မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့ ထူးခြားပြီးအစွမ်းထက်လှတဲ့ ကရင်လူမျိုးတွေအထွဋ်အမြတ်ထားတဲ့ ဆင်စွယ်ကြီး

မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့ ထူးခြားပြီးအစွမ်းထက်လှတဲ့ ကရင်လူမျိုးတွေအထွဋ်အမြတ်ထားတဲ့ ဆင်စွယ်ကြီး…

ဘယ်သူဘဲယူယူ ဘယ်သူဘဲခိုးခိုး ဘယ်သူဘဲဝှက်ဝှက်
မူလတည်ရှိနေရာကို မပျက်မကွက် ပြန်ရောက်လာတဲ့
မြတ်ဗုဒ္ဓ ပုံတော်ပါရှိတဲ့ တလာခုံးဘာသာဝင် ကရင်လူမျိုးတွေအထွဋ်အမြတ် ထားတဲ့ ဆင်စွယ်တော် ဖစ်ပါတယ်..

ထိုင်း မြန်မာနယ်စပ်ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းကလေးတောခို ကျေးရွာမှာနေထိုင်ကြတဲ့ တာလခုန်း ဘာသာဝင်တွေ သူတို့ရွာမှာ အထဋ်အွမတ်မြတ်ထား ကိုးကွယ်တဲ့ ရှေးဟောင်းဆင်စွယ်တော်ကို မသူတော်အချို့က သူတို့ပိုင်သလိုလို ဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီးလာရောက် ယူဆောင်တာတွေရှိခဲ့ပါတယ်။ မသူတော်တွေဟာ ဆင်စွယ်တော်ကိုရေမြေခြားထိ တိုင်အောင်ယူဆောင် သွားတာမျိုးလည်း ရှိခဲ့ပါတယ်။

သို့ပေမဲ့ အချိန်တန်တော့လည်း မူလတည်နေရာကို ပြန်လည်လို့ရောက်ရှိလာ တာကတော့ ထူးခြားမှုဖြစ်စဉ်တရပ် ဖြစ်တယ်လို့ဒေသခံအချို့က သုံးသပ်ပြောဆိုကြ ပါတယ်။

သက်သတ်လွတ်စားတဲ့ တလာခုံးတွေ ကိုးကွယ်ကြတဲ့ ဆင်စွယ်တော်ကိုအများပြည်သူတွေ မြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

လေးတောခိုရွာက တလာခုံးဘာသာဝင်တွေဟာ လမ်းပန်းခရီးခက်ခဲလှတဲ့တောကြီးမျက်မည်းထဲမှာ သီးသန့်ရွာတည်ပြီး နေထိုင်ကြတာဖြစ်ပါတယ်။

အခုတော့ လေးတောခိုမှာနေထိုင်ကြတဲ့ တလာခုံးဘာသာဝင်အများစုဟာ ထိုင်းနိုင်ငံသားတွေ ဖြစ်နေကြပါပြီး သူတို့ပြောတဲ့စကားကတော့ ပိုးကရင် ဘာသာစကား ဖြစ်ပါတယ်။ တလာခုံးဘာသာဝင် ကရင်လူမျိုးတွေကို လူသိများစေတာ ကတော့ မီးပုံပွဲပူဇော် ကျင်းပတာဘဲဖြစ်ပါတယ်။

မီးပုံပူဇော်တဲ့ပွဲတွေထဲမှာတော့ ကရင်ပြည်နယ် ကျုံဒိုးမြို့က မီးပုံပူဇော်ပွဲဆိုရင် ထူးခြားတဲ့ ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာအထူးထင်ရှား လူသိများပါတယ်။

တလာခုံးဘာသာဝင်တွေကနေ တာဝတိံသာမှာတည်ရှိတဲ့ စူဋ္ဌာမဏိဘုရားကို ရည်စူးပြီးတော့ ကျင်းပကြတဲ့ မီးပုံပူဇော်ပွဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*