မြန်မာနိုင်ငံကြီး အမြန်ဆုံးငြိမ်းချမ်းဖို့အတွက် ပရိတ်ရွတ်ဖတ်ကာ ကုသိုလ်ကောင်းမှုပြုလုပ်နေတဲ့ သင်ဇာဝင့်ကျော်

သင်ဇာက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။

ဒါ့အပြင် လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်

အခုလည်း မြန်မာနိုင်ငံကြီး အမြန်ဆုံးငြိမ်းချမ်းဖို့အတွက် ပရိတ်ရွတ်ဖတ်ကာ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ပုံလေးတွေနဲ့အတူ ” ယနေ့ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှူတို့ကြောင့် မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ သမ္မတကြီးနဲ့ အမေစုလဲ အမြန်ဆုံးပြန်လည် လွှတ်မြောက်ပါစေ “ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*