ရှေ့ကဦးဆောင်ကာလူငယ်တွေရဲ့ အနာဂတ်အတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ခင်လှိုင်

ရှေ့ကဦးဆောင်ကာလူငယ်တွေရဲ့ အနာဂတ်အတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ခင်လှိုင်

ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းဒရမ်မာမျိုးစုံကို ပိုင်နိုင်စွာလုပ်ဆောင်နိုင်တဲ့ ဦးခင်လှိုင်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်‌။သူဟာအနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင်အောင် ရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။

ခင်လှိုင်ကတော့ ခုချိန်မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အားကောင်းလာနေတာဖြစ်ပြီး အနုပညာရှင်တွေအပါအဝင်ပြည်သူတွေကပါ တက်ကြွစွာပါ၀င်လှုပ်ရှားနေကြတာဖြစ်ပါတယ်။

ခင်လှိုင်အပြင်အခြားသောအနုပညာရှင်များစွာကလည်း လက်ရှိလှုပ်ရှားမှုတွေမှာ အားတက်သရောပါ၀င်ကြတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အခုလည်း ခင်လှိုင်က အင်ဒိုနီးရှားသံရုံးရှေ့ကိုသွားရောက်ကာ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။တိုင်းပြည်အတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်ခဲ့တဲ့ ခင်လှိုင်ရဲ့ စိတ်ဓာတ်ကိုလေးစားမိတာကြောင့် ဂုဏ်ပြုပေးလိုက်ပါရစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*