အားလုံးမျက်ရည်ကျခဲ့ရတဲ့ ဦးဇင်ဝိုင်းအတွက် မင်းမော်ကွန်းတို့ညီအကို ရေးတဲ့စာလေး…

အားလုံးမျက်ရည်ကျခဲ့ရတဲ့ ဦးဇင်ဝိုင်းအတွက် မင်းမော်ကွန်းတို့ညီအကို ရေးတဲ့စာလေး

အဖေနားပါအဖေ သားတို့တောင်လူရောစိတ်ရောပင်ပန်းနေတာ အဖေဆိုပိုပင်ပန်းမှာမပြောပေမယ့် သိနေလို့ပါအဖေရယ် အဖေ့ကိုအရင်လိုထပ်ပြီးနည်းပေါင်းစုံနဲ့နှိပ်စက်တာမခံစေချင်ပါဘူး သားတာဝန်ထားပါအဖေ.အမေ့ကိုပဲစောင့်လျှောက်ပေးပါ အိမ်မှာအဖေနဲ့သားတစ်ယောက်ယောက်တော့ရှိနေမှဖြစ်မှာပါ..လို့ မင်းမော်ကွန်းမှ သူ့fbစာမျက်နှာမှာတင်ပြထားသလို.

သို့ အဖေ

သားလေ အဖေ့သားဖြစ်ရတာ သိပ်ဂုဏ်ယူတာပဲ
ကိုယ်မှန်တယ်ထင်ရင် ဘာမဆိုလုပ်ရဲတဲ့စိတ်ဓါတ်
ဘာကိုမှဂရုမစိုက်ဘဲ အမှန်တရားအတွက်ဆိုရှေ့တန်းထွက်ရဲတဲ့ သတ္တိ 🙏🙏🙏

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး သားစိတ်တွေအရမ်းပူနေခဲ့ပါတယ် မရယ်နိုင် မပြုံးနိုင်လောက်အောင်ပါပဲ
အဖေနဲ့ ကိုကို တခုခုဖြစ်မှာသိပ်ကိုစိုးရိမ်တယ်

ဒါပေမဲ့ အဖေနဲ့ဖုန်းပြောပြီးတဲ့ အချိန်ကစပြီး
သားမှာစိုးရိမ်စိတ်တွေမရှိတော့ဘူးအဖေ
အဲဒီနေ့က အဖေ့မျက်လုံးထဲမှာ သိပ်ကိုပြတ်သားတဲ့အရိပ်အယောင်တွေကိုမြင်လိုက်ရတယ်
အမှန်တရားကလွဲရင် ဘယ်ဟာမှအရေးမကြီးဘူးဆိုတာသိလိုက်ရတယ် အဖေအမှန်တရားအတွက်လုပ်နေတယ်ဆိုတာကိုလည်း ပိုပြီးသိလိုက်ရပါတယ်
အဖေပင်ပန်းနေပြီ နောက်နေ့တစ်ရက်တော့ နားလိုက်ပါဦးဆိုတာကို အေးပါအေးပါဆိုပြီး ညနေပိုင်းကိုရအောင်ထွက်သေးတယ်နော် အဖေအသက်ကြီးပြီ အဖေ

၈၈ တုန်းကလည်း အဖေ ဒုက္ခမျိုးစုံနဲ့ပေးဆပ်ခဲ့ပြီးပါပြီ
အခုအချိန်မှာ အဖေဝင်မပါလည်း ဘာမှမဖြစ်ပါဘူး
လူငယ်တွေလုပ်ကြမှာပေါ့ သားတို့လုပ်ရမှာပေါ့
ခေါင်းမာလိုက်တာအဖေရအခုအချိန်မှာ သား အဖေတို့နဲ့ အတူမရှိနိုင်တာကိုခွင့်လွှတ်ပါ အဖေ
သားလည်းအဖေ့ စိတ်ဓါတ်မျိုးတွေရှိချင်လိုက်တာအဖေရယ် သားသာအဖေ့နေရာမှာဆိုရင် ဒီလိုသတ္တိ မျိုးမရှိနိုင်ပါဘူး အဖေကျန်းမာအောင်နေပေးပါအဖေ အားလုံးအဆင်ပြေသွားတဲ့ တစ်နေ့ ဒီပြဿနာကြီးပြီးသွားတဲ့တစ်နေ့ အဖေပြုံးနေတာလေးမြင်ချင်သေးတယ် အဖေ
ချစ်တဲ့ လွမ်းတဲ့ သား…ဆိုပြီး ကြည်သာဌေးလွင်မှလည်း သူ့fbအကောင့်ကနေ ဖခင်နဲ့အကိုဖစ်သူကိုလွမ်းကြောင်း ပိုစ့်တင်ထားပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*