ကမ္ဘာပေါ်မှာအတော်ဆုံးသိပ္ပံပညာရှင်ဗုဒ္ဓမြတ်စွာဘုရားကြောင့်ရဟန်းဖြစ်လာရတယ်လို့ဆိုလာတဲ့နိုင်ငံခြားသားသိပ္ပံပညာရှင်

knowledge

အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ ဓမ္မစရိယ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒ န္တအာစိဏ္ဏ၏ ဖားအောက်တောရရိပ်သာကျောင်းတွင်

အနောက်တိုင်းသား နိုင်ငံခြားသား ယောဂီအများအပြား ရဟန်းဝတ်၍ တရားအားထုတ်နေသည်ကို တွေ့ရသည်။

၎င်းတို့အထဲတွင် သန်းကြွယ်သူဌေး မိသားစုမှ ဆင်းသက်လာသော လခစား အမေရိကန် သိပ္ပံပညာရှင်တစ်ဦးလည်း ရဟန်းဝတ်ပြီး တရားအားထုတ်နေသည်။

အဆိုပါ ရဟန်းကို မီဒီယာ ဂျာနယ်လစ်တစ်ဦးက မေးခွန်းထုတ်သည်။”

အရှင်ဘုရားသည် သန်းကြွယ်သူဌေး သိပ္ပံပညာရှင် ကြီးဖြစ်ပါလျက် အဘယ်သို့သော အကြောင်းကြောင့် ရဟန်းဝတ်ပြီး

သမထဝိပဿနာတရား စခန်းမှာ တရားအားထုတ် နေပါသနည်း အဘယ်အထိ ဤသို့တရားအားထုတ်ရန် ရည်မှန်းထားပါသနည်း” ဟုမေးသည်။

ထိုအခါ ရဟန်းကဖြေသည်မှာ “ဖားအောက်တောရ ဆရာတော်ဘုရားကြီး အမေရိက သာသနာပြုခရီးတွင် ဟောကြားညွှန်ပြတော်မူသော ဗုဒ္ဓတရားတော်များကို နာကြားရသောအခါ

ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင်မှာ ဗုဒ္ဓဖြစ်နေကြောင်း၊ ကမ္ဘာပေါ်တွင် ရှိရှိသမျှနှင့် ရှိခဲသမျှ ပုဂ္ဂိုလ်အပေါင်းတို့တွင် ပညာအကြီးမားဆုံးပုဂ္ဂိုလ်မှာ ဗုဒ္ဓဘုရားဖြစ်နေကြောင်း သိရှိလာရပြီး

ဗုဒ္ဓ၏ စာပေများက ညွှန်ပြထားသော အဆုံးအမများ ကသာလျှင် မိမိဘဝတိုးတက်ရေးအတွက် ပစ္စုပ္ပန် သံသရာနှစ်ဖြာ ကောင်းကျိုးအတွက် အမှန်ဆုံး၊ အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်ကြောင်း၊

ထို့ကြောင့် သည်တိုင်း၊ သည်ဒေသ၊ ပုဂ္ဂိုလ်များကလက်ခံထားသရွေ့ ဤတစ်ပါးကျောင်းကလေးတွင် တစ်သက်ပတ်လုံးနေပြီး တရားအားထုတ်သွားရန် ရည်ရွယ်ဆုံးဖြတ်ထားကြောင်း” ရှင်းပြသွားသည်။

ထိုကြောင့် ကကြီး ၊ ခကွေးကအစ မူလတန်းမှနေ တက္ကသိုလ်အဆင့်ဆင့်အထိ သင်ကြားခဲ့ကြသည့် စာပေပညာများ၊ အတတ်ပညာ၊ နည်းပညာများသည် ပစ္စုပ္ပန်တစ်ဘဝစားဝတ်နေရေး ချမ်းသာရေးအတွက် အကျိုးပြုသည်။

ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတော်များ၊ ဗုဒ္ဓစာပေများမှာကား မိမိ၏ ပစ္စုပ္ပန်ဘဝနှင့် သံသရာအဆက်ဆက်တို့တွင်

အမြင့်ဆုံး အမြတ်ဆုံး အချမ်းသာဆုံးနှင့် နိဗ္ဗာန်ချမ်းသာအထိ ရရှိအောင်၊ ရောက်အောင် ပို့ဆောင်ပေးနိုင်ကြောင်းမှာ ရှင်းလင်းလှပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *