယ်။ရှောင်ဝူးထန်စန်းရဲ့ပခုံကိုမှီပြီး စီးသွားတယ်။ရှောင်ဝူးနဲ့ ရုန်ရုန် အတူတူရှိနေတဲ့ အတွက်ကြောင့် မိန်းကလေးတွေရဲ့ ဝေယာဝစ္စတွေကို ထန်စန်း စိတ်မရှုပ်ခံထိတော့ဘူး။ ဒါပေမယ့် ညဘက်ရောက်ရင် ရှောင်ဝူးက ဘယ်သူ့ဆီကိုမှ သွားမအိပ်ပဲ ထန်စန်းဆီမှာပဲ အမြဲအိပ်လေ့ရှိတယ်။ ညဘက်အချိန် ကိုယ်လုံးတီး အိပ်လေ့ရှိတဲ့ရှောင်ဝူးကြောင့် ထမ်စန်းတစ်ယောက်အိပ်မရတော့ဘဲ တရားထိုင်လေ့ကျင့်ကာ ထန်စန်းရဲ့ပေါင်ဟာ ရှောင်ဝူးရဲ့အိပ်ခေါင်းအုံး ဖြစ်လာတယ်။
ထို့နောက် တစ်လနီးပါးခရီးနှင်းလာပြီးနောက် သံထည်သတ္တုအနံတွေနဲ့ လွှမ်းမိုးနေတဲ့ ဂန်ရှင်းမြို့တော်ကို ရောက်လာတယ်။ဖက်တီးလဲ ဒီတစ်လအတွင်း ကျင့်ကြံမှုပေါ်မှာပဲ အာရုံစိုက်ထားတော့ အဆင့် ၅၇ ကနေ ၅၈ သို့တက်သွားတယ်။ဖလန်ဒါ ဖက်တီးကိုပြောဖူးတယ် သူ့ရဲ့ ဖီးနစ်ငှက်မီးဝိဥာဉ်းက အဆင့်၇၀ ရောက်မှ တကယ့်ဖီးနစ်ငှက်ရဲ့ အမြင့်ဆုံးစွမ်းအားကို အသုံးပြုနိုင်ပြီး ဝိဥာဉ်းအဲဗက်တာကိုလည်း အသုံး ပြုနိုင်လိမ့်မယ်။ရှောင်ဝူးကိုဖယ်ထားပြီးတော့ ရှီလာခေ့မွန်စတားတွေထဲမှာ ဖက်တီးတစ်ယောက်ပဲ အဆင့် ၆၀ မရောက်သေးတာ။အဲနောက် သူတို့အားလုံး ဂန်ရှင်းမြို့ကို ဝင်လာပြီး မြို့ရဲ့ ဒီဇိုင်တွေကို လိုက်ငေးကြည့်နေကြတယ်။ တိုက်တန်က ဒီမြို့ဟာ ပန်းပဲဆိုင်တွေအများကြီးရှိပြီး ပန်းပဲဆရာတွေလည်း ဒီမြို့မှာနေမှ တန်ဖိုးရှိကြတာ။တစ်ခြားမြို့ကပန်းပဲဆရာတွေလည်း ဒီမြို့ရဲ့ ပန်းပဲဆရာဝင်ခွင့်စာမေးပွဲ လာဖြေကြပြီး အောင်သွားသူတွေက ဒီမြို့မှာ နေထိုင်ခွင့်ရမယ်။ဖက်တီးက “ဆရာကြီး တိုက်တန် ဒီပန်းပဲဆရာတွေကို အဆင့်တွေနဲ့ ခွဲခြားထားသေးလား? တိုက်တန်က ” အဆင့် ၇ ဆင့်နဲ့ ခွဲခြားထားတယ်။သူတို့ကတော့ အငယ်စားပန်းပဲ၊ အလတ်စားပန်းပဲ၊အမြင့်စားပန်းပဲ၊မာစတား ပန်းပဲ၊ ဂရမ်းမာစတာ ပန်းပဲ၊ စကောလာပန်းပဲနဲ့ ထိပ်ဆုံးဆင့် အံ့ဖွယ်ပန်းပဲ တို့ပဲဖြစ်တယ်။
