ချို့တဲ့သူကို ထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့် ပြန်ပြီးအကျိုးခံစားရတဲ့ လင်မယားနှစ်ယောက်…(အရမ်းကောင်းလွန်းလို့ ဖတ်ကြည့်စေချင်တယ်ဗျာ)

ချို့တဲ့သူကို ထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့် ပြန်ပြီးအကျိုးခံစားရတဲ့ လင်မယားနှစ်ယောက်…

ကျောင်းနှင့်အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်က ထမင်းလာမှာစားတယ်။ ဆိုင်ရှင်နားကပ်ပြီးလေသံတိုးတိုးလေးနှင့်ဟိုလေသားကိုထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ။ရပါတယ်သားရယ်။ ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ်ကြီးက ယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦး။ အော်…ဟင်းချိုနဲ့ငါးပိရည်လည်းထည့်ပေးဖို့မမေ့နဲ့နော်။ ယောက်ျားဖြစ်သူကထမင်းအဖြူတစ်ပွဲကို ကောင်လေးထိုင်နေတဲ့ခုံမှာ သွားချပေးလိုက်တယ်။
ကောင်လေးက သူ့ကိုထပ်မှာတယ်။ ဟိုလေသားအတွက် နောက်ထပ်ဟင်းမပါတဲ့ထမင်းဗလာတစ်ထုတ် ထပ်လုပ်ပေးလို့ ရလားခင်ဗျ။ ကောင်းလေးခမျာ ပြောသာပြောနေရတယ်သူ့မျက်နှာက အတော်လေးအားနာနေတဲ့ပုံပါရပါတယ်။သားရယ်ဒါ နဲ့ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း။ သားညနေကြရင်စားဖို့ပါ ဦး။ ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့မျက်လုံးနှင့်ကြည့်ပြီး အင် ကောင်လေးကြည့်ရတာ မြို့မှာသာကျောင်းလာတက်တယ် အိမ်ကမိဘတွေက ငွေကြေးအခက်ခဲရှိပုံရတယ်။

အမှန်တကယ်တော့ သူတို့လင်မယားကလည်း တစ်နေ့လုပ်တစ်နေ့စားပါ။ ဒီဆိုင်နေရာလေးကိုသူများငှားပေးလို့သာကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ။

မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာရှိပြီးသားပါလေ။ ဟင်းအိုးမှဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့သူဖုံးဖိပြီးထည့်နေမိသည်။ ဒါကို မိန်းမဖြစ်သူကမြင်တော့ ရှင်ဘာလုပ်နေတာလည်း ကောင်းလေးအတွက် ထမင်းထည့်ပေးနေတာလေ။‌အော ရှင်ကလည်းတုံးလိုက်တာ။ ပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား။ ဒီအတိုင်းပေးလည်းရလျှက်သားနဲ့ဘာလဲရှင်ကကျွန်မမြင်မှာ ကြောက်လို့လား ကြောက်စရာမဟုတ်တာ ရှင်ကျွန်မလည်း စာနာထောက်ထားတတ်တဲ့မိန်းမသားတယောက်ပါ။

ဟာ ဒီမိန်းမဘာတွေလာပြောနေတာလည်း ဒီအတိုင်းဗြောင်ပေးတော့ သူ့ကိုအထင်သေးရာရောက်သွားမှာပေါ့ဟ။ ပြီးတော့လည်း သူရှက်သွားရင် နောက်ဆို တို့ဆိုင်ကိုသူဘယ်လိုလုပ်ပြီးလာရဲတော့မလည်း မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီးပီတိဖြစ်မိသည်။

အမ‌လေး ငါ့ယောက်ျားကသနားတတ်ရုံတစ်မျိုးတည်းမဟုတ်ပဲ လူတစ်ယောက်ကိုအဖက်ဖက်က စာနာစိတ်ကလည်း ကြီးမားပါလေရဲ့။ ဒီလိုနဲ့ပဲ ကောင်လေးဟာ သူတို့ဆိုင်မှာလာပြီးကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်။

သူတို့လင်မယားကလည်း တစ်နေ့တစ်မျိုးမရိုးလေအောင်ဟင်းအမျိုးမျိုးကို ထမင်းဖုံး၍ ပေးလေ့ရှိခဲ့တယ်။ ကျောင်းပြီးသွားတော့ ကောင်လေးက သူတို့ဆိုင်ကို ၁ဝနှစ်ကြာမျှတောင်တစ်ခါမှ ရောက်မလာတော့ပါ။

တစ်နေ့တာ့ မြေပိုင်ရှင်က မြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်း ဒီနေရာကရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း လာပြောသောအခါ လင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီး အိမ်မှာထိုင်မိူင်နေကြစဉ် သူတို့နေတဲ့အိမ်နားသို့ကားတစ်စီးကလာ၍ ထိုးရပ်လာသည်။

လူတ‌‌ယောက်က ကားပေါ်မှဆင်းပြီးသူတို့ရှိရာ လျှောက်၍လာသည်။ ကျွန်တော်ကကုမ္မဏီတစ်ခုရဲ့မန်နေဂျာတစ်ဦးပါခင်ဗျ ကျွန်တော့်သူဌေးက အဒေါ်တို့လင်မယားချက်တဲ့ဟင်းကို အရမ်းကြိုက်တဲ့သူတစ်ယောက်ပါ။

အဲဒါကြောင့် ကျွန်တော်တို့ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့တောင်းဆိုထားလို့ပါ။ လင်မယားနှစ်ယောက်အံ့အားသင့်သွားသည်။ သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများလာပြီးစားဖူးပါလိမ့်။ပြီးတော့လည်း သူတို့မှာရှိတာက အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာ ဘယ်လိုမှမဖြစ်နိုင်လို့သူတို့ငြင်းဆိုခဲ့တယ်။ အဲဒီအတွက်မပူပါနဲ့ဗျာ…ကျွန်တော့်သူဌေးက အစစအရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီးချက်ပြုတ်ရုံ သက်သက်ပါ။

အဲဒီသူဌေးက ဘာဖြစ်လို့သူတို့အပေါ်ဒီလောက်ကောင်းနေရတာလည်းဆိုတာ သူတို့နားမလည်ခဲ့။ နောက်ဆုံးတော့သူတို့အပေါ်ကောင်းတဲ့သူဌေးကြီးက တစ်ချိန်က သူတို့ဆီကထမင်းတစ်ထုပ်လုပ်ကျွေးခဲ့ဖူးတဲ့ ကျောင်းသားလေးမှန်းသိရတော့သည်။

ဦးနဲ့အဒေါ်သာ ကျွန်တော့်ကိုမကူညီပေးခဲ့ရင် ကျွန်တော်ဒီလိုဘဝမျိုး ရောက်လာမည်မဟုတ်အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ…လိုတာရှိရင်ပြောပါဘာမှ အားမနာကြပါနဲ့။

စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူး အဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်းထားတတ်ရမယ်…ယခုလို IT ခေတ်မှာ မရှိသူကို ကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ် သူတစ်ပါးကိုကူညီလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးသင့်တယ်။

ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူး စေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ…။

..crd..
မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*