အသက် (၉၈) နှစ်အရွယ်အဖွားရဲ့ အသက်ကိုကယ်တင်ပေးခဲ့တဲ့ ထူးခန့်ကျော်

အသက် (၉၈) နှစ်အရွယ်အဖွားရဲ့ အသက်ကိုကယ်တင်ပေးခဲ့တဲ့ ထူးခန့်ကျော်

မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲထဲက ဦးဗေဒါ ဇာတ်ရုပ်နဲ့ ပရိသတ် အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားရစဉ်က သူတတ်စွမ်းတဲ့ ဆေးပညာနဲ့ လေဖြတ်လေငန်းနဲ့ အကြောရောဂါ အမျိုးမျိုးကို ငွေကြေး တပြားတချပ်မှ မယူပဲ အခမဲ့ ကုသပေးနေတဲ့ သူတစ်ယောက်ပါ ။

လတ်တလောမှာတော့ အသက် (၉၀) ကျော် အဖွားတစ်ယောက်ရဲ့အသက်ကိုကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ် ။

အသက်ရှင်ခွင့်လေး တစ်ရက်တာ လူဖြစ်ရကျိုး နပ်ခဲ့ရပြန်ပြီလေ ဒီနေ့အသက်၉၈ နှစ်ရှိတဲ့ အမေကြီးရဲ့ထုံကျင်ကိုက်ခဲနေတဲ့ ရောဂါဝေဒနာများကိုပါရမီဖြည့် ကုသခွင့်ရခဲ့ခြင်းကြောင့် လည်းကောင်း ၊ ၇ ရက်သားသမီးများရဲ့ရောဂါဝေဒနာများကိုကုသပါရမီဖြည့်ရခြင်းကြောင့်လည်းကောင်း ၊

ဘုရားတည်ဖို့ရာလာရောက်ကာ ဆေးကုသမှုခံယူကြရင်း အလှူငွေများထည့် ဝင်သွားမှုများကိုလည်းကောင်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ ပါတယ် ။

သာဓုအကြိမ်ကြိမ်ခေါ်ဆိုရင်း လူမျိုးမရွေးဘာသာမရွေး လူသားချင်း ကိုယ်ချင်းစာတဲ့ စိတ်လေးနဲ့ ဒီဘဝ ၇ရက်သားသမီးများရဲ့ ထုံ ကျင် ကိုက်ခဲနေသောရောဂါဝေဒါများကို သက်သာပျောက်ကင်းအောင် ကုသပြီးပါရမီဖြည့်ခွင့်လေးပေးပါတဲ့ ရတနာသုံးပါးအားဦးထိပ်ပန်ဆင်ကန်တော့ရင်း ဒီကနေ့လူဖြစ်ရကျိုးလေးနပ်ခဲ့ပြန်ပြီ ဖြစ်ကြောင်းကိုလည်း ရေးသားထားပါသေးတယ် ။

Source : Htoo Khant Kyaw
Credit ;(Yaung Chi)

Be the first to comment

Leave a Reply

Your email address will not be published.


*