ထို့နောက် ဖက်တီးက ” ဒါဆို တိုက်တန် ဆရာကြီးက အဆင့်ဘယ်လောက်လဲ? အောစကာ ဖြတ်ပြောလိုက်တယ် ” ဆရာကြီးတိုက်တန်ကပန်းပဲအဖွဲ့စည်းရဲ့ ဒုခေါင်ဆောင်ဆိုတော့ အံ့ဖွယ်အဆင့်ပဲ ဖြစ်မှာပေါ့”။တိုက်တန် ထောက်ခံတဲ့ဟန်နဲ့ ပြုံးပြလိုက်တယ်။ အဲနောက် ထန်းစန်းက “ဒီနယ်မြေမှာ အံ့ဖွယ်အဆင့် ပန်းပဲ ဆရာတွေ ဘယ်နှစ်ယောက်ရှိလဲ?”. တိုက်တန်မျက်နှာမူရာပြောင်းသွားပြီး ” ၃ ယောက်ရှိတယ်။ သူတို့ကတော့ ငါရယ်၊ မင်းအဖေ ထန်ဟောက်ရယ်နဲ့ အခုလက်ရှိ ပန်းပဲခေါင်ဆောင် လူကော တို့ပဲ ဖြစ်တယ်။ ထန်စန်း သူ့အဖေကြောင်း ကြားလိုက်တဲ့အခါမှာ သူ့အဖေအခု လက်ပြတ်သွားတာကို တွေးပြီး ဟတ်ထိ သွားတယ်။ထန်စန်းသူ့အဖေဆီကို သွားလည်ချင်ပေမယ့် အခုသူ့မှာလုပ်စရာတွေအများကြီးရှိနေတော့ သွားလည်ဖို့မအားခဲ့ဘူး။ ဝိဥာဉ်းနန်ဆောင်တွေ ဂိုဏ်း ၇ ဂိုဏ်းရွေးချယ်ပြီးတဲ့အခါကျမှ သူ့အဖေဆီသွားလည်ရန် ဆုံးဖြတ်လိုက်တယ်။ တိုက်တန် ထန်စန်းရဲ့ ပခုံးကို ပွတ်လိုက်ပြီး အများကြီးမတွေးပါနဲ့ သခင်လေး။ သခင်ကြီးရဲ့ ရည်မှန်းချက်တွေ ပြည့်ဖို့အတွက် သူ့မှာ သခင်လေးလိုမျိုး သားကောင်းရတာနာရှိနေပြီးပဲ။ နောက် အခွင့်ရေးရှိခဲ့ရင် ငါကိုလဲ သခင်ကြီးဆီခေါ်သွားပေးပါနော်။
ထိုအချိန်မှာပဲ တစ်ခြားတစ်ဖက်က ဆိုင်တစ်ဆိုင်ကနေ ” ဒီကိုလာကြည့်ကြပါ ဒီ ချပ်ဝတ်တန်ဆာတွေက အခုလက်ရှိ ပန်းပဲခေါင်ဆောင် “လူကော” ရဲ့ ဒုတိယ တပည့်က ထုဆစ်ထားတဲ့ဟာပါ။”လူတွေစုအုံလာကြပြီး တိုက်တန်က ငါတို့သွားကြည့်ကြရအောင်။ ဆိုင်ရဲ့ အရှေ့မှာ လူကောင်ကြီးကြီးတစ်ယောက် မတ်တပ်ရပ်နေပြီး အနောက်ကတစ်ယောက်ကတော့ ငွေရောင်သန်းနေတဲ့ ချပ်ဝတ်တန်ဆာကို တည်းခင်းထားတဲ့ဘေးနှာ မတ်တပ်ရပ်နေတယ်။။တိုက်တန် အဲချပ်ဝတ်တန်ဆာကို ကြည့်လိုက်ပြီး ” အမှိုက်တွေ”ဟု ပြောလိုက်တယ်။ထို့နောက်ဆိုင်ထဲက လူက ” ခင်ဗျာ ဘယ်လိုပြောလိုက်တာလဲ?” တိုက်တန်က ” ဒီချပ်ဝတ်တန်ဆာက အမှိုက်ဖြစ်ရုံသာမက သူ့ကို လုပ်ထားတဲ့ ပန်းပဲဆရာလည်း အမှိုက်ပဲ”။ လူကောင်ကြီးတစ်ယောက်က တိုက်တန်အရှေ့ကို ထွက်လာပြီး ” လူအိုကြီး ခင်ဗျာက ပန်းပဲလက်မှုပညာကိုရော နာလည်ရဲ့လား? ကျွန်တော်ရဲ့ဆရာက