နှစ်သစ်မှာ မေသန်းနု၊ တက္ကသိုလ်ဂွမ်းပုံတို့နဲ့အတူ ကြော်ငြာရိုက်ရင်း အလှူလေးပြုလုပ်ခဲ့တဲ့ နန်းဆုရတီစိုး

နှစ်သစ်မှာ မေသန်းနု၊ တက္ကသိုလ်ဂွမ်းပုံတို့နဲ့အတူ ကြော်ငြာရိုက်ရင်း အလှူလေးပြုလုပ်ခဲ့တဲ့ နန်းဆုရတီစိုး

ပရိသတ်တွေဆီကို သီချင်းကောင်းလေးတွေ အမြဲတမ်း မျှဝေပေးလေ့ရှိတဲ့ နန်းဆုရတီစိုးကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဂျပန်မလေးတစ်ယောက်လို နုနုနယ်နယ်လှတဲ့ နန်းဆုရတီစိုးက အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် ငယ်ရွယ်သူတွေကတောင် လိုက်လို့မမှီနိုင်တာပဲ ဖြစ်ပါတယ်။

နန်းဆုရတီစိုးကလည်း အခုအရွယ်ထိ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်ရင်း အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ နှစ်သစ်အစမှာတော့ နန်းဆုရတီစိုးက အလှူလည်းလုပ်၊ အလုပ်လည်းလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “နှစ်သစ်အတွက် ချစ်ရတဲ့ တီဆင့်,တီဂွမ်း တို့နဲ့ တူတူ ကြော်ငြာလေးရိုက်ရင်း နှစ်သစ်ဦးဦးဖျားဖျားအလှူလေးလုပ်ရတော့ စိတ်ချမ်းသာ🥰 ချစ်သောပရိတ်သတ်ကြီး နှစ်သစ်မှာ ကျန်းမာချမ်းသာပါစေ အနာရောဂါကင်းဝေးပါစေ မရှိစကား မကြားရသောသူများဖြစ်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🙏🙏🙏” ဆိုပြီး ပရိသတ်တွေအတွက်လည်း နှစ်သစ်ဆုတောင်းစကားလေး ဆိုထားပါတယ်။

နန်းဆုရတီစိုးကတော့ နှစ်သစ်ကို ကျက်သရေမင်္ဂလာရှိရှိနဲ့ ဖြတ်သန်းခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေချစ်ရတဲ့ နန်းဆုလည်း နှစ်သစ်ကစပြီး ဒီထက်မက အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*