ပြည်သူတွေစည်းလုံးနေတာက အနုပညာသမားတွေခေါင်းဆောင်နေတာမဟုတ်ဘူးလို့ဆိုတဲ့ စိုးပြည့်သဇင်

ပြည်သူတွေစည်းလုံးနေတာက အနုပညာသမားတွေခေါင်းဆောင်နေတာမဟုတ်ဘူးလို့ဆိုတဲ့ စိုးပြည့်သဇင်

သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ လက်ရှိမှာ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေ ရပ်နားထားပြီး ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုအတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။

စိုးပြည့်သဇင်က ပြည်သူထဲက ပြည်သူတစ်ယောက်ပီပီ သူမရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပြီး ပြည်သူတွေ ကလည်း ဘယ်သူ့ခေါင်းဆောင်မှုနောက်မှမလိုက်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်နေတာဖြစ်ကြောင်း အခုလိုပဲ ပြောလာပါတယ်။

“အနုပညာသမားတွေကခေါင်းဆောင်မဟုတ်ပါဘူး။ အနုပညာသမားတွေကြောင့်လည်းပြည် သူကစည်းလုံးနေတာမဟုတ်ပါဘူး။ အနုပညာသမားတွေကတိုက်တွန်းနေလို့သူတို့လုပ်နေကြတာမဟုတ်ပါဘူး။

ပြည်သူတစ်ဦးချင်းစီကအသိစိတ်ဓါတ်နဲ့ခေါင်းဆောင်နေကြတာ။ အားလုံးမှာအသိညာဏ်ရှိကြတယ်။ ပြည်သူကပါးနပ်ပြီးသားအနုပညာသမားများမပါဝင်လည်းပြည်သူကဆက်လုပ်နေကြမှာဘဲ ပြည်သူမှာခေါင်းဆောင်မလိုဘူး။ ပြည်သူအားလုံးကိုယ်တိုင်ခေါင်းဆောင်ပြီးချီတက်နေကြမှာဘဲ……ဒါအမှန်တရားဘဲ…..” ဆိုပြီး ပြောလာ ပါတယ်။

စိုးပြည့်သဇင်ကတော့ အနုပညာသမားတွေကြောင့်လည်း ပြည်သူတွေကစည်းလုံးနေတာမဟုတ်သလို ပြည်သူတွေမှာ ခေါင်းဆောင်မလိုဘူးဆိုပြီး ပြတ်သားစွာ ပြောလာတာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*