ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ သူငယ်ချင်းတွေနဲ့ အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ ဆုမြတ်နိုးဦး

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ သူငယ်ချင်းတွေနဲ့ အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ ဆုမြတ်နိုးဦး..

ညီထွဋ်ခေါင်၊ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့သူငယ်ချင်း(၃)ယောက်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ်စီအောင်မြင်မှုတွေကိုရရှိနေကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။

သူတို့သူငယ်ချင်းသုံးယောက်ဟာ အနုပညာအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်လျက်ရှိပြီး အခွီဗီဒီယိုလေးတွေကိုလည်းရိုက်ကူးကာ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အမြဲမျှဝေပေးလေ့ရှိပါတယ်။

ဒီနေ့မှာတော့သူတို့သူငယ်ချင်းသုံးယောက်ဟာ မိဘမဲ့ကလေးတွေကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ အလှူငွေများတတ်နိုင်သလောက်စုပေါင်းပြီး သွားရောက်လှူဒါန်းခဲ့ပါတယ်။ ညီထွဋ်ခေါင်၊ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့နဲ့အတူသဉ္ဇာမြင့်မိုရ်ကလည်း ပါဝင်လှူဒါန်းခဲ့ပါတယ်။

သူတို့ရဲ့အလှူနဲ့ပတ်သက်ပြီးခိုင်နှင်းဝေက “သရုပ်ဆောင်ကျော်ကျော်၊ညီထွဠ်ခေါင်၊ဆုမြတ်နိုးဦး၊ သဉ္ဓာမြင့်မိုရ်တို့မှကလေးတွေအတွက် အလှုငွေခြောက်သိန်းငါးသောင်းကျပ်အား လာရောက်လှူဒါန်းပေးပါတယ်ရှင် ကလေးတွေကိုချစ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်..ဒီထက်မကအောင်မြင်ပီး သက်ရှည်ကျန်းမာပါကြပါစေရှင်”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း ကျော်ကျော်၊ညီထွဠ်ခေါင်၊ဆုမြတ်နိုးဦးနဲ့သဉ္ဓာမြင့်မိုရ်တို့သူငယ်ချင်း(၄)ယောက်ရဲ့ မွန်မြတ်လှတဲ့အလှူလေးကို သာဓုခေါ်ခဲ့ကြပါဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*