အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို ဝင်ရင် ဘုန်းနိမ့်ပါသလား ဘုရား

knowledge

”နိမ့်တယ်ထင်ရင် နိမ့်ပါတယ် မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး” ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာမဟုတ်ပဲ ”ထင်”ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ ထင်တာပါ။ပိတ်စတစ်ခုပဲ ဖြစ်တဲ့ ထဘီလို နူးညံ့တဲ့ပိတ်စ တစ်ခုဟာ သင့်ကို ဘယ်လိုများ ဒုက္ခ ရောက်စေမလဲ ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလို မဟုတ်ပြန်ဘူး။”ဘုန်းနိမ့်ပြီဟဲ့” ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feelingဘက်ကိုရောက်သွားတယ် စိတ်အလိုမကျ ဖြစ်စေတယ်… စိတ်ကို နောက်ကျိစေတယ်၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ””ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား””အဓိပ္ပာယ်မဲ့ ထဘီတန်းအောက် ဝင်ဖို့တော့ စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့ ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့ မယူဆပါဘူး ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလ သမာဓိ ပညာဟာ ဒီထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး””သင်္ကန်းဟာ မြင့်မြတ်ပါသလား ဘုရား.””သင်္ကန်းက မြင့်မြတ်တာ မဟုတ်ဘဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က မြင့်မြတ်နေတာပါ” ဒကာ။”ဘာ ရည်ရွယ်ချက်မို့လို့လဲ ဘုရား””ရောင့်ရဲ ခြိုးခြံလိုခြင်း””တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမ အောက်ပိုင်း ဝတ်တဲ့ ထဘီတန်းအောက် ဝင်ရင် ဘုန်းနိမ့်တယ်လို့ ကြားဘူးထားပါတယ်ဘုရား””ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ် ဒကာ ဘုန်းဆိုတာ အကျိ ုးသဘောတရားပါ အစွမ်းအစလည်း ဖြစ်တယ် အားသာချက်လည်း ဖြစ်တယ်ဒကာ။အကျိ ုး သဘောတရားပေါ့ ဒါဟာ အကြောင်းတရား လုပ်ဆောင်ချက်ကို မူတည်ပြီး အကျိ ုးတရား ဘုန်းကံရယ်လို့ဖြစ်လာတယ် အလေးမခြင်း အကြောင်းဟာ သန်မာခြင်းအကျိ ုးကို ရမယ်။ သန်မာခြင်းဟာ ဘုန်းပဲ။ဖော်ရွေပျူ ငှာခြင်း အကြောင်းဟာ လူချစ်လူခင်များခြင်း အကျိ ုးကို ရမယ် ဒီလူချစ်လူခင် များခြင်းဟာ ဘုန်းပဲ ထဘီတန်းအောက် ဝင်ခြင်း အကြောင်းကြောင့် ဘယ်အကျိ ုးများ ထိခိုက်စေသလဲ။ဒကာ တွေးကြည့်ပါ ရက်ကြာကြာ ဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ့အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့””ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင် နိမ့်တယ်ဆို””ဒါဟာ ထဘီတန်းအောက် ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး၊ နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန် အကြောင်းကြောင့်ပဲ။စိတ်မသက်မသာ ခံစားရတယ်မဟုတ်လား ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့ စိတ်သက်တောင့်သက်သာ ဖြစ်တာ မကောင်းဘူးလား””ကောင်းပါတယ်ဘုရား””ရှေးအဆက်ဆက်က ဒီလိုပဲ ပြောလာကြတာဘုရား အရှင်ဘုရားလည်း သိမှာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ””ဗုဒ္ဓက ကာလာမသုတ်ကို ဟောတယ် ရှေးကပြောတဲ့ စကားမို့လို့လည်း အမှန်မယူလေနဲ့တဲ့””ရှေးထုံးက ပယ်သင့်သလား ဘုရား””ပယ်သင့်ခြင်း မပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ့ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး အမှန်အမှားပေါ်သာ မူတည်ပါတယ် မှန်ရင် ယူမယ်၊ မှားရင် ပယ်မယ်အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဉာဏ်ရည် ရှိတယ်၊ ဆင်ခြင်နိုင်စွမ်းလည်းရှိတယ် သင်တွေးကြည့်ပါ ထဘီအောက် ဝင်ရင် ဘယ်လို အစွမ်းအစမျိ ုး ကျဆင်းနိုင်ပါသလဲ””မရှင်းတာတွေ မေးဦးမယ် ဘုရား”မေးပါ ဒကာ”တပည့်တော် တစ်နေ့ကားစီးတော့ ဘုန်းကြီးတစ်ပါး ဘေးမှာ ထိုင်ဖြစ်တယ် အဖွားအိုတစ်ယောက် တက်လာတော့ ကျနော်က နေရာပေးတယ် အဖွားအိုက ငြင်းတယ် ဘုန်းကြီးဘေးမို့မထိုင်ရဲဘူးတဲ့ ဘုရား”ကားပေါ်မှာ သံဃာတော်ကို ဦးစားပေးတဲ့ အယူအဆကို မှန်တယ်လို့ အရှင်ဘုရား မြင်မိလား””ထိုင်ခြင်း ထခြင်းနှစ်မျိ ုးမှာ ထိုင်ခြင်းက ပိုသက်သာတယ် ဒကာ။ ထခြင်းဟာ ပို အားစိုက်ရတယ် ဒီလိုဆိုတော့ အင်အားနည်းပါးသူဟာ ထိုင်ဖို့ ပိုလိုအပ်တယ်… ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်။အကယ်၍ အင်အားရှိသူချင်း ယှဉ်လာရင် အိနြေ္ဒ ပိုထိန်းရသူကို ဦးစားပေးမယ် ကားအလှုပ်မှာ ယိုင်ထိုးနေမယ်ဆိုရင် အိနြေ္ဒထိပါတယ်သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ် ဒါကြောင့် ကျန်းမာရေးကြောင့် အင်အားနည်းသူ အသက်အရွယ်ကြောင့် အင်အားနည်းသူကို ဦးစားပေးပြီးရင် အိနြေ္ဒဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေးသင့်ပါတယ်””ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့ သဘောပေါ့””အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ် အားလုံးဟာ ဆင်ခြင်တုံတရားနဲ့ တွေးရင် အဖြေထွက်ပါတယ် ဒကာ””ဘုန်းကြီးပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာနဲ့ မူကွဲနေသလိုပဲ””ကွဲဖို့လည်း ကြိုးစားခြင် းမဟုတ်သလို တူဖို့လည်း ကြိုးစားနေခြင်း မဟုတ်ပါ ဒကာ ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာရယ်လို့မခေါ်ပါဘူး ဘာကိုမှ စွဲနေလို့မရဘူးဒကာ။ဘုန်းဘုန်းတို့က ထေရဝါဒ ဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည်တပ် ခံထားရတယ် ဒကာက ဘုန်းဘုန်းလို့ခေါ်တယ်။ဒီပညတ်တွေကို အသည်းအသန် ငြင်းဆန်ဖို့မလိုလို့ ဒီအတိုင်း လက်ခံထားတယ် ဇာတက ဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ့တွေ သင်ကြားရတယ်””ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲ ပါလို့ လာပြောလို့မရဘူး အကြောင်းအရာကိုတော့ တူညီစွာ သင်ခဲ့ရတယ် သဘောတရားကိုတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ့ ယူပါတယ်””မဟာဇနက တကယ် လက်ပစ်ကူးခဲ့ မကူးခဲ့ ဆိုတာကို ဘုန်းကြီးမတွေးဘူး ဘာ messageပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်””မသေမချင်း အလျှော့မပေးနဲ့” ဆိုတဲ့ message””ဝမ်းဝအောင် စားတယ် ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ် ခါးဝတ်ကို သက်ကယ်ဘောလို လုပ်ပြီး ရှင်သန်ခွင့် ရှိသမျှ ရှင်သန်ဖို့ ကြိုးစားတယ်။မေခလာနဲ့ တွေ့တာ မတွေ့တာနောက်ထား သင်္ဘောပေါ်မှာ ဇနက အသက်အရှည်ဆုံးပဲ မဟုတ်လား survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ်…သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ် မဟုတ်သည့်တိုင် ယူစရာ messageတွေ ရှိရဲ့မဟုတ်လားဒကာ””ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက မဟာဇနကဇာတ်ကို တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့ မတွေးဘူးဆိုတော့ ဒီစကား တာဝန်မကြီးဘူးလား ဘုရား””ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကို ယုံရမယ်ဆိုတဲ့ တာဝန် ရှိမနေဘူး ဒကာ”ယုံခြင်း မယုံခြင်းဟာ မိမိ အခွင့်အရေး ယုံခြင်း၏ ကောင်းကျိုးလည်း မိမိစံ ယုံခြင်း၏ ဆိုးကျိုးလည်း မိမိခံ ဒါ မျှတပါတယ်…လေ့လာကြည့်ပါ ကိုယ်ယုံတာကို သူများလည်း ယုံစေလိုတဲ့ အရေးအသားတွေ မြင်ရမယ်။ကိုယ်ကြည်ညိုရာကို သူများလည်း ကြည်ညိုစေလိုတဲ့ အရေးအသားတွေ မြင်ရမယ်။ဒါဟာ အနုမာနသဘောလည်း ဖြစ်မယ် ကိုယ့်ဘာသာဝင်ကို များစေချင်တဲ့ လောဘလည်း ဖြစ်မယ် ဒါမှမဟုတ် ကောင်းရာသို့ အကြံပြုလိုတဲ့ မေတ္တာလည်း ဖြစ်မယ်…။အတ္တာဟိ အတ္တနော နာထော သင် ဘယ်လို ယူမလဲ ဘယ်လို ဆင်ခြင်မလဲ ဒါ သင့်အပေါ်ပဲ မူတည်တယ်””တင်ပါ့ဘုရား” နားလည်ပါပြီ ဘုရား သာဓု သာဓု သာဓု………. ။

Leave a Reply

Your email address will not be published. Required fields are marked *