Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ ထိပ်ထားသခင်

Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ ထိပ်ထားသခင်

သရုပ်ဆောင် ဖွေးဖွေးနဲ့တူတယ်ဆိုပြီး ပရိသတ်တွေကြား နာမည်ကြီးလာခဲ့တဲ့ ကလေးလေး ထိပ်ထားသခင်ကတော့ အရွယ်လေးနဲ့မလိုက်အောင် ချစ်စရာကောင်းပြီး စကားတတ်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ထိပ်ထားသခင်ကတော့ အခုဆိုရင် (၆) နှစ်ကျော်အရွယ်လေးသာရှိသေးပေမယ့် ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း အရမ်းချစ်စရာကောင်းလွန်းတဲ့ ထိပ်ထားသခင်ကို ကိုယ့်သမီးလေးလို၊ ကိုယ့်တူမလေးလို ချစ်ပြီး အားပေးကြတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ထိပ်ထားသခင်က သူမရဲ့ အနုပညာကြေးတွေနဲ့ ဖေဖေ၊ မေမေရဲ့ ပိုက်ဆံတွေစုပြီး အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း မျှဝေပေးလာပါတယ်။

ထိပ်ထားသခင်က “Covid-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ အတွက် ထိပ်ထားတက်နိုင်သလောက်‌လေး အလှူငွေ (၁၀)သိန်းကျပ်တိတိကို CB Bank မှတစ်ဆင့် သွားရောက်လှူဒါန်းခဲ့ပါတယ် ထိပ်ထားရဲ့ မွတ်နွတ်ကွတ်ကျွတ်တွေ သာဓုခေါ်ပေးကြပါဦးနော်ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

ထိပ်ထားသခင်လေးကတော့ လက်ရှိတစ်နိုင်ငံလုံးက ပြည်သူတွေအတွက် လိုအပ်နေတဲ့ Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထိပ်ထားသခင်လေးရဲ့ မွန်မြတ်လှတဲ့ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*