ကား အက်ဆီးဒင့် ဖြစ်လို့ ဆေးရုံတင် ထားရတဲ့ ဆမ်မြူရယ် အီတူး
ကင်မရွန်း အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး ဆမ်မြူရယ် အီတူးဟာ ဒီညနေ့မှာပဲ သူ့ရဲ့ မွေးရပ်မြေမှာ ကားအက်ဆီးဒင့် ဖြစ်လို့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
ကင်းမရွန်း နိုင်ငံ Nkogsamba ဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၊ မင်္ဂလာပွဲ တစ်ခုကနေ အိမ်ကို ပြန်လာစဉ်မှာ ၊ ဘတ်စ်ကား တစ်စီးက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဓါတ်ပုံတွေ အရ အီတူးရဲ့ ကား ရှေ့ပိုင်းဟာ လုံးဝကို ကြေမွသွားခဲ့ပြီး ၊ ဝင်တိုက်တဲ့ ပုံစံက တော်တော်လေး ပြင်းထန်ဖွယ်ရှိနေတယ်လို့ ယူဆရပါတယ်။ ကံကောင်းတာ တစ်ခုက အဲဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာတောင် ၊ အသက် သေဆုံးမှု တစ်စုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြင်သစ်က ဖော်ပြနေတဲ့ သတင်းတွေမှာတော့ ဘောလုံးသမားဟောင်းကြီးမှာ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် ဆေးဝါးကုသမှုတွေတောင်ကို ခံယူသွားရမယ်လို့ ဆိုပါတယ်။
..အားကစားသတင်းများ..
..(ply)..
Leave a Reply