ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေဆီကို ကားလေးတစ်စီးနဲ့ သွားရောက်ပြီး အခမဲ့ ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦး(အများသိအောင်ရှယ်ပြီးဂုဏ်ပြုပေးလိုက်ကြပါအုန်း)

ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေဆီကို ကားလေးတစ်စီးနဲ့ သွားရောက်ပြီး အခမဲ့ ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦး

ဒေါက်တာ နေစိုးမောင်က ရပ်ကွက်ထဲမှာရှိတဲ့ မရှိဆင်းရဲသားတွေဆီကို ကားလေးတစ်စီးနဲ့ သွာရောက်ပြီးတော့ ကိုယ်တိုင် ကိုယ်ကျ အခမဲ့ ဆေးကုသပေးနေတာပါနော်။

အသက်(၆၀) ကျော်ပင်စင်ယူပြီးတော့ အားလပ်ချိန်တွေမှာ အခုလို အလုပ်တွေလုပ်ပေးနေတာအလွန်လေးစားဘို့ကောင်းပါတယ်နော်။

သူကိုယ်တိုင်ကလဲ ကူညီပေးလို့ရတဲ့ပညာရှိနေခြင်းနဲ့ ငွေကြေးအတွက်စိတ်ပူရန်မလိုခြင်းအချိန်ပိုရှိနေခြင်းအပြင် စိတ်စေတနာကောင်းမွန်ခြင်း ငွေကြေးအရဘဲဖြစ်ဖြစ်အချိန်အရဘဲဖြစ်ဖြစ် ဆေးကုရန် ခက်ခဲနေသူများအပေါ်ကိုယ်ချင်းစာစိတ်ရှိခြင်း တွေကြောင့်ယခုလိုလုပ်နိုင်တာပါနော်။

ဘဝကိုခက်ခဲပင်ပန်းစွာဖြတ်သန်းရင်းနဲ့ မိသားစုအတွက်အလုပ်တွေလုပ်နေရလို့ မိမိကျန်းမာရေးကို အလေးမပေးနိုင်သူများအတွက်တော့ တန်ဘိုးအလွန်ရှိလှပါတယ်နော်။ဘဝမှာပြည့်စုံတယ်ဆိုတာ ငွေကြေးချမ်းသာတာထက်ကို ဒါမျိုးလုပ်ပေးနိုင်သူများကိုဆိုလိုတယ်လို့ထင်ပါတယ်နော်။

ဆေးခန်းကို ကားပေါ်တင်၊ ကားဝင်လို့ရတဲ့ ပျံကျ ရပ်ကွက်တွေကို သွားပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊ ဆေးပေးခန်း မလာနိုင်တဲ့ လူနာတွေကို အခမဲ့ ဆေးကုသပေးဖြစ်ခဲ့ပါတယ်နော်။

စမ်းသပ်ကြည့်ရှုပြီးတော့ ဆေးရုံလွှဲဖို့ လိုတဲ့သူတွေကိုလည်း လှိုင်သာယာဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ကလေးဆေးရုံ တို့ကို ညွှန်းပို့ လွှဲပေးခဲ့ပါတယ် လို့ ဒေါက်တာ နေစိုးမောင်က ပြောကြားခဲ့တာပါ။လေးစားစရာကောင်းတဲ့ ဆရာဝန်တစ်ဦးဘဲဖြစ်ပါတယ်ဗျာ။

..crd..

Be the first to comment

Leave a Reply

Your email address will not be published.


*