Soupport Kingလို့ခေါ်တဲ့အိုဇေးရဲ့ ရိုနယ်ဒိုအပေါ်မြင်တဲ့ထင်မြင်ချက်

sports

လူတွေက ကျနော့်ကို ‘King of Assists’ လို့ သတ်မှတ်ကြတယ်။ ဒီအခေါ်အဝေါ်ကို ကျနော် သဘောကျပါတယ်။ ရှင်းပြစရာတစ်ခုက ဂိုးဖန်တီးမှုတစ်ကြိမ်ရဖို့ဆိုတာ ဂိုးတစ်ကြိမ်သွင်းလို့ ရတာလေ။ ကျနော် ဖန်တီးပေးတဲ့ဂိုးတွေကို ရော်နယ်ဒိုသာ အကောင်းဆုံး အဆုံးမသတ်နိုင်ရင် ကျနော့်ကိုလည်း ဒီလိုခေါ်ကြမှာမဟုတ်ပါဘူး။

ရော်နယ်ဒိုက ကျနော့်ကို အဝတ်လဲခန်းထဲမှာ အမြဲပြောတယ်။ “ကစားပုံမကောင်းရင်တောင် မင်းဆီက ဘောလုံး ငါ့ပြေးလမ်းကြောင်းထဲရောက်လာတာနဲ့ ငါ ဂိုးရအောင်သွင်းပေးမယ်” တဲ့။ အစကတော့ ဒီလူ ယုံကြည်မှုလွန်ကဲနေတယ် ထင်တာပေါ့။ နောက်မှ အပြောချည်းပဲမဟုတ်တာသိရတယ်။ တခါတလေတော့လည်း ကျနော်အားနေတဲ့အချိန်ဆို Youtube ကနေ ရီးယဲလ်မှာကစားခဲ့တဲ့ highlights တွေပြန်ကြည့်တော့ ဒီလူဟာ ငါ့ကို ဒီလိုနေရာရောက်လာအောင် သူ့ဂိုးတွေနဲ့ပြန်ပြီးကူညီပေးခဲ့တာပါလားလို့တောင် တွေးမိပါသေးတယ်။

– Mesut Ozil

Leave a Reply

Your email address will not be published. Required fields are marked *