မေမေခိုင်နှင်းဝေရဲ့ ကလေးတွေအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့သရုပ်ဆောင် ဆောင်းယွန်းစံ

မေမေခိုင်နှင်းဝေရဲ့ ကလေးတွေအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့သရုပ်ဆောင် ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆောင်း ယွန်းစံကတော့ ခိုင်နှင်ဝေရဲ့ရင်သွေးလေးများဂေဟာမှာအလှူငွေသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ပရိသတ်အချစ်တော် ဆောင်းယွန်းက အလှူအတန်းတွေကို စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ ပြုလုပ်လှူဒါန်းလေ့ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ကိုဗစ်ကာလမှာတောင် ကိုဗစ်အထောက်အ ကူပြုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ပရဟိတအသင်းတွေကို သူရဲ့ ပရိသတ်တွေနဲ့ စုပေါင်းပြီး လူနာတင်ယာဉ်နှစ်စီးတိတိကိုတောင် လှူဒါန်းပေးခဲ့ပါသေးတယ်။ မနေ့က ဇန်နဝါရီလ (၇)ရက်နေ့မှာလည်း ဆောင်းယွန်းစံက ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ ရှိတဲ့ ကလေးတွေအတွက် လိုအပ်တာတွေမှာ အသုံးပြုနိုင်ဖို့ အလှူငွေ (၂)သိန်းကျပ်ကို သွားရောက်လှူဒါန်းပေးခဲ့တာပါ။

ခိုင်နှင်းဝေကလည်း အခုလိုသူ့ရဲ့ကလေးတွေအတွက် လာရောက် လှူဒါန်းပေးတဲ့ အတွက် “ကလေးတွေဆီ လာလှုပေးတာ ကျေးဇူးပါ ညီမလေးရေ။ စိတ်ရော ကိုယ်ပါ ကျန်းမာ ပျော်ရွှင်ပြီး ဒီထက်မက အနုပညာတွေ လုပ်နိုင်ပါစေ။ဒီထက်မက လှူနိုင်ပါစေနော်”လို့ ဆုတောင်းစကားနဲ့အတူ ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ပြုဖော်ပြထားခဲ့ပါသေးတယ်..

ပရိသတ်ကြီးရေ။ယခုလိုဖတ်ရှုပေးကြတဲ့ ချစ်ပရိတ်သတ်ေ တွအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်သောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*