အမေရိကားမှာရှိနေတဲ့ ချစ်ဇနီးစန္ဒီချိုနဲ့ သမီးလတ်လေး Emerida ရဲ့ မွေးနေ့အတွက် မြန်မာပြည်ကနေပြီး သံဃာတော်များကို ဆွမ်းကပ်အလှူပြုပေးခဲ့တဲ့ နိုင်းနိုင်း

အမေရိကားမှာရှိနေတဲ့ ချစ်ဇနီးစန္ဒီချိုနဲ့ သမီးလတ်လေး Emerida ရဲ့ မွေးနေ့အတွက် မြန်မာပြည်ကနေပြီး သံဃာတော်များကို ဆွမ်းကပ်အလှူပြုပေးခဲ့တဲ့ နိုင်းနိုင်း

ဒီကနေ့ ဇန်နဝါရီလ (၉) ရက်နေ့ကတော့ နိုင်းနိုင်းရဲ့ ချစ်ဇနီး စန္ဒီချိုနဲ့ တတိယမြောက်သမီးလေး Emerida ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းက အမေရိကားမှာရှိနေတဲ့ ဇနီးနဲ့ သမီးအတွက် မြန်မာပြည်မှာ နေ့ဆွမ်းကပ်အလှူလေးတစ်ခုပြုလုပ်ဖြစ်ခဲ့ကြောင်းကို “ဒီနေ့ Sandy နှင့် Emerida တို့ရဲ့ မွေးနေ့အလှူလေးပါ။ ၇ရက်သားသမီးတို့ ရဲ့ အလှူလဲ ဖြစ်ပါတယ်။ ချစ်သောသူများလဲ သာဓုခေါ်နိုင်ပါတယ်… အားလုံး ကျန်းမာ ချမ်းသာ လိုသမျှ ပြည့်ပါစေ… ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

နိုင်းနိုင်းကတော့ ချစ်ရတဲ့ဇနီး စန္ဒီနဲ့ သမီးလေးအတွက် ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိအောင် ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နိုင်းနိုင်းရဲ့ ကုသိုလ်လေးကို ထပ်တူဝမ်းမြောက်စွာဖြင့် သာဓုခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*