တက်ကြွစွာလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် ထမင်းနဲ့ဟင်းအပြင် အအေးများစွာကိုလိုက်ဝေငှခဲ့တဲ့ အလင်းရောင်

တက်ကြွစွာလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် ထမင်းနဲ့ဟင်းအပြင် အအေးများစွာကိုလိုက်ဝေငှခဲ့တဲ့ အလင်းရောင်

မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး အလင်းရောင်ကတော့ ဗလတောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်ပါတယ်။

ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ အလင်းရောင်က အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

အလင်းရောင်ကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူနဲ့အတူ ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်ကာ ပါဝင်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်များကိုလည်း ပရိသတ်တွေ သိရှိနိုင်စေရန် အချိန်နဲ့တစ်ပြေးညီ အဆက်မပြတ်ဖော်ပြလေ့ရှိပါတယ်။

လှုထုလှုပ်ရှားမှုတွေမှာ ရဲရဲဝံ့ဝံ့ရပ်တည်ကာ ပါဝင်ခဲ့သလို တတ်နိုင်တဲ့ဘက်ကနေလည်း လိုအပ်တဲ့ပစ္စည်းတွေနဲ့ အစားအသောက်တွေကို လှူဒါန်းကာ ကူညီအားဖြည့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခုလည်း တက်ကြွစွာလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအစားအသောက်အဆင်ပြေစေရန် ထမင်းဟင်းနဲ့ အအေးများစွာကို သူငယ်ချင်းတွေနဲ့အတူ လှူဒါန်းခဲ့ကြောင်းသူရဲ့အကောင့်လေးမှာ အလှူပုံလေးတွေနဲ့အတူ “

ဒီနေ့ မြေနီကုန်းမှာ Protesters တွေအတွက် ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ( 288 ) ပွဲ Pocari Sweat ( 120 ) ဗူး Heffey Skincare ( 700 ) နဲ့ ရေသန့်များကို သူငယ်ချင်းတွေနဲ့အတူ လှူဒါန်းဖြစ်ပါတယ် …..သနပ်ခါးကိုယ်စီနဲ့

နေပူပူအောက်က ကြွေးကြော်သံတွေကတော့ ညံမစဲပါပဲ …..အရေးတော်ပုံ အောင်ရမည် “ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*