
လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ
လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် ဘေဘီမောင်နဲ့သားဂန်းလည်းအပါအဝင်ဖြစ်ပါတယ်…..။
လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကိုဆက်တိုက်ဆိုသလို မြို့နယ်အနှံ့အပြားမှာပြင်းပြင်းထန်ထန်လုပ်ဆောင်လာကြတာကိုတွေ့မြင်ရပါတယ်။
ဖြိုခွင်းမှုတွေဆက်တိုက်လုပ်လာတာနဲ့အမျှ ပြည်သူတွေဘက်မှာလဲ ထိခိုက်ကျဆုံးမှုတွေဖြစ်ပေါ်နေတာကိုလည်း ပရိသတ်တွေသိမြင်ကြမယ်ထင်ပါတယ်နော်…..။
မကြာသေးမီကလည်း ဘေဘီမောင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ “၉.၃.၂၀၂၁ သာကေတမှာ ခေါင်းပေါက်ငယ်ထိပ်ထိခဲ့တဲ့ဦးကြီး ကို ဘေဘီ သားဂန်းနဲ့အတူ စေတနာရှင်များ၏
အလှူငွေများအားကိုယ်တိုင်ကိုယ်ကျသွားရောက်လှူပေးခဲ့ပါတယ်စေတနာရှင်အလှူငွေ ၃၇၀၀၀၀ဘေဘီနဲ့သားဂန်း ၃၀၀၀၀ စုစုပေါင်း ၄၀၀၀၀၀တိတိလှူပေးခဲ့ပါတယ်ရှင့်
သာကေတ ၈ရပ်ကွက် နဝရတ် ၂လမ်းမှာပါ…..” ဆိုပြီးရေးသားမျှဝေထားခဲ့တာဖြစ်ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Leave a Reply