အခုလက်ရှိပန်းပဲခေါင်ဆောင် လူကောရဲ့ တပည့်တစ်ယောက်ပဲ။ ကျွန်တော့်ဆရာ လုပ်ထားနဲ့ဟာကို အမှိုက်လို့ ပြောရဲတယ်။ ခင်ဗျာ ကျွန်တော်တို့ရဲ့ အံ့ဖွယ်ပန်းပဲဆရာ အဖွဲ့စည်းကို စော်ကာလိုက်တာပဲ။ ခင်ဗျာ သေသေချာချာ မရှင်းပြသွားရင် ဒီကနေထွက်သွားဖို့ မစဉ်းစားနဲ့”။
ထိုိ့ု့နောက် တိုက်တန်က ” မင်းငါ့ကို ရှင်ပြခိုင်းတယ် မင်းရဲ့ဆရာမပြောနဲ့ ဒီချပ်ဝတ်တန်ဆာကို လူကောကိုယ်တိုင်း လုပ်ထားပါတယ်လို့ ပြောလာရင်တောင် ငါက အမှိုက် ပဲ ဆက်ပြောမယ်။ ဘေးက လူတွေက ဒီအဖြစ်ပျက်ကို စိတ်ဝင်တစား ကြည့်နေကြတယ်။ ပြောရမယ်ဆိုရင် ဒီဂန်ရှင်းမြို့မှာ လူကောရဲ့အရှိန်ဝါက ဝိဥာဉ်းကျောင်းက ပီပီသုန်း အရှိန်ဝါနဲ့ နှိုင်ယှဉ်လို့ရတောင် ရတယ်။ ထိုအချိန်မှာပဲ လူတွေ မကျေနပ်တဲ့ လေသံနဲ့ အုံကြွအော်လိုက်ကြတယ်။ ထန်စန်း ရှောင်ဝူးကို ဆွဲခေါ်လိုက်ပြီး သူ့ရဲ့ ရင်ဘတ်ထဲကို ဖက်လိုက်တယ်။တိုက်တန် ချပ်ဝတ်တန်ဆာဆီ လျှောက်သွားပြီး ” ဘာလဲ မင်းတို့ငါပြောတာကို လက်မခံတာလား?” အဲနောက် တိုက်တန်က ဒီ ချပ်ဝတ်တန်ဆာက ဘာနဲ့လုပ်ထားတယ် ပလာ ပလာ ပလာ ဆိုပြီး ရှင်းပြလိုက်တယ်။ပြောနေချိန်မှာပဲ တိုက်တန် အဲချပ်ဝတ်တန်ဆာကို ကောက်ယူလိုက်တယ်။ ဒီဟာကြီးက အလှဝတ်သက်သက်ပဲ စစ်မြေပြင်မှာ သုံးလို့မရဘူး တကယ့်အမှိုက်ဆိုပြီး ပစ်လွှတ်လိုက်တယ်။ နောက်တစ်ခါစျေးရောင်းရင် လူကောရဲ့ နာမည်ကို အသုံးမချပါနဲ့ မဟုတ်ရင် မင်းကို ဒီ ဂန်ရှင်းမြို့မှာ ခြေချလို့မရအောင် ငါလုပ်ပစ်လိုက်မယ်။ “ခင်ဗျာ.. ခင်ဗျာ ” ကျွန်တော်ခင်ဗျာနဲ့ တိုက်ခိုက်မယ်။ အဲ လူလတ်အရွယ်က သူ့အနောက်ကနေ ဓါးထုတ်ပြီး တိုက်တန်ဆီ ပြန်လာကာ တိုက်တန်က ဝိဥာဉ်းကွင်းမထုတ်ဘဲ ဖိအားနဲ့ ထုတ်လွှတ်လိုက်ချိန်မှာ လူလန်အရွယ်က အဝေးသို့လွင့်ထွက်သွားတယ်။ထိုအချိန်မှာပဲ အနောက်ကနေ အသံတစ်သံထွက်လာတယ် “ဒီမှာ ဘယ်သူက ပြဿနာလာရှာနေတာလဲ?… အခန်း ၁၈၄ သို့မျှော်

Be the first to comment

Leave a Reply

Your email address will not be published.


*