မဟာမုနိရုပ်ပွားတော်ကြီးကိုယ်လုံးတော်အဆင့်ဆင့်ပြောင်းလဲလာပုံ

knowledge

မန္တလေး ဘုရားကြီးက မဟာမုနိရုပ်ပွားတော်ကြီကို ဖူးမြှော်ဘူးကြပါလိမ့်မဘ်ခဲ့ဖူးမှာပါ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၂၆) နှစ်အတွင်း

မဟာမုနိဘုရားကြီး ကိုယ်လုံးတော်အဆင့်ဆင့်ပြောင်းလဲလာပုံကို ဓမ္မမိတ်ဆွေတို့ သိရှိစေဖို့ ပြန်လည်မျှဝေလိုက်ရပါတယ် ။

ပ/ပုံ – သီပေါမင်းကောင်းမှု မှန်သားမျက်နှာကြက်တော်နှင့်၊ ၁၂၅၆ ခုနှစ် အထိဖူးတွေ့ရသည်။

(ပုံကို ဆရာကြီး ဦးဝင်းမောင် ဖေ့စ်ဘွတ် ပေ့ခ်ျမှယူသည် ) ပထမပုံတော်သည် သီပေါမင်းလက်ထက် (ခရစ် ၁၈၈၄)မီးခအပြီး (၁၁)နှစ်အကြာမြန်မာနှစ် ၁၂၅၆ခုနှစ် (ခရစ် ၁၈၉၅) ခန့်က ဓာတ်ပုံဖြစ်သည်။

ဘုရားကြီး မီးသင့်လောင်ရာမကိုဋ်တော်စလွယ်တော်သင်္ကန်းတော်စသည်မှ ပျက်စီးသည့်ရွှေများမှာရွှေချိန် ၅၄၅၀ ဟုဆိုသည်။

မျက်နှာတော်လက်လေးသစ်ခန့် ကွဲအက်၍ အသစ်ပြန်လည်ရောင်တော်ဖွင့် ရသည်ဟုဆိုသည်။

မီးသင့်လောင်သည့်နေ့မှာ ရခိုင်ပြည်မှ ပင့်ဆောင်ယူလာသည်နေ့မှ ရေတွက်ရာ အနှစ်တစ်ရာ(၁၀၀)ပြည့်သည့်နေ့ဟု ဆိုသည်။

သီပေါမင်းက ရွှေချိန် ၆၀၀၀ ထုတ်ပေး၍ နန်းစဉ်စိန္တာမဏိမကိုဋ်တော်ကြီး ပုံစံအတိုင်း မကိုဋ်တော် စလွယ်တော် နရကင်းတော် နားပန်တော် တုရင်တော

အဖုံးအခြေအစုံရွှေသားသပိတ်တော် သန့်သက်ရေတော် ဓမ္မကရိုဏ်ရေစစ်တော် ယပ်ရိုးရှည်တော်များကို ပြုလုပ်စေ၍ တင်လှူပူဇော်ခဲ့သည်။

( ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၏ မဟာမုနိဘုရားကြီး သမိုင်းစာအုပ်မှ)

ဒုတိယပုံတော် ပိတ်သားမျက်နှာကြက်တော်နှင့်ပုံတော်အတိုင်း၊ ၁၂၆၃ ခုနှစ် (ခရစ် ၁၉ဝ၂) ဝန်းကျင် အထိဖူးတွေ့ရသည်။

(ပုံကို ဆရာကြီး ဦးဝင်းမောင် ဖေ့စ်ဘွတ် ပေ့ခ်ျမှယူသည်။ ဘုရားကြီး ဂန္ဓကုဋီတိုက်တွင် ထိုပုံသည်အဖြူအမဲပုံဖြစ်သည်)

တ/ပုံ – ဘော်ငွေသားမျက်နှာကြက်တော်နှင့်၊ ၁၂၉၃ ခုနှစ်(ခရစ် ၁၉၃၂)ဝန်းကျင်အထိ ဖူးတွေ့ရသည်။

(ပုံကို စစ်ကိုင်း ဥမင်သုံးဆယ်ဘုရားတန်ဆောင်းမှ ရိုက်ခဲ့သည်။)

(ပုံကို စစ်ကိုင်း ဥမင်သုံးဆယ်ဘုရားတန်ဆောင်းမှ ရိုက်ခဲ့သည်။)

စ/ပုံ – ရွှေသားမျက်နှာကြက်တော်နှင့်၊၁၃၄၆ ခုနှစ် (ခရစ် ၁၉၈၅) မှစတင်ပူဇော်၍ ယခုအချိန်အထိဖူးတွေ့ နိုင်သည်။(ပုံကို အင်တာနက်မှယူသည်)

ပဉ္စမ/ပုံ – ၁၃၈၀ခုနှစ် (ခရစ် ၂၀၁၈) ပုံတော်(ပုံကို အင်တာနက်မှယူသည်)

ပဉ္စမ/ပုံ – ၁၃၈၀ခုနှစ် (ခရစ် ၂၀၁၈) ပုံတော်(ပုံကို အင်တာနက်မှယူသည်)

ဆဋ္ဌမ၊သတ္တမ၊အဋ္ဌမ/ ပုံများ – ၁၃၈၂ ခုနှစ်(ခရစ် ၂၀၂၀) ယနေ့ခေတ်ဖူးမြင်နေရသော ပုံတော်ဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *