လမ်းမထက်တွင်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ပြည်သူတွေအတွက်ကော်ဖီအေးနဲ့ကြက်ဥပြုတ်များဝေဌလှူဒါန်းခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံ

လမ်းမထက်တွင်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ပြည်သူတွေအတွက်ကော်ဖီအေးနဲ့ကြက်ဥပြုတ်များဝေဌလှူဒါန်းခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံ

လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေသာမကဘဲ နာမည်ကြီးအနုပညာရှင်များနှင့် အခြားသောနယ်ပယ်က ပညာရှင်များစွာလည်း ပူးပေါင်းပါဝင်နေကြတာလည်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့

အနုပညာရှင်များထဲတွင် သရုပ်ဆောင် နေဆန်းတို့ဇနီးမောင်နှံလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ပေးတဲ့အတွက်လည်း ပရိသတ်တွေက လေးစားနေကြတာလည်း ဖြစ်ပါတယ်။

သူငယ်ချင်းမိတ်ဆွေများနဲ့အတူ ရန်ကုန်မြို့က လမ်းမထက်တွင် သူတို့ရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသနေကြတဲ့ ပြည်သူတွေအတွက် နေ့စဉ် စားစရာ၊ သောက်စရာများအား လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။

သူတို့ရဲ့ လှူဒါန်းမှုတွေကိုလည်း သာဓုခေါ်ဆိုနိုင်ရန် လူမှုကွန်ယက်စာမျက်နှာထက်တွင် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ နေဆန်းတို့ ဇနီးမောင်နှံဟာ ကျရာအခန်းကဏ္ဍကနေ ပြည်သူတွေနဲ့အတူ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဆောင်ရွက်နေတာဟာလည်း ချီးကျူးစရာကောင်းလွန်းပါတယ်နော်။

လမ်းမထက်တွင်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ပြည်သူတွေအတွက်ကော်ဖီအေးနဲ့ကြက်ဥပြုတ်များဝေဌလှူဒါန်းခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ” မနေ့က လုပ်အားဒါနကုသိုလ် အလှူလေးပါရှင်

(23.2.2021)UN ရုံးရှေ့ရောက်တယဆူးလေ လည်းရောက်ခဲ့ပါသေးတယ် ကော်ဖီ အေး နဲ့ကြက်ဥပြုတ် ဝေငှလှူဒါန်းပါတယ်ရှင် ကော်ဖီ အေးအေးလေးက လူကြိုက်အရမ်းများလို့ အများကြီးပါလည်း ဝေရတာ ခဏလေးရယ်

လှူပေးတဲ့အလှူရှင်အပေါင်းသူတော်ကောင်းများကိုလည်း ကျေးဇူးတင်ပါတယ်နော်
ဒီထက်မကလှူနိုင်ပါစေရှင်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ အားလုံးပင်ပန်းနေကြတာ သိပေမယ့်လည်း ဒီလူထုလှုပ်ရှားမှုများတွင် ပါဝင်ပူးပေါင်းပေးကြပါဦးလည်း တိုက်တွန်းလိုက်ပါရစေနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*