ဆရာတော် အရှင် ဒေါက်တာနန္ဒမာလာဘိဝံသ မိန့်ကြားတော်မူသော *ဘုရားစေတီ တည်တဲ့အခါ ဌာပနာ ထည့်သွင်းရခြင်းရဲ့ ရည်ရွယ်ချက် *

မိတ်ဆွေတို့ ဘဝမှာ အလှူဒါနတွေ အများကြီး ပြုလုပ်ခဲ့ဖူးကြမှာပါနည်းနည်းပဲ လှူနိုင်တာပဲ ဖြစ်ဖြစ် များများလှူနိုင်တာပဲ ဖြစ်ဖြစ် ဘယ်လိုပဲလှူလှူ စေတနာသဒ္ဓါတရားဖြူစင်ရင် ကြီးမားတဲ့ကုသိုလ်တွေ ရကြတာပါနော်

ခုဖော်ပြမဲ့ အကြောင်းအရာလေးကတော့ ပရိသတ်ကြီးတို့ သိထားသင့်တဲ့ ဘုရားစေတီ တည်တဲ့အခါ ဌာပနာ ထည့်သွင်းရခြင်းရဲ့ ရည်ရွယ်ချက်လေးပဲ ဖြစ်ပါတယ်

ဘာကြောင့် ဌာပနာတွေ ထည့်သွင်းပူဇော်ရတာလဲ တန်ဖိုးရှိရတနာတွေကို ဘုရားစေတီထဲမှာ ထည့်ရသလဲ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆရာတော် အရှင် ဒေါက်တာနန္ဒမာလာဘိဝံသက မိန့်ကြားတော်မူခဲ့ပါတယ် ဆရာတော်ဘုရားကြီးက မိန့်ရာမှာ “ဘုရားထဲမှာ တန်ဖိုးရှိတာတွေ ဘာလို့ထည့်ထားတာတုန်းတချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာနော်.ဘုရားထဲမှာ ဌာပနာတယ်

“ဌာပနာ”ဆိုတာ “ထည့်သွင်းခြင်း တည်ထားခြင်း”လို့ အဓိပ္ပါယ်ရတယ် အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း?”“နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး ပြောမှာပေါ့နော်..ဒါတွေ ထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း.ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့ ရတနာတွေ ထည့်တယ်

အခုခေတ်လည်း ထည့်တာပဲ…ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်… ဘာအတွက်ထည့်တာလဲ ဆိုတော့ တစ်ချို့က ကြည်ညိုလို့ လှူတာပဲ သိတယ်..သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်” လို့ ဆရာတော်ဘုရားကြီးက မိန့်တော်မူပါတယ်အဲဒီ ရည်ရွယ်ချက်အကြောင်းကို ဆရာတော်ဘုရားကြီးက မိန့်ရာမှာ

မြတ်စွာဘုရား ပရိနိဗ္ဗာန်‌စံတဲ့အခါ ဘုရားရှင်ရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကိုခွဲဝေပြီး ပေးလိုက်ပါတယ်တဲ့အဲဒီအခါမှာ ဓာတ်တော်တွေက ရှစ်ပြည်ထောင် ရောက်သွားတယ် ဒီဓာတ်တော်တွေအတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့တိုင်ပင်ပြီး ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်… ဓာတ်တော်တွေကို စုထည့်ထားတယ်

အဲဒီလို စုထည့်ထားပြီးမှ အင်မတန်မှ တန်ဖိုးရှိတဲ့ ပတ္တမြားတစ်လုံးကို အဲဒီထဲမှာထည့် ထားပြီး စာရေးထားတယ် “နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီး ပျက်စီးလို့ ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုလို့ရှိရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါတဲ့။

”အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျရင် ပျက်စီးမှာပဲ maintenance လိုတယ်လေ၊maintenance အတွက် ထည့်ခဲ့တာ

ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့…maintenance အတွက် deposit လုပ်ထားခဲ့တာ…ဒါတွေကိုယူပြီး ဘုရားပြင်ရမယ်ပေါ့..အဲဒီရည်ရွယ်ချက်ပဲနောက်ကျတော့ ဒီရည်ရွယ်ချက်က တစ်ဖြည်းဖြည်း ပျောက်လာတဲ့ သဘောပဲနော်… ဆိုပြီး ဆရာတော်ဘုရားကြီးက မိန့်တော်မူခဲ့ပါတယ်

ဒီလောက်ဆို ပရိသတ်ကြီးလည်း ဘာကြောင့် ဘုရားစေတီတည်တဲ့အခါ တန်ဖိုးရှိတဲ့ ဌာပနာ တွေ ထည့်သွင်းရသလဲ ဆိုတာကို နားလည်လောက်ပါပြီနော်မိတ်ဆွေတို့လည်း အလှူရေစက် လက်နဲ့ မကွာ လှူနိုင်တန်းနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်/ Source,popularpostn

Be the first to comment

Leave a Reply

Your email address will not be published.


*