မြန်မာ့ ဗိသုကာ ပညာအစွမ်း အံ့ချီး၍ မကုန်နိုင်သော မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ကြီး

မြန်မာ့ ဗိသုကာ ပညာအစွမ်း အံ့ချီး၍ မကုန်နိုင်သော မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ကြီး

မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်သည် မုံရွာမြို့ အဝင် မန္တလေး-မုံရွာ ကားလမ်း ဘေးမှ တစ်မိုင်ခန့် အဝင်တွင် တည်ရှိပါသည်။

မိုးညှင်း ဆရာတော် ဘုရားကြီး ၏ လမ်းညွှန်မှုဖြင့် ဆရာ၊ ဒကာ ညီညွတ်စွာ ၁၉၃၉ ခုနှစ်တွင် စတင် တည်ထားခဲ့ကြသည်။

မြန်မာ့ ဗိသုကာ ပညာအစွမ်း အံ့ချီး၍ မကုန်နိုင်သော စေတီတော်ကြီးကို ဗိသုကာ ဆရာကြီး အမြင့်မြို့ ဆရာဟံက တာဝန်ယူ တည်ထားခဲ့သည်။ မိုးညှင်း မင်းတရားကြီး တည်ထားခဲ့ရာ စေတီတော်ကို အကြောင်းပြု ပြီးမိုးညှင်းကျောင်းတိုက်ဟု အမည်တွင်ခဲ့ရာ မိုးညှင်းကျောင်းတိုက် ဆရာတော် ဘုရားကြီး ကိုယ်တိုင်တည်သော စေတီတော်ကြီးကို မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်ကြီးဟု ခေါ်တွင်ကြပါသည်။

သမ္ဗုဒ္ဓေ ဂါထာအရ ဂဂါင်္ဝါဠု သဲစု မကပွင့်တော်မူပြီးသော မြတ်စွာ ဘုရား ရှင်တို့ ကို ရည်စူးပြီး ဗုဒ္ဓရုပ်ပွားတော်လေးများကို တည်ထားခဲ့သည်။ “မြ၊ ရွှေ၊ ငွေ၊ စိန်၊ သီး ဆောင်း သမ္ဗုဒ္ဓေ ဘုရားပေါင်း ဟု ဆိုကာ ရုပ်ပွားတော်ပေါင်း ၅၈၂၃၆၃ ဆူရှိသည်ဟု မှတ်သားထားရပါသည်။

စာဖတ်သူပရိတ်သတ်ကြီးတွေကိုလည်း သွားရောက်ဖူးမျှော်ဖို့ အကြံပေးလိုပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*