သာသနာ့ဘောင်ကိုအပြီးဝင်ရောက်သွားခဲ့ပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင် ဦးပေါ်လေး

knowledge

ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ ဦးပေါ်လေးကတော့ အသက်အရွယ်လည်း ရလာပြီဖြစ်လို့ သာသနာ့ဘောင်မှာ တစ်ဝါဆိုမွေ့လျော်တော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၉) ရက်နေ့မှာမွေးရပ်မြေဇာတိ ဖြစ်တဲ့ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ လူသန့်အင်း ကျေးရွာမှာရှိတဲ့ လူသန့်အင်း ဘုန်းကြီးကျောင်းတိုက်မှာ

ရှင်ဝါယမ ဘွဲ့အမည်နဲ့ ရဟန်းဘောင်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ် ဖခင်ဖြစ်သူရဲ့ သာသနာ့ဘောင်ဝင်တဲ့အချိန်လေးမှာ သားသမီးတွေကလည်း တတ်အားသရွေ့ ပါဝင်ကူညီပေးကြပါတယ်။

ပရိသတ်တွေကိုဟာသတွေနဲ့ နှစ်ပေါင်းများစွာဖျော်ဖြေခဲ့ပြီးနောက် ကိုယ်တိုင်လည်း ဘုရားတရားနဲ့မွေ့လျော်ချင်တာကြောင့် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပုံပါ။

အေးချမ်းတဲ့ ဘုရားရိပ်တရားရိပ်မှာ ကိုယ့်နောက်ပါမယ့် ကောင်းမှုတွေကိုလုပ်တာ တကယ်သင့်တော်တဲ့အလုပ်ပါပဲ။

ဦးပေါ်လေးရဲ့ ဘွဲ့အမည်ကတော့ ရှင်ဝါယမဖြစ်ပြီး သာသနာ့ဘောင်မှာတည်ငြိမ်အေးချမ်းစွာနဲ့ အပူပင်ကင်းကင်း တရားအားထုတ်ဖို့အတွက်အသင့်ဖြစ်နေပုံက လေးစားစရာပါ။

ဒီတစ်ဝါဆိုကိုတော့ ကောင်းမှုတွေလုပ်ပြီး အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်တော့မယ့် ရှင်ဝါယမအတွက် သာဓုခေါ်ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *