ပါချုပ်ဆရာတော်ဘုရားကြီး အရှင်နန္ဒမာလာဘိဝံသကို ဖူးမြှော်ကြည်ညိုရင်း နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ နေခြည်ဦး

ပါချုပ်ဆရာတော်ဘုရားကြီး အရှင်နန္ဒမာလာဘိဝံသကို ဖူးမြှော်ကြည်ညိုရင်း နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ နေခြည်ဦး

ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးဟာ အချိန်တို ခဏလေးအတွင်း အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိနေတဲ့ နေခြည်ဦးက လူငယ်တစ်ယောက်ပီပီ အပျော်အပါးလည်းရှိသလို ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း မမေ့လျော့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အလှူအတန်းနဲ့တကွ ကုသိုလ်တစ်ခုကိုလည်း နေ့စဉ်မပြတ်ပြုလုပ်နေတဲ့ နေခြည်ဦးက ဒီကနေ့ ဇန်နဝါရီလ (၉) ရက်နေ့မှာလည်း ပါချုပ်ဆရာတော်ဘုရားကြီး အရှင်နန္ဒမာလာဘိဝံသကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

နေခြည်ဦးက အနောက်တိုင်းဆွမ်းခဲဘွယ်များနဲ့ ပါချုပ်ဆရာတော်ဘုရားကြီး အရှင်နန္ဒမာလာဘိဝံသကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး သူမရဲ့ ရင်ထဲမှာ အတိုင်းမသိကြည်နူးပီတိဖြစ်ရတယ်လို့လည်း ဆိုထားပါတယ်။

နေခြည်ဦးကတော့ ပါချုပ်ဆရာတော်ဘုရားကြီး အရှင်နန္ဒမာလာဘိဝံသကို ဖူးမြှော်ရင်း ဆရာတော်အတွက်လည်း ဆွမ်းခဲဘွယ်များ ဆပ်ကပ်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*