အာဖရိကဒေသရှိ နိုင်ငံမှာ ဘုန်းတော်ကြီးတွေ၊ ကိုရင်၊ သီလရှင်တွေများပြားလာပြီး ဗုဒ္ဓသာသနာပြန့်ပွားနေပါပြီ

အာဖရိကဒေသရှိ နိုင်ငံမှာ ဘုန်းတော်ကြီးတွေ၊ ကိုရင်၊ သီလရှင်တွေများပြားလာပြီး ဗုဒ္ဓသာသနာပြန့်ပွားနေပါပြီ

အရှေ့တိုင်းနိုင်ငံများ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဟာ အထွန်းကားဆုံးဖြစ်ပါတယ်။

ဘာသာအမျိုးမျိုးကို ယုံကြည်ကိုးကွယ်နိုင်တာဖြစ်တာကြောင့် ယနေ့ခေတ်မှာ အရင်ကဗုဒ္ဓဘာသာ မထွန်းကားတဲ့ ဥရောပ၊ အမေရိက၊ အာဖရိက ကနိုင်ငံတွေမှလည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေ တိုးပွားလာခဲ့ပါပြီ။ အခုပြောမယ့် သတင်းလေးကလည်း ဗုဒ္ဓဘာသာဝင်အပေါင်းတို့ တကယ့်ကို ဝမ်းသာဂုဏ်ယူစေနိုင်မယ့်သတင်းလေးပါပဲ။

အဲတာကတော့ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ယူဂန္ဓာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ဆည်းကပ်သူတွေများပြားလာတဲ့ သတင်းလေးပါပဲ။ ယူဂန္ဓာနိုင်ငံမှာ ဦးဇင်းတွေ ကိုရင်တွေသာမက မယ်သီလရှင်တွေပါ ရှိလာခဲ့တာဖြစ်ပြီး တရားကျင့်ကြံ အားထုတ်လာသူတွေလည်း မနည်းမနောများပြားလာပြီဖြစ်ပါတယ်။

အခုဆိုရင် ဗုဒ္ဓစင်တာတောင် တည်ထောင်ထားပြီ ဖြစ်ပါတယ်။ အာဖရိကလို ဒေသမှာ ခုလို ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားလာတာတကယ့်ကို ကြည်နူးစရာပါ။

ဒီသတင်းလေးကို ဗုဒ္ဓဘာသာဝင်အပေါင်းတို့လည်း သိရှိဝမ်းသာနိုင်အောင် မျှဝေပါတယ်နော်မသိသေးသူတွေလည်း သိအောင် ပြန်လည်မျှဝေနိုင်ပါတယ်နော်။

..crd..

Be the first to comment

Leave a Reply

Your email address will not be published.


*