အိမ် ကိုဆွမ်းခံကြွလာ တဲ့ ဦးခေါင်းထက် ၌ ဒက်ချေး.များများ နဲ့ ညစ်ပတ်တဲ့ ကိုရင်လေး ကိုကြည့်ပြီး အထင်သေးမိတဲ့အခါ

အိမ်ကိုဆွမ်းခံကြွလာတဲ့ ဦးခေါင်းထက်၌ ဒက်ချေး.များများနဲ့ ညစ်ပတ်တဲ့ကိုရင်လေးမို့ အထင်မသေးပဲ မိမိဒါနဆွမ်း စေတနာတွေ အလဟားသက်မဖြစ်သွားပါစေနဲ့…

ရဟန်းတွေလို သေသပ်မူ့မရှိ သန့်ရှင်းမူ့နဲ့မပြည့်စုံတဲ့ ခြေထောက်မည်းတူးတူး သင်္ကန်း ဖြစ်သလိုရုံထားတဲ့ ကိုရင်လေးမိမိ စေတနာသဒ္ဒါတရားနဲ့လောင်းတဲ့ ဘုံဆွမ်းလောင်း ဝင်မိတဲ့အခါ ညစ်ပတ်နေတာပဲဆိုပြီး အထင်သေးပြီး နှာခေါင်း မရှုံ လိုက်ပါနဲ့…

ဆွမ်းခံရင်း လမ်းပေါ်ဆော့သွားတဲ့ ကိုရင်ငယ်လေးကိုကြည့်ပြီး အပြစ်မပြောပဲ ငါ့သားလေးဆိုရင်လည်း ဒီလိုပဲ ဆော့မှာဆိုပြီး မိခင်နေရာယူပေးသွားပါ…

ကိုရင်ငယ်လေးမို့ အတန်းပညာတွေ မရှိသေးလို့ ဂုဏ် ပညာရေးတခုအတွက်နဲ့ ကိုရင်ငယ်လေးတွေကို အားရှိ ဆော့နေတာ စာကျမကျက်ဘူးဆိုပြီး အပြစ်တွေလိုက်မပြောကျပါနဲ့.အချိန်မတန်သေးလို့ပါ..

ကိုရင်ငယ်လေးရဲ့ ကြိုးစားမူ ကိုရင်ငယ်လေးရဲ့ အောင်မြင်မူ့ ကိုရင်ငယ်လေးရဲ့ မေတ္တာဓာတ်တွေက ဆရာတော်ကြီးဖြစ်သွားမှ မိမိစကားတွေ အမှတ်တမဲ့ကနေ အမှတ်တရ`နောင်တ’ တွေ ဖြစ်သွားလိမ့်မယ်….

မထေရ်ကြီး ဆရာတော်ကြီးတွေဆိုတာလည်း..ခေါင်းဒက်ချေးပေါက် ဖရုံဖရဲ ဝတ်ရုံတဲ့ ကိုရင်ငယ်လေးတွေကနေ ဖြစ်လာတာပါဗျာ…..။

ရုပ်ချော ရုပ်ဆိုး ပညာတတ် ပညာနည်း သန့်ရှင်း ညစ်ပတ်မရွေး..ကြည်ညိုနိုင်ကြပါစေ…..။

အရာရာတိုင်းကို တရားသေဟု မှတ်ယူမလိုက်ပါနဲ့…….။

..crd..
မူရင်းရေးသူ

Be the first to comment

Leave a Reply

Your email address will not be published.


*