ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ဦးဇော်ဇော်က ကျပ် ၂ ဘီလီယံ လှူဒါန်း

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ဦးဇော်ဇော်က ကျပ် ၂ ဘီလီယံ လှူဒါန်း

Covid-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် နိုင်ငံတော်သို့ ငွေကျပ် (၂)ဘီလီယံ လှူဒါန်းလိုက်တယ်လို့ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်ပါတယ်။

ဦးဇော်ဇော်က “ Covid-19 ကပ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီ ဖောင်ဒေးရှင်းအနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဝယ်ယူနိုင်ရန် အတွက်ကိုလည်း ငွေကျပ် (၂)ဘီလီယံကို လှူဒါန်းခဲ့ပါသည်။

Covid-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်”လို့ လူမှုကွန်ယက်မှ တစ်ဆင့် ပြောကြားထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*