လာမယ့်အပတ်မှာ အအေးလှိုင်းလက္ခဏာတွေ စတင်လာတော့မယ် (မိုးလေဝသပညာရှင် ဦးချစ်ကျော်)

လာမယ့်အပတ်မှာ အအေးလှိုင်းလက္ခဏာတွေ စတင်လာတော့မယ် (မိုးလေဝသပညာရှင် ဦးချစ်ကျော်)

နိုဝင်ဘာလ ၉ ရက်မှ ၁၆ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ

ဒီလာမယ့် ရက်သတ္တပါတ်က ဆောင်းလက္ခဏါကို ပြသလာမယ့် ရက်သတ္တပါတ် ဖြစ်ပါတယ်။
ဒါပေမဲ့ ယခင်ဆောင်းဦးကာလလို မဟုတ်ဘဲ မြူထူတဖြိုက် မိုးတဖြိုက် နဲ့ မိုးမကင်းတဲ့ ဆောင်းရာသီဦး ကိုခံစားရမှာဖြစ်ပါတယ်။

ဒါက လာနီညာလို့ခေါ်တဲ့ (အေးပြီးစိုစွတ်သော အစွန်းရောက် ရာသီဖေါက်ပြန်မှု)ရဲ့ အာရှတိုက်ပေါ် အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။

တောင်သူတွေ ဆားသမားတွေ ရေလုပ်သားတွေ သိစေလိုတာက ဒီလို လာနီညာ သက်ရောက်မှုရှိတဲ့ ဆောင်းကာလက မြန်မာနိုင်ငံမှာ လေပွေလှိုင်းတွေ မုန်တိုင်းငယ်တွေ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကနေ မိုးတွေ ၁၀ ရက်တခါ ၁၅ ရက်တခါ မြန်မာအောက်ပိုင်း အလယ်ပိုင်းအထက်ပိုင်းတွေကို တလှည့်စီ တပြန်စီ မိုးရွာစေတယ်ဆိုတာ သိထားစေလိုတာပါ။

အခုတပါတ် အစမှာ လေပွေလှိုင်းမိုး မရနိုင်ပေမဲ့ ဒီတပါတ်ရဲ့ နောက်ဆုံးရက်များဖြစ်တဲ့ နိုဝင်ဘာလ ၁၂ရက်နေ့မှ ၁၆ ရက်မှာ နောက်ထပ် ဖိလစ်ပိုင်ဘက်လာမဲ့ မုန်တိုင်းအကြွင်းအကျန်ကြောင့် တနင်္သာရီ မွန် ကရင်ပြည်နယ် ပဲခူးရန်ကုန် မိုးခပ်ကျဲကျဲ ပြန်ရွာလာနိုင်ပါတယ်။

ဒီရက်တွေမှာ မြန်မာပင်လယ်ပြင်က ရေလုပ်သားများလည်း တဖန်ပြန်ပြီး ပင်လယ်မိုးလေဝသအခြေအနေကို အလေးထားဖို့ လိုပါကြောင်း အသိပေးလိုပါတယ်။..

Crd

U chit kyaw(မိုး/ဇလ)

Be the first to comment

Leave a Reply

Your email address will not be published.


*