ဖွေးဖွေး ရဲ့ ရဲရဲတောက် GEN Z တို့အတွက် အားပေးအမှာစကား

ဖွေးဖွေး ရဲ့ ရဲရဲတောက် GEN Z တို့အတွက် အားပေးအမှာစကား

GEN Z ညီမလေး မောင်လေးတို့
ရဲရဲတောက်သတ္တိတွေရှိတာ ကမ္ဘာကရော မဖွေးတို့ Gen Y တွေ ရော Gen X တွေအားလုံးကော မျက်ဝါးထင်ထင် တွေ့ခဲ့ရပြီးပါပြီ …

အားလုံးရဲ့ ပေးဆပ်မှုတွေကြောင့် နိုင်တော့မှာအသေအချာပါ!!!

စစ်အာဏာရှင် ဘက်ကဖြိုခွင်းပါတယ် အကြောင်းပြပြီး သေစေတဲ့လက်နက်တွေသုံး ပြည်သူတွေကိုအကြမ်းဖက် နေတာတောင် ဘာလက်နက်မှမပါပဲ ရင်ကော့ဆန္ဒပြခဲ့ကြ, အချင်းချင်းကာကွယ်ကူညီ ခဲ့ကြတာ တွေ့ရတော့ ရင်ထဲနင့်နေအောင်လေးစားရပါတယ်…

But…တိုင်းပြည် အတွက် ဒီလောက်တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ဓါတ် နဲ့ ဒီလိုသတ္တိခဲ လေးတွေ..
Gen X, Y, Z ဘယ် သူ့ကို မှ ထပ်မဆုံးရှုံးပါရစေနဲ့တော့…

နောက်နေ့ ဆန္ဒပြပါ။ ပြေးစရာရှိ အပီပြန်ပြေး။
ကမ္ဘာကိုသိနေပြီးသားပေမယ့် ထပ်သိအောင်သာ Social Media က ထပ် ပြဖို့ Footage ရရင်ရပါပြီ!
တနေကုန် အပြင်မှာ မနေပါနဲ့ ..!

သုသု ပြော သလို သူတို့ကိုပဲ နေလှန်းထားလိုက်ပါ
I Don’t want to discourage you coz I Respect each and everyone of You out there!
Only Pls do One thing for me if you can…

နှလုံးသားကော ရှက်ကြောရော, ဆင်ခြင်တုံတရားပါ မွေးထဲက ပါမလာတဲ့ အဲ့ စစ်ကျွန်တွေနဲ့ တတ်နိုင်ရင်ထိပ်တိုက် အနီးကပ် မတွေ့ကြပါနဲ့တော့.. .
မတန်လို့!
တန်ဖိုးရှိတဲ့ ဖွေးတို့ပြည်သူ တယောက်မှ ထပ်အပါမခံနိုင်တော့လို့…
နိုင်ကို နိုင်တော့မှာ မို့ အရေးတော်ပုံအောင်တော့မှာမို့ ပိုပါးနပ်ပေးကြပါ…

ပါးပါးနပ်နပ် သတ္တိရှိရှိ ဆက်ရင်ဆိုင်မယ်!
ဒါတွေအားလုံးပြီးတော့မှ ဟိုဘက်ကို တူတူ အားရပါးရ ဟားချင်သေးလို့ !

Be the first to comment

Leave a Reply

Your email address will not be published.


*