ကြည်ညိုဖူးမျှော်ဖွယ်ရာ ဗောဓိတစ်ထောင် လျောင်းတော်မူရုပ်ပွားတော်မြတ်ကြီး(မုံရွာ)သမိုင်း

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ကြည်ညိုဖူးမြော်ဖွယ်ရာ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး(၉)ဆူရှိပါတယ်..ယခုဖော်ပြပေးမှာကတော့ဗောဓိတစ်ထောင် လျောင်းတော်မူရုပ်ပွားတော်မြတ်ကြီး(မုံရွာ)သမိုင်း
ပဲဖစ်ပါတယ်..

ဗောဓိတစ်ထောင် လျောင်းတော်မူရုပ်ပွားတြော်မတ်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ခတက္ကန်တောင်ရွာမှာ မဟာဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီးက တည်ထားကိုးကွယ်ပူဇော်ခဲ့တာဖြစ်ပါတယ်။

လျောင်းတော်မူရုပ်ပွားတော်ကြီး (၉)ဆူအနက် ဉာဏ်တော်အတောင်(၂၀၀)၊ပေ (၃၀၀)နဲ့ အမြင့်ပေ(၆၀)ရှိတဲ့ ဒုတိယအကြီးဆုံးရုပ်ပွားတော်မြတ်ကြီးတစ်ဆူလည်းဖြစ်ပါတယ်။

လျောင်းတော်မူဘုရားကြီးရဲ့ဦးခေါင်းတော်အမြင့်မှာ အတောင်(၄၀)၊ အမြင့်ပေ(၆၀)ရှိပြီး ဘုရားခြေတော်ရင်းကနေ တောင်ဘက်ကိုလှမ်းမျော်ကြည့်လိုက်ရင် ဖိုးခေါင်တောင်မြေရဲ့သဘာဝအလှကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

လျေားတော်မူမြတ်စွာဘုရားကြီးရဲ့ခြေဖဝါးတော်မှာ စက်တော်ရာတွေနဲ့သရုပ်ဖော်ထားပြီး အလင်းပေါက် လေဝင်ပေါက်တို့ကိုလည်းလုပ်ပေးထားပါတယ်။

ကိုယ်တော်တွင်းကိုလှိုဏ်ခေါင်းပြုလုပ်ထားပြီး နောက်ကျော်ဘက်မှာ ဝင်ပေါက်ပြုလုပ်ထားပါတယ်။

ဝင်ပေါက်မှာ နဂါးနှစ်ကောင်ရုပ်လုံးကိုထုဆစ်ထားပြီး လျောင်းတော်မူကြီးရဲ့လှိုဏ်ခေါင်းထဲကိုရောက်တာနဲ့ ညာဘက်နံရံမှာ အောင်ခြင်းရှစ်ပါး ရုပ်လုံးကြွပုံတွေနဲ့ ပန်းပုသရုပ်ဖော်တွေကိုတွေ့ရမှာဖြစ်ပါတယ်။

ဘယ်ဘက်နံရံမှာတော့ မယ်တော်မာယာရဲ့ဆင်ဖြူတော်အိပ်မက်၊သားတော်ရာဟုလာအမွေတောင်းခန်းတို့ကို ပန်းပုရုပ်လုံးတွေနဲ့စိတ်ဝင်စားဖွယ်ဖြော်ပြထားပါတယ်..

အခု စာဖတ်ပရိတ်သတ်ကြီးလည်း အချိန်ရရင်သွားရောက်
ဖူးမျှော်ဖို့ အကြံပေးချင်ပါတယ် ..

Be the first to comment

Leave a Reply

Your email address will not be published.


*