လူမှု့ကွန်ယက်မှာနာမည်ကြီးနေတဲ့ သူရဲ့သတင်းအမှားတွေကြောင့် ပြည်သူတွေလမ်းလွဲမှာစိုးရိမ်နေတဲ့ ဒေါင်း

လူမှု့ကွန်ယက်မှာနာမည်ကြီးနေတဲ့ သူရဲ့သတင်းအမှားတွေကြောင့် ပြည်သူတွေလမ်းလွဲမှာစိုးရိမ်နေတဲ့ ဒေါင်း

သရုပ်ဆောင် မင်းသားချောလေး ဒေါင်းကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်လေးအဖြစ် ရပ်တည်လျက်ရှိနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးနေသူတစ်ယောက် ဖြစ်တာကြောင့်လည်း အားလုံးက လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။ ဒေါင်းဟာ လတ်တလောမှာတော့ ပရိသတ်တစ်ချို့ရဲ့ အထင်မြင်လွဲခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။

သူဟာ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ မမြင်တွေ့ရပဲ ပျောက်ကွယ်နေပြီး အွန်လိုင်းပေါ်မှာသာ သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတဲ့အတွက် အားလုံးက အထင်မြင်လွဲနေရတာလည်း

ဖြစ်ပါတယ်။ မနေ့ညကလည်း ဒေါင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေက မမှန်ကန်ကြောင်းနဲ့ သူ့အတွက်ကြောင့် ပြည်သူတွေ လမ်းလွဲသွားမှာ စိုးရိမ်နေကြောင်းကို အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ” ရိုင်းသွားရင်တောင်းပန်ပါတယ် တိုင်းပြည်အခြေအနေဒီလောက်ဆိုးနေတဲ့အချိန် ကျွန်တော့်သတင်းအမှားတွေကြောင့် ပြည်သူတွေလမ်းလွဲသွားမှာစိုးလို့ပါ အားလုံးအရှိန်အဟုန်မြင့် ဒီမိုကရေစီအတွက် လုပ်ဆောင်ကြမယ်” ဆိုပြီး ပြန်လည်ရှင်းပြပေးထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပြီး
အားလုံးလည်း လမ်းလွဲမရောက်ဘဲ လူထုလှုပ်ရှားမှုတွေနေ့စဉ်လုပ်ကာ မျှော်လင့်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် အမြန်ဆုံးရောက်အောင် ကြိုးစားကြရအောင်ပါနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*