အသက် ၇ နှစ်နဲ့လေယာဉ် မောင်းနှင်နိုင်စွမ်းကြောင့် နာမည်ကျော်နေတဲ့ ကောင်လေး

အသက် ၇ နှစ်နဲ့လေယာဉ် မောင်းနှင်နိုင်စွမ်းကြောင့် နာမည်ကျော်နေတဲ့ ကောင်လေး

ယူဂန်းဒါး နိုင်ငံက အသက် ၇ နှစ် ကောင်လေး။ ဂရေဟမ်း ရှီမာ (Graham Shema) ဟာဆိုရင်၊ Cessana လေယာဉ်ကို (၃) ကြိမ်တောင်။ ပျံသန်းမောင်းနှင် ပြီးသွားပါပြီ.. သူ့ရဲ့လေယာဉ် မောင်းနှင် နိုင်တဲ့စွမ်းရည်နဲ့ လေယာဉ်နဲ့..

ပတ်သက်ပြီး အသိပညာကြွယ်ဝတဲ့ အတွက်ကြောင့် သူ့ရဲ့နိုင်ငံမှာ။ နာမည်ကျော် နေပါတယ်.. သူ့ကို ကပ္ပတိန် လို့တောင် နာမည်ပြောင်ပေး ထားကြတာပါ.. သူ့ရဲ့စံပြ ပုဂ္ဂိုလ်ကတော့ အီလွန်မာ့စ် (Elon Musk) ဖြစ်ပြီး သူ့ရဲ့အိပ်မက်ကတော့။ အာကာသယာဉ် မှူးဖြစ်ဖို့နဲ့ တစ်နေ့ မားစ်ဂြိုလ်ကို သွားနိုင်ဖို့ပါပဲ..

ဒီကောင်လေးဟာ Trainee တစ်ယောက်အနေနဲ့ Cessana 172 လေယာဉ်ကို (၃) ကြိမ် မောင်းနှင်ပြီး သွားခဲ့တာပါ.. သူ့ကို ပြည်တွင်းရုပ်သံလိုင်းတွေက အင်တာဗျူး ကြတဲ့အပြင် ဂျာမနီနိုင်ငံရဲ့သံ တမန်တွေနဲ့ ပို့ဆောင်ရေး ဝန်ကြီးတွေနဲ့တွေ့ဆုံဖို့ အတွက်လည်း ဖိတ်ကြားခံခဲ့ ရတာပါ..

သူ့ကို ဘာလို့အီ လွန်မာ့စ်ကို ကြိုက်တာလဲလို့။ မေးရင် အာကာသနဲ့ ပတ်သက်ပြီး သူ့ဆီက လ့လာသင် ယူချင်တယ်၊ သူနဲ့အတူ အာကာသကို သွားချင်တယ်။ သူနဲ့ လက်တွဲ နှုတ်ဆက်ချင် တယ်လို့ ဆိုပါတယ်..

Entebbe International Airport က လေယာဉ် မောင်းနှင်တာနဲ့.. ပတ်သက်ပြီး သူ့ကို သင်ကြားပို့ ချပေးတဲ့ ဆရာဟာ လေယာဉ်နဲ့ပတ်သက်ပြီး ဗဟုသုတ ဘယ်လောက်။ ကြွယ်လဲဆိုတာ သိရဖို့ ရှီမာကို မေးခွန်းတွေမေး လေ့ရှိပါတယ်။ ရှီမာကို Bombardier CRJ9000 လေယာဉ်မှာ အင်ဂျင်တွေ ဘယ်လိုအလုပ်လုပ်.. လဲမေးတုန်း ကလည်း Compressor တွေက ဘယ်လို ဖြစ်လာတယ်။

ပန်ကာတွေ ကလည်း ဘယ်လို ပူလာတယ်..ဆို တာတွေကို အသေး စိတ်ရှင်း ပြနိုင်ပါတယ်..ရှီမာ လေယာဉ်မောင်းနှင် ချင်လာခဲ့တာက ရဲရဟတ် ယာဉ်တစ်စီးဟာ သူ့အဘွားနေ အိမ်ရဲ့အိမ်ခေါင်းမိုးပေါ်ကနေ နိမ့်ပြီး ပျံသန်းသွားတဲ့ အချိန်က စခဲ့တာပါ။ သူက အဲဒီတုန်းက အိမ်အပြင်ဘက်မှာ ဆော့ကစား နေစဉ်.. ရဟတ် ယာဉ်ပျံ သန်းသွားကို မြင်တွေ့ လိုက်ရတာပါ။ အဲဒီကနေစပြီး သူ့အတွေးထဲမှာ၊ လေယာဉ်မောင်း နှင်ချင်စိတ်က အစပျိုးလာ ခဲ့တာဖြစ် တယ်လို့ သူ့အမေက ဆိုပါတယ်..

ရှီမာက လေယာဉ်တွေဘယ် လိုပျံသန်းတာ လဲဆိုတဲ့ မေးခွန်း တွေလည်း သူ့အမေကို မေးလာခဲ့ပါ တော့တယ်။ ရှီမာဟာ လေယာဉ်နဲ့ပတ်သက်ပြီး အရမ်းစိတ်ဝင်စား နေတဲ့အတွက် သူ့အမေက Aviation Academy ကို ဆက်သွယ်.. ပေးတဲ့အပြင် အိမ်မှာလည်း လေယာဉ်အစိတ်အပိုင်းတွေနဲ့.. လေယာဉ်ပျံသန်း မောင်းနှင် တာနဲ့ပတ်သက်တဲ့ ဝေါဟာရ တွေကို သင်ယူစေ ခဲ့ပါတယ်..

(၅) လအကြာ မှာတော့ ရှီမာက လေယာဉ် ဘယ်လို မောင်းနှင်.. ရမလဲဆိုတာကို သင်ယူနိုင် ခဲ့ပါတယ်။ အဲဒီက တည်းစပြီး သူဟာ တွဲဖက် လေယာဉ်.. မှူးတစ်ယောက်၊ အနေနဲ့ လေယာဉ်ကို (၃) ကြိမ် မောင်းနှင်ခဲ့.. ရပါတယ်..

ကပ်ရောဂါ အတွင်း မှာလည်း ရှီမာဟာ လေယာဉ်မောင်း နှင်ခြင်းအ တတ်ပညာ၊ ရပ်ဆိုင်ရာ သီအိုရီတွေကို.. အဓိကထားလေ့။ လာနေခဲ့ပြီး လေယာဉ်မောင်းနှင်.. ခြင်းနဲ့အာ ကာသဆိုင်ရာ ဗီဒီယိုတွေ မှာလည်း ရှီမာပါ ဝင်တာကို တွေ့နေရပါတယ်..

Credit:yoyarlay

Be the first to comment

Leave a Reply

Your email address will not be published.


*