ရောင်နီသန်းတဲ့နေ့ရက်တွေပြန်ရပြီဆိုရင် သူမတို့ပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြမယ့် ဇာတ်ကားတွေနဲ့ CDM ဝန်ထမ်းတွေကို ကျေးဇူးဆပ်သွားမယ့် အိန္ဒြာကျော်ဇင်

ရောင်နီသန်းတဲ့နေ့ရက်တွေပြန်ရပြီဆိုရင် သူမတို့ပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြမယ့် ဇာတ်ကားတွေနဲ့ CDM ဝန်ထမ်းတွေကို ကျေးဇူးဆပ်သွားမယ့် အိန္ဒြာကျော်ဇင်

အကယ်ဒမီ မင်းသမီးချော အိနြ္ဒာကျော်ဇင်နဲ့ အကယ်ဒမီ မင်းသားပြေတီဦးတို့ကတော့ လူတကာအာရုံစိုက်ခံရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ပေမယ့် အရေးကြီးတဲ့အချိန်မှာ ပြည်သူတွေနဲ့ တသားတည်းအတူတူရှိနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ပြေတီဦးက လက်ရှိမှာတော့ ပုဒ်မ ၅၀၅-က နဲ့တရားစွဲ ဖမ်းဝရမ်းထုတ်ခံထားရပေမယ့် အိနြ္ဒာကျော်ဇင်ကတော့ ပြည်သူတွေနဲ့အတူတူ ဆက်လက်ရပ်တည်ရင်း ပြည်သူတွေနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အိနြ္ဒာကျော်ဇင်က CDM မှာ ပါဝင်ပေးကြတဲ့ ဝန်ထမ်းတွေအတွက် သူမပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ကျေးဇူးဆပ်မယ့်အကြောင်းကို ပြောပြလာပါတယ်။

အိနြ္ဒာကျော်ဇင်က “ဒီအမှောင်တွေလွန်သွားလို့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်တဲ့အခါ ကျွန်မတို့ရဲ့ “THUDRA” Productionမှထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်ရင် CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင် 1000 (ရုပ်ရှင်လက်မှတ်အစောင်ရေ1000) ကို လက်ဆောင်ပေးပါမယ်။CDM ပြည်သူ့ဝန်ထမ်းတွေရဲ့ကျေးဇူးဟာ အားလုံးအပေါ်မှာရှိတဲ့အတွက် တတ်နိုင်သလောက် အသိအမှတ်ပြု ကျေးဇူးဆပ်တဲ့သဘောပါပဲ။ 🙏🙏🙏” ဆိုပြီး လေးစားစွာ ပြောလာတာပဲ ဖြစ်ပါတယ်။

အိနြ္ဒာကျော်ဇင်ကတော့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်ရင် သူမပိုင်ဆိုင်တဲ့”သုဒြာ”ထုတ်လုပ်ရေးကတဆင့် CDM ဝန်ထမ်းတွေကို ကျေးဇူးဆပ်မယ်ဆိုတဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Source: Eaindra Kyaw Zin ‘s fb

Be the first to comment

Leave a Reply

Your email address will not be published.


*