စိတ်ထဲမှာမြင်ရတဲ့အခါတိုင်း ရင်နင့်ဖွယ်ကောင်းတဲ့ မြင်ကွင်း လေးပါ

စိတ်ထဲမှာမြင်ရတဲ့အခါတိုင်း ရင်နင့်ဖွယ်ကောင်းတဲ့ မြင်ကွင်း လေးပါ..

အခုလိုမျိုး သီလရင် ကလေးလေးတွေ၊ ကိုရင် ကလေးလေးတွေကို မြင်တိုင်း ရင်ထဲမှာ အတိုင်းအဆမရှိ ဆို့နင့်မိပါတယ်။

အရွယ်လေးတွေနဲ့ မလိုက်အောင် မနက်အစောကြီးမှာ ဆွမ်းခံထွက်ကြရတယ်။တစ်ချို့ဆိုရင် အဝေးကြီးကနေ ကားတွေအဆင့်ဆင်းစီးပြီးလာခဲ့ကြရပါသတဲ့။ စာသင်ကျောင်းတွေရှေ့ရောက်ရင်အရွယ်တူ ကလေးလေးတွေ ကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းဝင်းထဲ ပြေးလွှားဆော့ကစားနေကြတာကိုအပြင်ဘက်ကနေ ငေးမောပြီး ကြည့်နေတတ်တာလည်း မြင်ဖူးပါရဲ့။သူတို့လေးတွေရဲ့ ဘဝနောက်ကြောင်းဟာ မသာယာလှဘူးဆိုတာ မေးဖို့မလိုအောင် ထင်ရှားပါတယ်..

တော်ပါသေးရဲ့ သာသနာ့ဘောင်ရဲ့ စောင့်ရှောက်မှု အရိပ်အောက်မှာခိုလှုံခွင့်ရသေးလို့ဆိုပြီး စိတ်ဖြေရပါတယ်၊ စောင့်ရှောက်လက်ခံထားတဲ့ ကျောင်းတွေကိုလည်းကျေးဇူးတင်မိပါတယ် ။သာသနာ့ဘောင်မှာဆိုတော့လည်း စည်းကမ်း ဝိနည်းတော်တွေနဲ့အညီ ထိန်းသိမ်း နေထိုင်ရတော့ကလေးတွေ ပင်ပမ်းကြမယ်ဆိုတာကတော့ သေချာပါတယ်။(လူကြီးတွေတောင် လိုက်နာကျင့်ကြံဖို့ခဲယဉ်းတယ် မဟုတ်လား)ကိုယ့်သားသမီးလေးတွေသာ ဆိုတဲ့ အတွေးသက်သက်နဲ့စာနာကြည့်မိတိုင်းကလေးဘဝလေးတွေကို ဆုံးရှုံးသွားတဲ့ သူတို့ရဲ့အဖြစ်ကို သနားမိပါတယ်။

ကိုယ့်သားသမီးလေးသာဆိုရင် အိပ်ပါစေလေဆိုပြီး မနက်အစောကြီး နှိုးရက်မှာ မဟုတ်ပါ နေပူကြဲကြဲကြီးထဲမှာ လမ်းအဝေးကြီးသွားရတဲ့အခါ ချီပိုးသွားမိမှာပါလမ်းဘေးဆိုင်လေးတွေမှာ ဖြစ်သလို ဝင်စားနေတာမျိုး အဖြစ်မခံနိုင်ပါဘူး…ရှင်သန်ရာ လူ့ဘဝမှာ ဘေးဘယာ ဝေးကွာကြပါစေ.. အပူပင်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ပါစေ..

..crd..

Be the first to comment

Leave a Reply

Your email address will not be published.


*