နောက်တပါတ်လည်းရုံးမတက်ကြဖို့ CDM မှာပါဝင်ပေးကြတဲ့ ဝန်ထမ်းတွေကို မမောနိုင် မပန်းနိုင်အောင် တောင်းဆိုရင်း ဆန္ဒဖော်ထုတ်နေတဲ့ ဖွေးစိန်လေး
မင်းသမီးချောလေး ဖွေးဖွေးကတော့ သူမရဲ့ထူးခြားတဲ့ အိုက်တင်တွေနဲ့ ပရိသတ်တွေ အားလုံးရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အ၀ သိမ်းပိုက်ရရှိထားသူလေး ဖြစ်ပါတယ်။
လတ်တလောမှာဆိုရင်တော့ဖွေးဖွေးက ပြည်သူလူထုနဲ့ အတူရပ်တည်ကာ ဆန္ဒထုတ်ဖော်မှုတွေကို မမောမပန်းနိုင်အောင်တက်တက်ကြွကြွလုပ်ဆောင်နေတာတွေ့မြင်ရပါတယ်။
အခုလည်း CDM မှာပါဝင်ပေးကြရန်တောင်းဆိုရင်း ဆန္ဒထုတ်ဖော်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ “CDMers = HEROES !!! နောက်တပတ်လည်း ရုံး မတက်ကြပါနဲ့ဦး ! CDM ပြည်သူ့ဝန်ထမ်းတွေဘက်မှာ ကျွန်တော်/ကျွန်မတို့ အားလုံး ရှိပါတယ် !!
အခု ကြောက်နေရင် နောက်မျိုးဆက်တွေ ခေတ်အဆက် ဆက် ကြောက်သွားရလိမ့်မယ်!!! အရေးတော်ပုံ အောင်ရမည်!!!!!!”ဆိုတဲ့စာလေးကိုဝေမျှ ထားတာဖြစ်ပါတယ်။
..crd(cz)..
Photo – Phway Phway
Leave a Reply