(၂၂၂၂၂) သပိတ်ဆင်နွဲနေကြတဲ့ပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်အားပေးရင်း မုန့်၊ဦးထုတ်နှင့် ရေသန့်အအေးများစွာ လှူဒါန်းနေတဲ့ နေခြည်ဦး

(၂၂၂၂၂) သပိတ်ဆင်နွဲနေကြတဲ့ပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်အားပေးရင်း မုန့်၊ဦးထုတ်နှင့် ရေသန့်အအေးများစွာ လှူဒါန်းနေတဲ့ နေခြည်ဦး

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို Social Influencer တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦးကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက စစ်မိသားစုကနေ မွေးဖွားလာခဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခုလို နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုမှာ ပရိသတ်တွေက ဝေဖန်မှုတွေရှိသလို နေခြည်ကိုယ်တိုင်ကလည်း သူမကို အားပေးတဲ့ ပရိသတ်တွေ လျော့နည်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် နေခြည်ဦးကတော့ အသက်ပြည့်ပြီးတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ တသားတည်းရှိနေပေးတာ ဖြစ်ပါတယ်။

နေခြည်ဦးက ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ မန္တလေးမြို့ စိန်ပန်းရပ်ကွက်က ပြည်သူတွေအတွက် ခြုံစောင်တွေလှူဒါန်းပေးခဲ့သလို ဒီကနေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာလည်း (၂၂၂၂၂) သပိတ်အတွက် လမ်းပေါ်ထွက်လာတဲ့ မိဘပြည်သူတွေကို စားသောက်စရာများ လှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။

နေခြည်ဦးက “လှည်းတန်းက ပြည်သူတွေအတွက်ကြာဇံကြော်ပွဲ (၄၀၀၀) ကျော် ဘဲသားမုန့် (၁၀၀၀) Royal D Hype ရေသန့် ဘူး (၅၀၀၀) ကို ဒီနေ့ သူငယ်ချင်းတွေ စုပြီး လှူဖြစ်ကြပါတယ်။ အားလုံးပဲ ဂရုစိုက်ကြပါ။ နေခြည်တို့ အားလုံးနဲ့အတူတူရှိနေပါမယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

နေခြည်ဦးကတော့ လက်ရှိအချိန်မှာ သူမရဲ့ မိဘအသိုင်းအဝိုင်းကို မေ့ထားပြီး ပြည်သူလူထုနဲ့ တသားတည်းရှိနေပေးမယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*