ဘိလပ်မြေအိတ်တွေထမ်း ၊ အလုပ်ကြမ်းလုပ်ပြီး သမီးဖြစ်သူဘွဲ့ရတဲ့အထိ အားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့အဖေ

ကမ္ဘာပေါ်မှာသားသမီးအတွက် အလုပ်ကြိုးစားဆုံး၊အနစ်နာခံနိုင်ဆုံးသောသူတွေဆိုတာ မိဘနှစ်ပါးဖြစ်ကြောင်း ငြင်းလို့မရပါဘူး။ မိဘတွေက သားသမီးတွေရဲ့ဘဝအောင်မြင်တိုးတက်ဖို့အတွက် သူတို့ရဲ့ရှိသမျှခွန်အားတွေနဲ့ အကောင်းဆုံးပံ့ပိုးကူညီပေးကြတာပါ။

ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ယောက်ဟာလည်း ဆင်းရဲနွမ်းပါးပေမဲ့ သူ့ရဲ့သမီးဘွဲ့ရတဲ့အချိန်ထိ ဘိလပ်မြေအိတ်တွေထမ်းသယ်ကာ ငွေကြေးရှာဖွေပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊Sultan Kudarat ပြည်နယ်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ Mailyn Esquelito Akoy ဆိုတဲ့မိန်းကလေးဟာ သူမရဲ့အဖေကျေးဇူးကြောင့်အခုဆိုရင်ဘွဲ့ရသွားခဲ့ပါပြီ။သူမရဲ့အောင်မြင်မှုတွေအားလုံးက သူမရဲ့အလုပ်ကြိုးစားတဲ့အဖေကြောင့်ပါပဲတဲ့။

သူမတို့ဘဝအကြောင်းကိုလည်း အခုလိုပဲပြောပြခဲ့ပါတယ်။”Akoy လူမှန်းသိတတ်စအရွယ်တည်းက သူမတို့မိသားစုက ဆင်းဆင်းရဲရဲနေလာခဲ့ရတာပါ။ဆင်းရဲတဲ့အပြင် အိမ်ကမီးလောင်တဲ့အထဲပါသွားခဲ့တာကြောင့်ပိုပြီးခက်ခဲခဲ့ပါတယ်။

အိမ်လည်းမပြင်နိုင်ခဲ့လို့ မိုးတွေရွာတဲ့အချိန်မှာသူမတို့အိမ်ထဲက ပစ္စည်းတော်တော်များများဟာ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ဒါက သူမတို့ဘဝ ရဲ့အခက်ခဲဆုံးအချိန်မဟုတ်သးပါဘူး။သူမရဲ့အစ်ကိုအကြီးဆုံးဟာ နေမကောင်းပေမဲ့ဆေးရုံမပို့နိုင်တာကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီလိုငွေကြေးချို့တဲ့မှုကြောင့်ဘဝက ခက်ခဲပေမဲ့ Akoy ရဲ့အဖေကတော့ အကောင်းမြင်စိတ်သာထားရှိပြီး သူ့ရဲ့သမီးဖြစ်သူ Akoy အတွက်အလုပ်ကြိုးစားပြီးကျောင်းထားပေးခဲ့ပါတယ်။

Akoy ရဲ့အဖေက ဘိလပ်မြေအိတ်သယ်ပို့တဲ့အလုပ်ကို သူမဘွဲ့ရတဲ့အထိတိုင်အောင် နှစ်ပေါင်းများစွာလုပ်ပြီးငွေကြေး ရှာဖွေပေးခဲ့တာဖြစ်တယ်”လို့ပြောပြခဲ့ပါတယ်။

အခုတော့ Akoy က တက္ကသိုလ် ကနေ ဘွဲ့တစ်ခုရရှိခဲ့ပါပြီ။သူမရဲ့အဖေက အတန်းဖော်တွေရဲ့အဖေလို ရဲသား၊သင်္ဘောသား၊ဆရာဝန်၊ကျောင်းဆရာတွေမဟုတ်ပဲ ဘိလပ်မြေ သယ်ပို့တဲ့သူတစ်ယောက်ဖြစ်တာကို သူမကမရှက်တဲ့အပြင် ဂုဏ်ယူတယ်လို့လည်းပြောခဲ့ပါတယ်။

သူမဟာ သူမ အဖေ ရဲ့ရိုး သားကြိုးစားမှုအတွက် ကဗျာလေးတစ်ပုဒ်ရေးခဲ့ပြီးဖေ့ဘွတ်ခ်မှာတောင်တင်ခဲ့ပါသေးတယ်။

သူမရဲ့စာကိုဖတ်ရတဲ့သူတိုင်းက သူမရဲ့အဖေကိုရော၊ဆင်းရဲနွမ်းပါးပေမဲ့ပညာကြိုးစားတဲ့သူမကိုပါ ဂုဏ်ယူချီးကျူးစကားတွေများစွာပြောခဲ့ကြ တယ်လို့သိရပါတယ်။ Source,shwedailyonenews

Be the first to comment

Leave a Reply

Your email address will not be published.


*