YGW မိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်းက ကလေးငယ် ၆၅၀ စာအတွက် ဖြည့်စွက်လှူဒါန်းနိုင်ဖို့ မတည်ပေးမယ်ဆိုတဲ့ မြင့်မြတ်နဲ့ယုန်လေး

knowledge

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ အနုပညာမှာ အောင်မြင်ရုံသာမက သူတစ်ပါးကို ကူညီတတ်တဲ့ စိတ်ထားကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ နေရာတွေကို

တတ်နိုင်သလောက် လှူဒါန်းရင်း နိဗ္ဗာန်ဆော် လုပ်လေ့ရှိတဲ့ ယုန်လေးက ဒီနေ့မှာလည်း ၈၉ မိုင်က YGW မိဘမဲ့ ကလေး စောင့်ရှောက်ရေးကျောင်းလေးမှာ လိုအပ်တာတွေ လှူဒါန်းနိုင်ဖုိ့ သူက (၃)သိန်း မတည်ပြီး အလှူရှင်တွေကို

အလှူခံနေကြောင်း အခုလိုပဲ ပြောလာပါတယ်။ “၈၉ မိုင်က YGW မိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်းလေးမှာ ကလေးလေးတွေ နို့စို့ အရွယ်ကနေ ၁၅ နှစ် လောက်အထိ ရှိပါတယ်။ ကလေး ဦးရေ ၆၅၀ လောက်ရှိပါတယ်။

နို့စို့အရွယ်ကလေးလေးတွေအတွက် နို့မုန့်လုံးဝ မရှိတော့ပါဘူး။ ပညာသင်နေတဲ့ ကလေးလေးတွေအတွက်လည်း စာအုပ် ဒါဇင် ၅၀၀ လိုအပ်နေတယ်လို့ သိရပါတယ်။ ဘုန်းဘုန်း ရှင်ဆေကိန္ဒမှ ဖိနပ် အရံ ၅၀၀ လှူဒါန်းပါတယ်။

ကျွန်တော်တို့ စမတည်ပါတယ်။ ၅ရက်နေ့ ကျွန်တော်ကိုယ်တိုင်သွားမှာပါ။ ကလေးလေးတွေ အတွက် အလှူခံပါတယ်ခင်ဗျာ။ ကျွန်တော်တို့နဲ့ ထည့်ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ယုန်လေးကတော့ အကူအညီလိုအပ်နေတဲ့ နေရာတွေကို သူတတ်နိုင်သလောက် လှူဒါန်းရင်း ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။ ယုန်လေးတို့ရဲ့ အလှူလေး အထမြောက်အောင်မြင်ပြီး အလှူငွေတွေအများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *